ဟနွိုင်း .ဟာလောင်း .ဒါနန်း .ဟွေ့အန်း.ဘန်နာဟေး ခရီးစဉ်
ခရီးစဉ် ထွက်ခွါမည့် ရက်
👉 23 Oct - 28 Oct, 2026 (6D/5N)
👉 20 Nov - 25 Nov, 2026 (6D/5N)
👉 25 Dec - 30 Dec, 2026 (6D/5N)
👉 28 Dec 2026 - 02 Jan, 2027 (6D/5N)
ခရီးစဉ် ဈေးနှုန်း
လူကြီးတစ်ဦးလျှင် - USD 1150
Day 1 ရန်ကုန် - ဟနွိုင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဥ် 8M450 (17:50/20:20)ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Nội Bài အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညစာသွားရောက်သုံးဆောင်နိုင်ရန် စားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟနွိုင်းမြို့ရှိ ဟိုတယ်တွင် Check-In ဝင်ရောက်ပြီး အိပ်စက်အနားယူပါမည်။
Day 2 ဟနွိုင်း
မနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့တွင်းလည်ပတ်ခြင်းအစီအစဥ်ဖြင့် စတင်ပါမည်။ ဗီယက်နမ်နိုင်ငံ၏ ရှေးအကျဆုံး ဘုရားကျောင်း တစ်ခုဖြစ်သော Tran Quoc Pagoda တို့ကို သွားရောက် ဖူးမြော်မည် ဖြစ်ပါသည်။ ထို့နောက်ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးသော တက္ကသိုလ် (Temple of Literature) သို့ သွားရောက်လေ့လာပြီးနောက်၊ ဗီယက်နမ်လူမျိုးတို့၏ နိုင်ငံ့ခေါင်းဆောင်ဟိုချီမင်းမှ လွတ်လပ်ရေး ကြေငြာစာတမ်း ဖတ်ကြားခဲ့သော နေရာဖြစ်ပြီး ဟိုချီမင်းအထိမ်းအမှတ် အုတ်ဂူတည်ရှိရာ Ba Dinh ရင်ပြင်သို့ သွားရောက်လေ့လာပါမည်။ ဆက်လက်၍ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသော တိုင်တစ်လုံး ဘုရားကျောင်းတော် (One Pillar pagoda) တို့ကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာကို ဟင်းပွဲအမျိုးပေါင်း (၂၀၀) ရှိသော Sen Tây Hồ ဘူဖေးကို သွားရောက်သုံးဆောင်ကြပါမည်။ ဆက်လက်၍ Lei Loi မင်းဆက်လက်ထက်တွင် ဓားတော်ပြန်ပေးသောရေကန်ဟု ခေါ်ဆိုကြသော “Hoan Kiem Lake” နှင့် “Thu Huc Bridge” သို့လည်ပတ်ကြပါမည်။ ဆက်လက်၍ လက်ဆောင်ပစ္စည်းများဝယ်ယူရန်နှင့် ရိုးရာအိမ်များ၊ ဆိုင်ခန်းများ၊ ကော်ဖီဆိုင်များ၊ ဈေးဆိုင်များတွင် လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ်ထွက်ရန် ဟနွိုင်းမြို့၏ အချက်အချာတွင်ရှိသော Old Quarter သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ညစာကို Local Restaurant တွင် အရသာရှိစွာ သွားရောက်သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
Day 3 ဟနွိုင်း-ဟာလောင်း
ဟိုတယ်မှ Check Out ပြုလုပ်ပြီးနောက် ဗီယက်နမ် အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း ပြည်နယ် တစ်ခုဖြစ်သော 173 ကီလိုမီတာ အကွာအဝေးတွင်ရှိသော (ကားမောင်းချိန် ၃ နာရီခန့်) Quang Ninh သို့ ထွက်ခွာပါမည်။ ရာနှင့်ချီသော ထုံးကျောက်ကျွန်းများနှင့် လှပသော Ha Long ပင်လယ်အော်သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Ha Long ပင်လယ်အော်တွင်း သင်္ဘောပေါ်တွင် အရသာရှိစွာသုံးဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် ကြွယ်၀သော ဒဏ္ဍာရီများနှင့် လှိုဏ်ဂူအတွင်းလှပသော ကျောက်ခတ်၊ ကျောက်ဆွယ်များကို ဒဏ္ဍာရီဆန်ဆန်ပုံစံများဖြင့်တွေ့မြင်ရပါမည်။ ဆက်လက်ပြီး ပင်လယ်အော်၏ အလှအပများကို သင်္ဘောစီးရင်း ကြည့်ရှုခံစားကြပါမည်။ ညစာအား local restaurant တွင်သုံးဆောင်ပြီး ဟာလောင်းမြို့ရှိ ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူကြပါမည်။
Day 4 ဟာလောင်း - ဒါနန်း - ဟွေ့အန်း - ဒါနန်း
မနက်စာကို အရသာရှိစွာသုံးဆောင်ပြီးနောက် Cat Bi အပြည်ပြည်ဆိုင်ရာ ပြည်တွင်းလေဆိပ်သို့ပို့ ဆောင်ပေး မည်ဖြစ်ပြီး ဒါနန်းလေဆိပ်သို့ ထွက်ခွာပါမည်။ ပြည်တွင်းလေကြောင်းလိုင်း Vietnam Airlines VN-1671 (11:15/12:35) ဖြင့် ဒါနန်းလေဆိပ်သို့ပျံသန်းရောက်ရှိပါမည်။ (ပြည်တွင်းလေယာဥ်ချိန်မှာ အနည်းငယ်အပြောင်းအလဲရှိပါမည်) ဒါနန်းလေဆိပ်တွင် ဒေသခံ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီး ဟွေအန်းမြို့သို့ ဆက်လက်လည်ပတ်ကြပါမည်။ လမ်းခရီးတွင် ဟွေ့အန်းမြို့ဟောင်းအရှေ့ဘက်ရှိ Cam THANH Coconut Village သို့သွားရောက် လည်ပတ်ပါမည်။ ပင်လယ်အုန်းတို့ဖြင့် အစီအရီလှပလွန်းသော တူးမြောင်းအတွင်း ခြင်းတောင်းလှေငယ်လေးများဖြင့် သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ယဥ်ကျေးမှု အမွေအနှစ် မြို့တော်ဖြစ်သည့် ဟွေ့အန်းရှေးဟောင်းမြို့တော်၏ အထင်ကရ နာမည်ကြီးသော သမိုင်းဝင်တံတားတစ်ခုဖြစ်သည့် Japan-Covered Bridge သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟွေ့အန်းမြို့ရှိ Chinese Assembly Halls နှင့် ၁၈ရာစုက ဆောက်လုပ်ထားသော ဗီယက်နမ် ရိုးရာ အဆောက်အဦးများကို သွားရောက်လေ့လာ အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ ဟွေ့အန်းမြို့ရှိ “Night Market” တွင် ပျော်ရွှင်စွာစျေးဝယ်ထွက်ပြီးဟွေ့အန်းမြို့ရှိ လှပသော စမ်းချောင်းလေးအတွင်း လှေငယ်လေးများကို စီးပြီး မီးပုံးလေးများဖြင့် ဓါတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ကြပါမည်။ ထို့နောက် ဒါနန်းသို့ ပြန်လည်ထွက်ခွာကာ ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူကြမည်ဖြစ်ပါသည်။
*** Vietname Airline သည် ၂၀ ကီလိုသာရရှိပါမည်။***
Day 5 ဒါနန်း - ဘန်နာဟေး - ဒါနန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အမှတ်တရဓါတ်ပုံရိုက်ကူးရန် ဦးစွာ Dragon Bridge သို့ပို့ဆောင်ပေးပါမည်။ ဒါနန်းမြို့၏ အနောက် တောင်ဘက်ကီလိုမီတာ (၄၀) ဝန်းကျင်အတွက် တည်ရှိသော ဘာနာတောင်ကုန်းသို့ သွားရောက်လည်ပတ်ပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၁၄၈၇)မီတာ အမြင့်တွင်ရှိပြီး Cable ဖြင့်တက်ရောက်ကာ လမ်းတလျောက်တွင် ရေတံခွန်များ၊ စိမ်းလန်းနေသော တောတောင်များ၏ သဘာဝအလှကိုကြည့်ရှုခံစားနိုင်ပါမည်။ တောင်ပေါ်သို့ ရောက်ရှိပါက ပြင်သစ် ပုံစံတည်ဆောက်ထားသောအဆောက်အအုံများ၊ ရဲတိုက်များနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ Fantasy Park အတွင်းရှိ သတ်မှတ်ထားသော ပျော်ရွှင်ဖွယ်ကစားနည်းမျိုးစုံကို လွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ပါသည်။ ထို့နောက် ဒါနန်းတွင် အသစ်ဖွင့်လှစ်ထားသော လက်ချောင်းတံတား ခေါ် Golden Bridge သို့သွားရောက်ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ Bana Hillတောင်ပေါ်တွင် နေ့လည်စာဘူဖေးသုံးဆောင်ပါမည်။ နေ့လည်ခင်းတွင် ဘာနားဟေးတောင်ပေါ်မှ ပြန်လည်ထွက်ခွာလာပြီး Dragon Bridge, Love Bridge, Dragon Fish Statue တို့ကို သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ညစာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ကြပြီး ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။
Day 6 ဒါနန်း- ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ပြီး Linh Ung Pagoda - ကွမ်ရင်မယ်တော်ရုပ်ထုရှိရာ သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် လှပသောဗိသုကာ လက်ရာများဖြင့်တည်ဆောက်ထားသော “ Son Tra Marina” ကော်ဖီဆိုင်လေးသို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ရန် စားသောက်ဆိုင်သို့ ထွက်ခွာပါမည်။ နေ့လည်စာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ပြီးနောက် “AEON Mall” တွင် လွတ်လပ်ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် သတ်မှတ်ထားသောအချိန်တွင် စုရပ်မှ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းခရီးစဥ် 8M455 (20:00/21:30) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
( 3*) ဟိုတယ်တွင် ( 5 ) ညတည်းခိုခွင့်
ရန်ကုန်မှ အသွားအပြန် ရိုးရိုးတန်း လေယာဥ်လက်မှတ်ခ
ပြည်တွင်းလေယာဥ်လက်မှတ်ခ
ဖော်ပြထားသော ခရီးစဉ်ပါ မနက်စာ/နေ့လည်စာ / ညစာ
ခရီးစဉ်တစ်လျှောက် Private Car
ဖော်ပြထားသော ဝင်ကြေးများ
ဒေသခံဧည့်လမ်းညွှန်
Compulsory Tipping for tour guide & driver
ရေသန့် တစ်နေ့ (၂)ဗူး
ခရီးသွားအာမခံ
ခရီးစဥ်တွင် မဖော်ပြထားသောနေရာများနှင့် ဝင်ကြေးများ
ခရီးစဥ်တွင် မပါဝင်သော အစီအစဥ်များ၊ ညပွဲများစသဖြင့် လည်ပတ်ခြင်းများ အတွက် အပိုကုန်ကျ စရိတ်များ
ဟိုတယ်များတွင် Mini-Bar၊ အခပေးရုပ်သံ (Pay TV) နှင့်တယ်လီဖုန်းအသုံးပြုခစရိတ်များ၊
အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊ အဖျော်ယမကာခများ၊ ဟိုတယ်တွင်အဝတ်လျော်ခများစသဖြင့်)
ပြည်တွင်း/ပြည်ပလေယာဥ်များတွင်ဝန်ပိုတန်ဆာခများ၊
ဖော်ပြမထားသောအစားအသောက်စရိတ်များ၊
ခရီးစဥ်တွင်ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ
ခရီးစဥ်စျေးနှုန်းသည် လူဦးရေ (၁၅)ဦး အခြေခံထားသောကြောင့် သတ်မှတ်ထားသော လူဦးရေပြည့်မှသာခရီးစဥ်ထွက်ရှိမည်ဖြစ်ပါသည်။