ခရီးစဉ် ထွက်ခွါမည့် ရက်
👉 24 Aug ~ 28 Aug ( 5D/4N )
ခရီးစဉ် ဈေးနှုန်း
လူကြီးတစ်ဦးလျှင် - USD 790
Day 1 ရန်ကုန် - ချုံချင်း
ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ West Air လေကြောင်း ခရီးစဥ် PN6530 (12:15/15:45) ဖြင့် ချုံချင်းမြို့ Jiangbei International Airport အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါမည်။ ဧည့်လမ်းညွှန်မှ လေဆိပ်သို့လာရောက်ကြိုဆိုပြီးနောက် Longmenhao Street သို့သွားရောက်လည်ပတ်ကာ ရှေးဟောင်းအဆောက်အဦးများနှင့် အနောက်တိုင်းရိုးရာပုံစံ အဆောက်အဦးများဖြင့် အမှတ်တရဓါတ်ပုံရိုက်ကူးကြပါမည်။ ဆက်လက်၍ ယန်ဇီမြစ်ပေါ်မှ ချုံချင်းမြို့၏ အလှကို ကြည့်ရှုခံစားရန် Cable Car စီးနှင်းကြပါမည်။ ထို့နောက် ညစာသုံးဆောင်ရန် local Restaurant သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာအိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2 ချုံချင်း - ဝူးလုံ
ဟိုတယ်မှ မနက်စာသုံးဆောင်ပြီးနောက် သုံးနာရီကြာကားဖြင့်မောင်းနှင်ကာ ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင် Transformers ရိုက်ကွင်းဖြစ်သော ဝူးလုံမြို့သို့ ခရီးဆက်ကြမည်ဖြစ်ပါသည်။ ထို့နောက် UNESCO အသိအမှတ်ပြု ထျန်းစိန့်ဆန်းချောင် (Tian Sheng San Qiao) ဟုခေါ်သော ဧရာမထုံးကျောက်ခုံးတံတားကြီးသုံးစင်း ဆက်တိုက်ရှိနေသည့် သဘာဝကျောက်တံတားကြီး ဆီသို့သွားရောက်လည်ပတ်ကြပါမည်။ ၎င်းသည် ကျောက်တံတား သုံးစင်းက ကြီးမားသော မြေနိမ့်ချောက်ကြီးနှစ်ခုကို ဝန်းရံထားသည့် ထူးခြားဆန်းပြားသော မြေမျက်နှာသွင်ပြင်ကြောင့် ကျော်ကြားသည်။ ညစာသုံးဆောင်ပြီးနောက် ဝူးလုံမြို့တွင် တစ်ညတာတည်းခို အနားယူပါမည်။
Day 3 ဝူးလုံ - ချုံချင်း
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အရှေ့တိုင်းဆွစ်ဇာလန်ဟု တင်စားခေါ်ဝေါ်ကြသော Fariy Mountain သို့ သွားရောက်လည်ပတ်ကြပါမည်။ ရထားငယ်လေးများဖြင့် တောင်တန်းဒေသရှုခင်းများကို လှည့်လည်ကြည့်ရှုခံစားပြီးနောက် ချုံချင်းမြို့သို့ ပြန်လည်ထွက်ခွာလာပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် ဈေးဝယ်ခြင်းနှင့် မြို့အလှကို ခံစားနိုင်မည့် ချုံချင်းမြို့၏ အထင်ကရ အမှတ်အသားအဆောက်အဦးဖြစ်သည့် Liberation Monument သို့ပို့ဆောင်ပေးပါ့မည်။ ဆက်လက်၍ 8D ဗိသုကာလက်ရာဖြင့် မြေညီထပ်ဟုထင်မှတ်ရသော ၂၂ထပ်အမြင့်ရှိ Kuixing Tower ကိုလည်းလည်ပတ်ပါမည်။ ထို့နောက် ထိုမှတဆင့် ချုံချင့်မြို့၏ ရှေးဟောင်းစတိုင်ဖြင့် တောင်တန်းပေါ်တွင် ထူးခြားစွာဆောက်လုပ်ထားသော အဆောက်အဦးအထပ်ထပ်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည့် Hongya Cave သို့ သွားရောက်လည်ပတ်ရင်း ညနေဆည်းဆာအလှအပများကို ကြည့်ရှုခံစားကြပါမည်။ ညစာအနေဖြင့် ဟော့ပေါ့ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
Day 4 ချုံချင်း
မနက်စာသုံးဆောင်ပြီးနောက် အနုပညာနှင့် ယဉ်တန်းအမွေအနှစ်တန်မြောက်သော ဗဟိုမြို့တော်အနီးရှိ ရှေးဟောင်းမြို့တစ်ခု ဖြစ်သည့် စီချိခို ရှေးဟောင်းမြို့တော် (Ciqikou Acient Town) သို့ ခရီးဆက်ကြပါမည်။ စီချိခိုမြို့သည် ရိုးရာဆိုင်ခန်းများ၊ ဒေသထွက်မုန့်များနှင့် လက်ဖက်ရည်ဆိုင်များကြောင့်လူသိများသော မြို့တစ်မြို့ဖြစ်သည်။ ဆက်လက်၍ ချုံချင်းမြို့၏ အရေးကြီးဆုံး အစိုးရအဆောက်အဦးဖြစ်သည့် ၂၀ရာစု၏ အကောင်းဆုံးဗိသုကာလက်ရာဖြစ်သော ပြည်သူ့ခန်းမဆောင်ကြီးသို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် နာမည်ကြီး Liziba Station သို့ ဓါတ်ပုံရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးပါမည်။ ရထားဘူတာရုံဟာ အဆောက်အဦး၏ ၆လွှာနှင့်၈ လွှာကြား၇ လွှာကြားရှိ လူနေအဆောက်အအုံတစ်ခုကို ဖြတ်သန်းသွားသည့် Monorail ရထားတစ်စင်းဖြစ်ပြီး ထူးခြားဆန်းသစ်သော အင်ဂျင်နီယာနှင့် မြို့ပြသယ်ယူပို့ဆောင်ရေးကို ပေါင်းစပ်ထားသည့် ဆန်းသစ်သော ရှုခင်းများကို ဆွဲဆောင်နိုင်သော ဗိသုကာလက်ရာတစ်ခုဖြစ်သည်။ ထို့နောက် ဗိသုကာလက်ရာများကို ခေတ်မီမြို့ပြလူနေမှုဘဝနှင့် အချိုးကျပေါင်းစပ်ပြီး ပြန်လည်ဆန်းသစ်မွမ်းမံထားသည့် သမိုင်းဝင်နယ်မြေတစ်ခုဖြစ်သော ရှီပါထီး လမ်းဟောင်း (Shibati Old Street) တွင် ခြေတံရှည်အိမ်လေးများနှင့် တရုတ်ရိုးရာဒြပ်မဲ့ယဉ်ကျေးမှုများကို သွားရောက်လေ့လာကြမည်ဖြစ်ပါသည်။ ဆက်လက်၍ Raffle City တွင်လည်ပတ်ကာ ဈေးဝယ်ရန် အချိန်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် တစ်ညတာအိပ်စက်အနားယူပါမည်။
Day 5 ချုံချင်း - ရန်ကုန်
ဟိုတယ်မှ Check out ပြုလုပ်ပြီးနောက် သတ်မှတ်ချိန်တွင် ချုံချင်းမြို့ Jiangbei International Airport မှ West Air PN6529 (09:35-11:20)ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။
(4*) ဟိုတယ်တွင် ( 4 ) ညတည်းခိုခွင့်
ချုံချင်းအသွားအပြန် လေယာဉ်လက်မှတ်
ဖော်ပြထားသော ခရီးစဉ်ပါ မနက်စာ/နေ့လည်စာ / ညစာ
ခရီးစဉ်တစ်လျှောက် Private Car
ဖော်ပြထားသော ဝင်ကြေးများ
ဒေသခံဧည့်လမ်းညွှန်
မြန်မာနိုင်ငံမှ အုပ်စုခေါင်းဆောင်
ဗီဇာကြေးနှင့် ဝန်ဆောင်မှု
Compulsory Tipping for tour guide & driver
ရေသန့် တစ်နေ့ (၁)ဗူး
Visa လျှောက်ထားရန်လိုအပ်သောကြောင့် အမြန်ဆုံးစာရင်းပေးသွင်းရန် တိုက်တွန်းလိုပါသည်။