ခရီးစဉ် ထွက်ခွါမည့် ရက်
👉 24-29 Oct 2026(6D/5N)
👉 22-27 Nov 2026 (Fully Booked)
👉 30 DEC 2026 - 04 JAN 2027(6D/5N)
ခရီးစဉ် ဈေးနှုန်း
လူကြီး - USD 995
ကလေး - USD 880 (အိပ်ယာမပါ)
Day 1 ရန်ကုန် - ကွာလာလမ်ပူ (8M-501 06:50-11:05)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် (၄:၃၀) နာရီထက် နောက်မကျပဲ အရောက်လာရမည်ဖြစ်ပြီး လေကြောင်းကောင်တာတွင် Check-in ဝင်ရောက်ကာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M-501 06:50-11:05)ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ကွာလာလမ်ပူမြို့တော်အတွင်းရှိ အထင်ကရ နေရာများဖြစ်သော ကြီးကျယ်ခမ်းနားသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော လွှတ်တော်အဆောက်အဦး၊ မလေးရှားနိုင်ငံ၏ အမျိုးသားသင်္ကေတ လွတ်လပ်ရေး အထိမ်းအမှတ်ရင်ပြင်နှင့် ဘုရင့်နန်းတော် တို့ကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် ကမ္ဘာအမြင့်ဆုံး ရုံးခန်းများတည်ရှိရာ အမွှာမျှော်စင်ခေါ် Petronas Twin Tower နောက်ခံ အမှတ်တရဖြင့် ဓါတ်ပုံရိုက်ကူးကြပါမည်။ အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီးနောက် ဈေးဝယ်ရန် The Exchange TRX Mall သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်စွာ ဈေးဝယ်ကြပါမည်။ ညစာသုံးဆောင်ရန် ဒေသဆိုင်ရာစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဟိုတယ် Check In ဝင်ရောက်ကာ တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 2 KL - Batu Cave - Genting Highland - KL
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက မလေးရှားနိုင်ငံ၏ ထွက်ကုန်ဖြစ်သော ချောကလက်အရသာ အမျိုးမျိုးတို့ကို မြည်းစမ်းရင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူရန် Chocolate Shop သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး တရုတ်ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်သော Thean Hou ဘုရားကျောင်းတွင် မလေးရှားနိုင်ငံ၏ ဗိသုကာလက်ရာများကို ကြည့်ရှုခံစားကြပါမည်။ ဆက်လက်၍ ခရီးသွားများ အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်သည့် ဟိန္ဒူ ဘုရားရှိခိုးကျောင်း ဟုလည်း နာမည်ကြီးသည့် Batu Cave Hindu Temple ကို သွားရောက် လည်ပတ်မှာဖြစ်ပါသည်။ ဟိန္ဒူရိုးရာဘာသာ ကိုးကွယ်မှုတစ်ခုဖြစ်ပြီး လှိုင်ဂူအတွင်းရှိ နတ်ဘုရားမရုတ်တု Murugan ရှိရာသို့ လှေကားထစ်ပေါင်း ၂၇၂ ထစ်ကို တက်ရောက်ပြီး သွားရောက်လေ့လာနိုင်ပါသည်။ အပေါ်ထိ ဝင်ရောက်လေ့လာရန် အခက်အခဲရှိသူများအနေဖြင့် ဂူအဝင်ဝရှိ မတ်ရပ်ရွှေရောင်ရုပ်တုကြီးဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ပါသည်။ ထို့နောက် တောင်ပေါ်ကစားကွင်းများနှင့် Casino များတည်ရှိရာ Genting Highlands သို့ သွားရောက်လည်ပါတ်ပါမည်။ တောင်ပေါ်သို့ Cable Car ဖြင့် တက်ရောက်ရမည်ဖြစ်ပြီး Sky Avenue အတွင်းရှိ စုံလင်လှသော စျေးဆိုင်များ၊ Indoor, Outdoor Amusement Park နှင့် ကစားကွင်းများ၊ water park များစွာကို ဧည့်သည်တော်များ စိတ်ကြိုက် အပန်းဖြေနိုင်ပါသည်။ သတ်မှတ်ချိန်တွင် စုရပ်မှထွက်ခွာလာပြီး ကွာလာလမ်ပူမြို့သို့ ပြန်လည်မောင်းနှင်ကာ ညစာသုံးဆောင်၍ ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။
Day 3 ကွာလာလမ်ပူ - ကမ်မရွန်းဟိုင်းလန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကွာလာလမ်ပူမြို့တော်မှ (၂၀၄) ကီလိုမီတာအကွာတွင် တည်ရှိသော တောင်ပေါ်မြို့လေးဖြစ်သော Cameron Highlands သို့ ထွက်ခွာပါမည်။ တောတောင်သဘာဝ အလှတရားများကို ရင်သပ်ရူမောဖွယ် တောင်တန်းတွေနှင့် အတူ လတ်ဆတ်သောလေ သဘာဝရူခင်း ဓါတ်ပုံရိုက်ရန် အကောင်းဆုံး နေရာဖြစ်ပြီး Strawberry Farms နှင့် သီးနှံစိုက်ခင်းတို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက အေးချမ်းလှသော တောင်ပေါ်မြို့၏ ညနေခင်းတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ပေါများခြင်းကြောင့် ခရီးသွားများအကြား နာမည်ကြီးသည့် Kea Farm Market သို့ ပို့ဆောင်ပေးပါ့မည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် Check-in ဝင်ရောက်ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 4 Cameron Highlands – Ipoh – Penang
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက တောင်ပေါ်လ္ဘက်စိုက်ခင်းတို့ကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ထို့နောက် ပန်းမျိုးစုံတို့ဖြင့် လှပလွန်းသော Flora Park Cameron Highlands သို့ ဝင်ရောက်လည်ပါတ်ပါမည်။ ရောင်စုံဖူးပွင့်နေသော ပန်းခင်းတို့ဖြင့် အလှဓါတ်ပုံ ရိုက်ကူးပြီးပါက နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Cameron Highland မှ ကီလိုမီတာ (၉၀) ခန့်အကွာတွင် တည်ရှိသော အီပို့မြို့သို့ ကားဖြင့်ဆက်လက် ထွက်ခွာပါမည်။ ကားမောင်းချိန် (၂း၀၀) နာရီခန့် ကြာမြင့်မည်ဖြစ်ပါသည်။ အီပို့မြို့သို့ရောက်ရှိပါက သမိုင်းဝင် အီပိုးဘူတာရုံ၊ မြို့တော်ခန်းမ၊ အီပိုးမြို့ဟောင်းနှင့် ရောင်စုံနံရံဆေးရေးပန်းချီများခြယ်သထားသော Concubine Lane တို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက်(၁၆၀) ကီလိုမိတာအကွာတွင် တည်ရှိသော ပီနန်းမြို့သို့ နံမည်ကျော် ပီနန်းတံတား (သို့) 2ndPenang Bridge ကို ဖြတ်သန်းပြီး ပီနန်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ကားမောင်းချိန် (၂း၃၀) ခန့် ကြာမြင့်မည်ဖြစ်ပါသည်။ ပီနန်းမြို့သို့ ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် Check-in ဝင်ရောက်ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 5 Penang
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသော George Town တွင် စတင်လည်ပတ်ပါမည်။ ဆက်လက်၍ ရှေးဟောင်းတရုတ်ကျေးရွာများဖြစ်ပြီး ရေပေါ်တွင် တည်ဆောက်ထားသော အိမ်များတည်ရှိရာ Clan Jetty တို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Queen Victoria တည်ထားခဲ့သော အလျား ၃၃ မီတာရှည်လျားသည့် ထိုင်းဗုဒ္ဓဘာသာဘုရားကျောင်း Wat Chayamangkalaram နှင့် နှစ်ပေါင်း ၂၂၀ ကျော်သက်တမ်းရှိသော ပီနန်းပြည်နယ်၏ အစောဆုံး ဗမာဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် Dhammikarama Burmese Temple တို့ကို ဖူးမြော်လည်ပတ်ကြမည်ဖြစ်ပါသည်။ နေ့လယ်ပိုင်းတွင် နံရံဆေးရေးပန်းချီများ၊ ကော်ဖီဆိုင်လေးများ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်လေးများကြောင့် ကျော်ကြားသော Armenian Street တွင်ဓာတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀ အမြင့်တွင် တည်ရှိသော Penang Hill သို့ Funicular Cable Car ဖြင့် တက်ရောက်ပြီး ပီနန်းမြို့နှင့်ပင်လယ်အလှကို တောင်ပေါ်မှ ကြည့်ရှုခံစားကြပါမည်။ ညနေပိုင်းတွင် ပီနန်းမြို့၏ အမြင့်ဆုံးအဆောက်အဦးဖြစ်သည့် Top Komtar Mall တွင် ဈေးဝယ်ရန်အချိန်ပေးပါမည်။ ဒေသဆိုင်ရာစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာအနားယူကြပါမည်။
Day 6 Penang - Yangon
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Check out ပြုလုပ်ပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ အလှပဆုံး ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုဖြစ်သည့် Kek Lok Si Temple သို့သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် George Town ၏ သမိုင်းဝင်နယ်မြေတစ်ခုဖြစ်သော ရှေးအကျဆုံးအစ္စလာမ်ဘာသာရေး အဆောက်အအုံ Kapitan Keling Mosque သို့လေ့လာလည်ပတ်ပါမည်။ ဆက်လက်၍ George Town မြို့၏နှလုံးသားဖြစ်သော ယဉ်ကျေးမှုမျိုးစုံရောယှက်နေသည့် little India and Harmony Street သို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ပီနန်းရှိအကြီးဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်သော Queens Bay Mall တွင် Last Minute Shopping ပြုလုပ်ကြပါမည်။ သတ်မှတ်ချိန်တွင် စုရပ်မှ ပြန်လည်ထွက်ခွာလာပြီး ပီနန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး MAI လေကြောင်းကောင်တာတွင် Check-in ဝင်ရောက်ကာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M-506 19:15-19:45) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။
ရန်ကုန် - ကွာလာလမ်ပူ // ပီနန် - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ် (ကီလို ၃၀)
ဟိုတယ်တွင် တည်းခိုခန်းခ (တစ်ခန်းလျှင် ၂ ဉီးနှုန်း)
(တစ်ယောက်ထဲသီးသန့်နေလို့ပါက USD 150 အပိုကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။)
3.ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
4.ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများ
5.ပို့ဆောင်ရေးအစီအစဉ်များ
6.မြန်မာနိုင်ငံမှ အုပ်စုခေါင်းဆောင်
7.ဒေသဆိုင်ရာဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် အပိုဆုကြေးများ
ခရီးစဥ်တွင် မပါဝင်သောအစီအစဥ်များ၊ ညပွဲများစသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ
ဟိုတယ်များတွင် Mini-Bar၊ အခပေးရုပ်သံ (Pay TV) နှင့်တယ်လီဖုန်းအသုံးပြုခစရိတ်များ၊
အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊ အဖျော်ယမကာခများ၊ ဟိုတယ်တွင်အဝတ်လျော်ခများစသဖြင့်)
ပြည်တွင်း/ပြည်ပလေယာဥ်များတွင်ဝန်ပိုတန်ဆာခများ၊
ဖော်ပြမထားသောအစားအသောက်စရိတ်များ၊
ခရီးစဥ်တွင်ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ