ခရီးစဉ် ထွက်ခွါမည့် ရက်
👉 21 - 24 Aug 2026
👉 25 – 28 Sep 2026
👉 23 - 26 Oct 2026
👉 20 - 23 Nov 2026
ခရီးစဉ် ဈေးနှုန်း
လူကြီးတစ်ဦးလျှင် - USD 770
ဒီဇင်ဘာလ အတွက် လူကြီးတစ်ဦးလျှင် - USD 790
ကလေး ၈ နှစ်အောက် အိပ်ရာပိုမပါ - USD 650
Day 1 ရန်ကုန် - ဒါနန်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဥ် (8M-454 16:30/19:00) ဖြင့်ဗီယက်နမ်နိုင်ငံ ဒါနန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် ပထမဦးစွာ ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဒါနန်းမြို့ရှိဟိုတယ်တွင် Check-In ဝင်ရောက်ပြီး အိပ်စက်အနားယူပါမည်။
Day 2 ဒါနန်း - ဘာနာတောင်ကုန်း
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဒါနန်းမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ (၄၀) ဝန်းကျင်အကွာတွင် တည်ရှိသော ဘာနာတောင်ကုန်းသို့ သွားရောက်လည်ပတ်ပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၁၄၈၇)မီတာ အမြင့်တွင်ရှိပြီး Cable ဖြင့်တက်ရောက်ကာ လမ်းတလျောက်တွင် ရေတံခွန်များ၊ စိမ်းလန်းနေသော တောတောင်များ၏ သဘာဝအလှကိုကြည့်ရှုခံစားနိုင်ပါမည်။ တောင်ပေါ်သို့ ရောက်ရှိပါက ပြင်သစ် ပုံစံတည်ဆောက်ထားသောအဆောက်အအုံများ၊ ရဲတိုက်များနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ Fantasy Park အတွင်းရှိ ပျော်ရွှင်ဖွယ်ကစားနည်းမျိုးစုံကိုလွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ပါသည်။ ထို့နောက် ဒါနန်းတွင် အသစ်ဖွင့်လှစ်ထားသော လက်ချောင်းတံတား ခေါ် Golden Bridgeသို့သွားရောက်ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ Bana Hillတောင်ပေါ်တွင် နေ့လည်စာဘူဖေးသုံးဆောင်ပါမည်။ နေ့လည်ခင်းတွင် ဘာနားဟေးတောင်ပေါ်မှ ပြန်လည်ထွက်ခွာလာပြီး Dragon Bridge, Love Bridge, Dragon Fish Statue တို့ကို သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက်ညစာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ကြပါပြီး ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။
Day 3 ဒါနန်း - ဟွေအန်း - ဒါနန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Marble Mountain ကျောက်တုံးတောင်သို့သွားရောက်လည်ပတ်ကာ တောတောင်ရေမြေသဘာဝနှင့် လှိုဏ်ဂူများ၏အလှကို ရှုစားကြမည်ဖြစ်ပါသည်။ ထို့နောက် ဟွေအန်းမြို့သို့ ဆက်လက်လည်ပတ်ကြပါမည်။ လမ်းခရီးတွင် ဟွေ့အန်းမြို့ဟောင်းအရှေ့ဘက်ရှိ Cam THANH Coconut Village သို့သွားရောက် လည်ပတ်ပါမည်။ ပင်လယ်အုန်းတို့ဖြင့် အစီအရီလှပလွန်းသော တူးမြောင်းအတွင်းခြင်းတောင်း ခြင်းတောင်း လှေငယ်လေးများဖြင့် သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ယဥ်ကျေးမှု အမွေအနှစ် မြို့တော်ဖြစ်သည့် ဟွေ့အန်းရှေးဟောင်းမြို့တော်၏ အထင်ကရ နာမည်ကြီးသော သမိုင်းဝင်တံတားတစ်ခုဖြစ်သည့် Japan-Covered Bridge သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟွေ့အန်းမြို့ရှိ Chinese Assembly Halls နှင့် ၁၈ရာစုက ဆောက်လုပ်ထားသော ဗီယက်နမ် ရိုးရာ အဆောက်အဦးများကို သွားရောက်လေ့လာ အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ ဟွေ့အန်းမြို့ရှိ “Night Market” တွင် ပျော်ရွှင်စွာစျေးဝယ်ထွက်ပြီး ဟွေ့အန်းမြို့ရှိ လှပသော စမ်းချောင်းလေးနံဘေးတွင် မီးပုံးလေးများဖြင့် ဓါတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် သုံးဆောင်ကြပြီး ဒါနန်းသို့ ပြန်လည်ထွက်ခွာကာ ဟိုတယ်တွင် အိပ်စက်အနားယူကြမည်ဖြစ်ပါသည်။
Day 4 ဒါနန်း - ရန်ကုန်
ဟိုတယ်တွင် မနက်စာသုံးဆောင်ကြပြီးနောက် Linh Ung Pagoda ကွမ်ရင်မယ်တော်ရုပ်ထုရှိရာ သို့သွားရောက်လည်ပတ်ကြပါမည်။ လမ်းခရီးတွင် My Khe Beach သို့ ဝင်ရောက်လည်ပတ်ပြီး လှပသောဗိသုကာ လက်ရာများဖြင့်တည်ဆောက်ထားသော “Son Tra Marina” ကော်ဖီဆိုင်လေးသို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ရန် စားသောက်ဆိုင်သို့ ထွက်ခွာပါမည်။ နေ့လည်စာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ပြီးနောက် “AEON Shopping Mall” တွင်လွတ်လပ်ပျော်ရွှင်စွာစျေးဝယ်ထွက်ကြပါမည်။ ထို့နောက် သတ်မှတ်ထားသောအချိန်တွင် စုရပ်မှ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းခရီးစဥ် 8M455 (20:00/21:30) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်တွင် ( 3 ) ညတည်းခိုခွင့်
ရန်ကုန်မှ အသွားအပြန် ရိုးရိုးတန်း လေယာဥ်လက်မှတ်ခ
ဖော်ပြထားသော ခရီးစဉ်ပါ မနက်စာ/နေ့လည်စာ / ညစာ
ခရီးစဉ်တစ်လျှောက် Private Car
ဖော်ပြထားသော ဝင်ကြေးများ
ဒေသခံဧည့်လမ်းညွှန်
မြန်မာတိုးလီဒါ
ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် အပိုဆုကြေးများ
ရေသန့် တစ်နေ့ (၂)ဗူး