ခရီးစဉ် ထွက်ခွါမည့် ရက်
👉 24-29 Oct 2026(6D/5N)
👉 22-27 Nov 2026 (Fully Booked)
👉 30 DEC 2026 - 04 JAN 2027(6D/5N)
ခရီးစဉ် ဈေးနှုန်း
လူကြီးတစ်ဉီးလျှင် - USD 1,100 per person (တစ်ခန်းလျှင် ၂ ဦးနှုန်း)
(မိမိတစ်ဦးထဲ တစ်ခန်းသီးသန့် တည်းခိုလိုပါက USD 200 ထပ်မံပေးဆောင်ရမည် ဖြစ်ပါသည်)
Day 1 ရန်ကုန် - ကွမ်ကျိုး
ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ နံနက် (ရး၃၀) အရောက်လာရမည်ဖြစ်ပြီး တိုးဒီမြန်မာ၏ အုပ်စုခေါင်းဆောင်မှ ခရီးဦးကြိုပြုပါမည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M-711 08:40-13:15) ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ ကွမ်ကျိုးမြို့သို့ ရောက်ရှိပါက အဆာပြေသုံးဆောင်ပြီးနောက် ကွမ်ကျိုးမြို့ ကျက်သရေဆောင် ကွမ်ကျိုးတာဝါသို့ သွားရောက်လည်ပတ်ပါမည်။ ၁၀၈ လွှာရှိ Observation Deck မှ ပုလဲမြစ် ဖြတ်သန်းစီးဆင်းနေသော ကွမ်ကျိုးမြို့အလှကို အပေါ်စီးမှ ကြည့်ရှုခံစားကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Check-in ဝင်ရောက်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 2 ကွမ်ကျိုး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ခေတ်မှီအဆောက်အဦးသစ်များဖြင့် လှပလွန်းသော ကွမ်ကျိုးမြို့လယ်ရှိ Flower City Square သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ကွမ်းကျိုးတာဝါ၊ ဂွမ်ဒေါင်းပြတိုက်နှင့် ကွမ်ကျိုးအော်ပရာပြဇာတ်ရုံ နောက်ခံတို့ဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဈေးဝယ်ရန် အကောင်းဆုံးလမ်းမတစ်ခုဖြစ်သော ပေကျင်းလမ်းမသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ကြပါမည်။ ပေးကျင်းလမ်းမရှိ မီးရောင်စုံထွန်းညှိထားသော Da-Fo ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး ဈေးဝယ်ရန် အချိန်ပေးပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
Day 3 ကွမ်ကျိုး - မကာအို
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Check-out ပြုလုပ်ပြီး ကျူ့ဟိုင်မြို့မှတဆင့် အရှေ့တိုင်းရဲ့ Las Vegas ဟုတင်စားခေါ်ဝေါ်သည့် မကာအိုသို့ သွားရောက်လည်ပတ်ပါမည်။ ကျူ့ဟိုင်မြို့သို့ ရောက်ရှိပါက ကျူဟိုင်မြို့၏ သင်္ကေတဟု တင်စားခေါ်ဆိုသည့် အရှေ့ဘက် ကမ်းရိုးတန်းရှိ Fisher Girl ရုပ်တုနှင့် Lovers' Road တွင် အမှတ်တရဓာတ်ပုံရိုက်ပြီးနောက် မကာအိုသို့ ခရီးဆက်ပါမည်။ မကာအိုသို့ ရောက်ရှိပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် မကာအိုမြို့တွင်း လည်ပတ်ခြင်းအနေဖြင့် ကံကောင်းခြင်းကို ယူဆောင်လာပေးသည်ဟု ယုံကြည်ကြသော A Ma Temple သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် မီးလောင်ကျွမ်းပြီး ကြွင်းကျန်ရစ်ခဲ့သော ပေါ်တူဂီလက်ရာ ရှေးဟောင်းဘုရားရှိခိုးကျောင်းဖြစ်သော St. Paul ဘုရားရှိခိုးကျောင်းသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ဘုရားကျောင်းရှေ့မျက်နှာရှိ စာဆိုင်ခန်းများ တလျှောက်တွင်လည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် အနောက်တိုင်းဆန်ဆန် ဆောက်လုပ်ထာသော fishermen’s wharf သို့ သွားရောက်လည်ပတ်ပြီး၊ ဥရောပတိုက်ပုံစံ အဆောက်အအုံများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးပါသည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် မကာအို၏ အထင်ကရ နေရာဖြစ်သော နန်းတော်ကြီးတစ်ခုသဖွယ် ခမ်းနားလှသည့် Venetain Hotel သို့ သွားရောက်လည်ပတ်ပါမည်။ Venetain Hotel အတွင်းတွင် တည်ရှိသော Casino ကစားဝိုင်းအတွင်းတွင် မိမိစိတ်ကြိုက် ဝင်ရောက်ကံစမ်းနိုင်ပါသည်။ ထို့နောက် ဟိုတယ်တွင် Check-in ဝင်ရောက်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 4 မကာအို - ကွမ်ကျိုး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက မကာအို-ကျူဟိုင်နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး ကောင်တာများ ဖြတ်သန်းကာ ကျူဟိုင်သို့ ပြန်လည်ရောက်ရှိပါမည်။ ကွမ်ကျိုးမြို့သို့ ဆက်လက်ထွက်ခွာလာပြီး နေ့လည်စာသုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက မြန်မာလူမျိုးများ အများဆုံး သွားရောက်ဝယ်ကြသော wholesales market ဖြစ်သည့် Baima ဈေးသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ကြပါမည်။ ညစာကို မိမိ အစီအစဉ်ဖြင့် သုံးဆောင်ရမည်ဖြစ်ပြီး မိုးချုပ်သည်အထိ ဈေးဝယ်နိုင်ပါသည်။ ဈေးဝယ်ပြီးပါက ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
Day 5 ကွမ်ကျိုး - ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ပုလဲမြစ်အတွင်းရှိ ကျွန်းငယ်လေးတစ်ခုဖြစ်သော Shamian Island သို့ ဝင်ရောက်လည်ပတ်ကြပါမည်။ ၁၉ ရာစုအတွင်း အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးများ အခြေချနေထိုင်ကြပြီး ဥရောပစတိုင် ကိုလိုနီခေတ် အဆောက်အဦးများနှင့် သာယာလှပလွန်းသော လမ်းငယ်လေးများအတွင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကောင်တာတွင် Check-in ဝင်ရောက်ကာ လေကြောင်းခရီးစဉ်အမှတ် (8M-712 14:15-15:50) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။
ရန်ကုန် - ကွမ်ကျိုး - ရန်ကုန် အသွားအပြန် ကီလို ၃၀ ပါဝင်သော လေယာဉ်လက်မှတ်
ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်တွင် ၄ ည တည်းခိုခွင့်
တရုတ်ဗီဇာကြေး ( ဗီဇာလျှောက်ရန် Passport ပထမစာမျက်နှာနှင့် ဓါတ်ပုံသာ လိုအပ်ပါသည်)
မကာအို ဗီဇာကြေး
အုပ်စုနှင့် အသွားအပြန် တူတူသွားရမည်ဖြစ်ပြီး ရက်အပြောင်းအလဲ မရပါ။ ရက်အပြောင်းအလဲ လိုအပ်ပါက သံရုံးတွင် ဗီဇာလျှောက်ထားရန် လိုအပ်ပါသည်။ သံရုံးဗီဇာလျှောက်ရန် လိုအပ်ချက်များ အသေးစိတ်ထပ်မံ ပြောပြမည်ဖြစ်ပါသည်။
ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာများ ( Day 4 - ညစာ မပါဝင်ပါ)
ဝင်ကြေးများ
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် အပိုဆုကြေးများ
မြန်မာနိုင်ငံမှ အုပ်စုခေါင်းဆောင်