ခရီးစဉ် ထွက်ခွါမည့် ရက်
👉 24 Oct – 29 Oct 2026
👉21 Nov – 26 Nov 2026
👉25 Dec – 30 Dec 2026
ခရီးစဉ် ဈေးနှုန်း
လူကြီးတစ်ဦး - 1290 USD
ကလေး (အိပ်ယာမပါ) - 1120 USD
Day 1 ရန်ကုန်-ကွာလာလမ်ပူ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းခရီးစဥ် 8M 501 (0650/11:05) ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဦးစွာ ကွာလာလမ်ပူမြို့တွင်းလည်ပတ်ခြင်းအစီအစဥ်အနေဖြင့် King Palace, National Monument, Independence Square, River of life & Chocolate Shop တို့ကို သွားရောက် လည်ပတ်ကြပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင်အရသာရှိစွာ သုံးဆောင်ကြပါမည်။ ညနေခင်းတွင် Petronas Twin Tower (Photo Stop) & Saloma Bridge တွင် အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် ကွာလာလမ်ပူမြို့ရှိ ဟိုတယ်တွင် Check-In ဝင်ရောက်ပြီး အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Day 2 ကွာလာလမ်ပူ- Batu Cave - Genting Highland - ကွာလာလမ်ပူ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက တောင်ပေါ်ကစားကွင်းများနှင့် Casino များတည်ရှိရာ Genting Highlands သို့ သွားရောက်လည်ပါတ်ပါမည်။ တောင်ပေါ်သို့ Cable Carဖြင့် တက်ရောက်ရမည်ဖြစ်ပြီး Sky Avenue အတွင်းရှိ စုံလင်လှသော စျေးဆိုင်များ၊ Indoor, Outdoor Amusement Park နှင့် ကစားကွင်းများ၊ water park များစွာကို ဧည့်သည်တော်များ စိတ်ကြိုက် အပန်းဖြေနိုင်ပါသည်။ (Outdoor and Indoor Theme Park အတွင်းကစားနည်းများအတွက် မိမိအစီအစဥ်ဖြင့်ပေးဆောင်ရပါမည်)။ နေ့လည်စာကို တောင်ပေါ်တွင် မိမိအစီအစဉ်ဖြင့် ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ရန် တစ်ဉီးလျှင် မလေးရှားရင်းဂစ် 30/- ဆီ (Cash Back) ပေးအပ်မည်ဖြစ်ပါသည်။ သတ်မှတ်ချိန်တွင် စုရပ်မှထွက်ခွာလာပြီး ခရီးသွားများ အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်သည့် ဟိန္ဒူ ဘုရားရှိခိုးကျောင်း ဟုလည်း နာမည်ကြီးသည့် Batu Cave Hindu Temple ကို သွားရောက် လည်ပတ်မှာဖြစ်ပါသည်။ ဟိန္ဒူရိုးရာဘာသာ ကိုးကွယ်မှုတစ်ခုဖြစ်ပြီး လှိုင်ဂူအတွင်းရှိ နတ်ဘုရားမရုတ်တု Murugan ရှိရာသို့ လှေကားထစ်ပေါင်း ၂၇၂ ထစ်ကို တက်ရောက်ပြီး သွားရောက်လေ့လာနိုင်ပါသည်။ အပေါ်ထိ ဝင်ရောက်လေ့လာရန် အခက်အခဲရှိသူများအနေဖြင့် ဂူအဝင်ဝရှိ မတ်ရပ်ရွှေရောင်ရုပ်တုကြီးဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ပါသည်။ ထို့နောက် ညနေခင်းတွင် ကွာလာလမ်ပူမြို့သို့ ပြန်လည်ထွက်ခွာလာပြီး ညစာသုံးဆောင်ကာ ဟိုတယ်တွင် တညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 3 ကွာလာလမ်ပူ-မလာကာ (Melaka)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူမြို့ရှိဟိုတယ်မှ Check-Out ပြုလုပ်ပြီး ၁၄၅ ကီလိုမီတာ အကွာအဝေးတွင်ရှိသော (ခန့်မှန်းကားမောင်းကြာချိန် ၂ နာရီ) မလာကာမြို့ သို့ ထွက်ခွာပါမည်။ မလကာမြို့သို့ရောက်ရှိသောအခါ ရင်ပြင်နီဟု လူသိများသော ဒတ်ခ်ျရင်ပြင် (Dutch Square) သို့ဦးစွာသွားရောက်လည်ပတ်ပါမည်။ ဒတ်ခ်ျရင်ပြင်သည် ကိုလိုနီခေတ် ဒတ်ခ်ျအဆောက်အအုံများကြောင့် ကျော်ကြားသော မလေးရှားနိုင်ငံ၊ Melaka ၏ သမိုင်းဝင်ဗဟိုချက်ဖြစ်ပါသည်။ ဆက်လက်၍ Melaka ၏ ကြွယ်ဝသော ရေကြောင်းသမိုင်းကြောင်းနှင့် မဟာဗျူဟာမြောက် ကုန်သွယ်မှုဆိပ်ကမ်းတစ်ခုအဖြစ်သည့် “Maritime Museum” ကို ပြင်ပမှနေ၍ ဓါတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာ Local Restaurant တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ ထို့နောက် “Porta de Santiago”, St Paul’s Hills နှင့် Melaka Straits Mosque တိုကိုသွားရောက်လည်ပတ်ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးကြပါမည်။ ညစာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ပြီးနောက် မာလာကာမြို့ရှိဟိုတယ်တွင် Check-In ဝင်ရောက်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
Day 4 မလာကာ (Melaka)-ဂျိုဟိုးဘာဟူ- စင်္ကာပူ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မာလာကာမြို့ရှိဟိုတယ်မှ Check-out ပြုလုပ်ပြီး ဂျိုဟိုးဘာဟူမြို့မှတဆင့် Singapore Tuas Link Checkpoint မှတဆင့်နယ်စပ်ကိုဖြတ်ကျော်ပြီး စင်္ကာပူသို့ ဝင်ရောက်ကြပါမည်။ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ချိန်တွင် Border ရှိ immigration ကို Tour Leader မှဦးဆောင်ကာ ဖြတ်သန်းပါမည်။ မလေးရှား ဧည့်လမ်းညွှန်မှ Border တွင်သာကျန်ရစ်ခဲ့ပါမည်။ နယ်စပ်ဂိတ်ကို ဖြတ်သန်းစဥ်တွင် (ခရီးဆောင်အိတ်များကို ကိုယ်တိုင်သယ်ဆောင်ရပါမည်)။ စင်္ကာပူနယ်စပ်ဂိတ်တွင် သက်ဆိုင်ရာ စင်္ကာပူဒေသခံ ဧည့်လမ်းညွှန်မှ အသင့်လာရောက်ကြိုဆိုပြီး ဦးစွာ မြို့တွင်းလည်ပတ်ခြင်းအစီအစဥ်အနေဖြင့် Merlion Park, Esplanade and Fountain of Wealth in Suntec City တို့တွင် ပြင်ပမှနေ၍ အမှတ်တရဓါတ်ပုံရိုက်ကူးကြပါမည်။ ထိုနေရာများသည် Merlion Park မှ မြင်သာသောနေရာများတွင်တည်ရှိပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် စင်္ကာပူ၏ အသည်းနှလုံး စျေးဝယ်လမ်းမကြီး တစ်ခုဖြစ်သော Orchard လမ်းမကြီးတွင် ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြပါမည်။ ညစာကို Local Restaurant တွင် အရသာရှိစွာသုံးဆောင်ပြီးနောက် စင်္ကာပူရှိ ဟိုတယ်တွင် Check-In ဝင်ရောက်ပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 5 စင်္ကာပူ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဦးစွာ စင်္ကာပူနိုင်ငံ၏ ကျောက်မျက်ရတနာအရောင်းပြခန်းနှင့် စင်္ကာပူနိုင်ငံလူမျိုးများ သုံးစွဲသောရိုးရာအနှိပ်ဆီများ ရောင်းသောပြခန်းသို့ ခေတ္တခဏ ဝင်ရောက်လည်ပတ်ကြပါမည်။ ထိုမှတဆင့် Universal Studios Singapore ကစားကွင်းသို့ ပို့ဆောင်ပေးပါမည်။ ကစားကွင်း အတွင်းတွင် ကစားနည်းများကို လွတ်လပ်ပျော်ရွှင်စွာ ဝင်ရောက် ကစားကြပြီး နေ့လည်စာကို ကစားကွင်းအတွင်း ကူပွန် ဖြင့် သုံးဆောင်ကြရပါမည်။ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားပြီးနောက် ညစာအတွက် Good Old Days Restaurant တွင် ဘူဖေးသုံးဆောင်ကြရပါမည်။ ထို့နောက် ဆန်တိုဆာကျွန်း၏ ညနေခင်း ရေပန်းအကအလှများကို ကြည့်ရှုခံစားနိုင်ရန် Wings of Time show ကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို အိပ်စက် အနားယူပါမည်။
Day 6 စင်္ကာပူ - ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် China Town Area ရှိ ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ထားရှိရာ ဘုရားရှိခိုးကျောင်းသို့ လိုက်ပါပို့ဆောင်ပြီး ဆုမွန်ကောင်း တောင်းဆုပြုနိုင်ပါသည်။ ထို့နောက် ချောကလက်ရောင်းသော ဆိုင်သို့ ခဏဝင်ရောက်ပြီး လက်ဆောင်ဝယ်ယူကြပါမည်။ ထို့နောက် Gardens by the Bay ဥယျာဥ်သို့ သွားရောက် လည်ပတ်ကြပါမည်။ ဥယျာဥ်အတွင်း Flower Dome နှင့် Cloud Forest အတွင်း သွားရောက်လည်ပတ်ကြရင်း အမှတ်တရဓါတ်ပုံရိုက်ကူး ကြရပါမည်။ ထို့နောက် စျေးဝယ်ယူနိုင်စရာ ကောင်းမွန်သော Bugis Shopping Area သို့ စျေးဝယ်ယူနိုင်ရန်ပို့ဆောင်ပေးပါမည်။ ညစာကို အချိန်အနည်းငယ် စောပြီးသုံးဆောင်ကြရပါမည်။ ထို့နောက်သက်မှတ်ချိန်တွင် စုရပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာပါမည်။ လေဆိပ်အတွင်းတွင် အလွန်လှပသော Jewel Changi Rain Vortex ကိုဖြတ်သန်းပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဥ် 8M 234 (21:10/22:40) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။
(3*) ဟိုတယ်တွင် (၅) ညတည်းခိုခွင့်
ရန်ကုန် - ကွာလာလမ်ပူ //- စင်္ကာပူ - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်ခ
ရွေးချယ်ထားသော ဟိုတယ်တွင် မနက်စာသုံးဆောင်ခွင့်
ခရီးစဥ်တစ်လျှောက် Private Car
ခရီးစဥ်တွင်ဖော်ပြထားသော ဝင်ကြေးများ
အင်္ဂလိပ်စကားပြော ဒေသခံဧည့်လမ်းညွှန်
မြန်မာ တိုးလီဒါ
ရေသန့်တစ်နေ့ (၁)ဗူး
Driver Guide အတွက် Tipping
ခရီးစဥ်တွင် မဖော်ပြထားသောနေရာများနှင့် ဝင်ကြေးများ
ခရီးစဥ်တွင် မပါဝင်သော အစီအစဥ်များ၊ ညပွဲများစသဖြင့် လည်ပတ်ခြင်းများ အတွက် အပိုကုန်ကျ စရိတ်များ
ဟိုတယ်များတွင် Mini-Bar၊ အခပေးရုပ်သံ (Pay TV) နှင့်တယ်လီဖုန်းအသုံးပြုခစရိတ်များ၊
အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊ အဖျော်ယမကာခများ၊ ဟိုတယ်တွင်အဝတ်လျော်ခများစသဖြင့်)
ခရီးသွားအာမခံ
ပြည်တွင်း/ပြည်ပလေယာဥ်များတွင်ဝန်ပိုတန်ဆာခများ၊
ဖော်ပြမထားသောအစားအသောက်စရိတ်များ၊
ခရီးစဥ်တွင်ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ
လူဦးရေ ၁၅ ဦးကို အခြေခံထားသောကြောင့် လူပြည့်မှသာ ခရီးစဉ်ထွက်ရှိပါမည်