ဒီနေရာလေးကို စိတ်ဝင်စားခဲ့မိတာ အတော်ကြာပါပြီ။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဘော့စဖောရပ်စ် ရေလက်ကြားဟာ ဒီမြို့လေးကို အာရှနဲ့ ဥရောပရယ်ဆိုပြီး ပိုင်းခြားထားတယ် ဆိုတာကို ဒီနေ့အထိ မမေ့နိုင်ခဲ့ပါဘူး။ တကယ်ရောက်ခဲ့ပြန်တော့လည်း အာရှရဲ့ အငွေ့အသက်တွေနဲ့ ဥရောပဆန်ဆန် လှနေတာကို တွေ့မြင်ခံစားခဲ့ရပြန်ပါတယ်။ နိုင်ငံတစ်ခုလုံးအနေနဲ့ မွတ်စလင်ဘာသာကို ကိုးကွယ်ကြပေမဲ့ ဒီမိုကရေစီကို လိုက်နာကျင့်သုံးကြပြန်တော့ လူတိုင်းလွတ်လပ်ခွင့် ကိုယ်စီနဲ့ပေါ့။ ခေါင်းမြှီးခြုံတဲ့ အမျိုးသမီးတွေ မတွေ့သလောက် ရှားတယ်ဆိုရင် ယုံပါ့မလား။ ဓါတ်ပုံတွေထဲမှာ ရှာကြည့်ကြပါတော့နော်။
ဘာသာရေးလွတ်လပ်ခွင့် ရှိတဲ့အတွက် ဗလီတွေရှိသလို Church တွေလည်းရှိပါတယ်။ ‘Seven Church of Asia’ ဟာ တူရကီနိုင်ငံထဲမှာ ရှိတာမို့ ခရစ်ယာန်ကို ကိုးကွယ်ကြသူတွေအနေနဲ့လည်း အရေးပါတဲ့ နိုင်ငံတစ်ခုလို့ ပြောလို့ရပါတယ်။
တိုးဒီတို့ သွားရောက်လည်ပတ်ခဲ့တဲ့ တူရကီအလယ်ပိုင်းမှာရှိတဲ့ ‘Cappadocia’ မြို့လေးဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ‘Open Air Museum’ လို့သတ်မှတ်ခြင်းထားရပြီး အစောဆုံး ခရစ်ယန်ဘာသာ အခြေချခဲ့တဲ့ နေရာလေးဖြစ်ပါတယ်။ Open Air Museum မှာ ခရစ်ယန်ဘုရားရှိခိုးကျောင်းအနေနဲ့ အသုံးပြုခဲ့တဲ့ ဂူတွေရှိသလို ဘာသာရေး၊ လူမျိုးရေး စစ်ပွဲတွေအပြင် ကြမ်းတမ်းလှတဲ့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ကျောက်တောင်တွေထဲမှာ လှိုင်ဂူတွေဆောက်ပြီး ပုန်းအောင်းကြတဲ့ နေရာဖြစ်ပြီး တစ်ချို့နေရာတွေမှာဆို ခုချိန်ထိနေထိုင်ကြတာကို တွေ့ရပါတယ်။ မြေအောက် ၈၂ ကီလိုမီတာ အနက်ထိ အလွှာလိုက်၊ ဝိုင်သိုမှီးရာ၊ ထမင်းဟင်းချက်ပြုတ်ရာ၊ တိရစ္ဆာန်တွေသိမ်းဆည်းရာတွေကို Underground City မှာ တွေ့ခဲ့ရပါတယ်။ မှာလည်း မဟာလူသားတို့ရဲ့ ကြံ့ကြံ့ခိုင်နိုင်တဲ့ စွမ်းပကားတွေပါပဲ။
တူရကီနိုင်ငံရဲ့မြို့တော် အစ်စတန်ဘူဟာ နိုင်ငံရဲ့ မြောက်ဖက်စွန်းမှာရှိပြီး Bosphorus Straits က အစ်တန်ဘူမြို့တော်ကို ဖြတ်သန်းစီးဆင်းပြီး အေးဂျီးယန်း (Agean Sea) ပင်လယ်နဲ့ ပင်လယ်နက် (Black Sea) ကို ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော ရေလက်ကြားပါပဲ။ အဲဒါကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ အဓိကသော့ချက်နေရာ ဖြစ်နေပြီး စီးပွားရေးတိုးတက်မှုကလည်း အံ့မခန်းပါပဲ။
အာရှရဲ့အငွေ့အသက်တွေနဲ့ ဥရောပဆန်ဆန် လှပနေတာဟာလည်း အစ်တန်ဘူရဲ့ နောက်ထပ်ဆွဲဆောင်မှု တစ်ခုလို့ ပြောလို့ရပါတယ်။ တိုးဒီအကြိုက်ဆုံးကတော့ ဟင်းခတ်အမွေးအကြိုင်တွေ ရောင်းချရာ ရှေးအကျဆုံး Spice Market လို့ပြောရပါမယ်။ သစ်ဂျပိုးခေါက်တွေ အစီအရီခင်းကျင်းထားပြီး၊ ကြိုက်တဲ့ အနံ့အရသာအတွက် အရောင်အသွေးစုံ ခင်ကျင်းရောင်းချနေတာ ရောင်စုံသက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။
ထုံစံအတိုင်း ဥရောပရဲ့ နိုင်ငံတိုင်းမှာလိုပဲ Taksim Square ရင်ပြင်ထားရှိခြင်းဟာလည်း အနောက်တိုင်း ဆန်လွန်းလှသလို သိုးသားရေလုပ်ထားတဲ့ ဖိနပ်၊ အထတ်အထည်တွေကို စိတ်တိုင်းကျ ဝယ်ယူနိုင်တာမို့ ဈေးဝယ်ထွက်ချင်သူတွေအတွက်လည်း အကြိုက်ပါပဲ။ Starbucks Coffee ကိုငုံရင်း ဈေးဝယ်လမ်းမ တနံတလျား လျှောက်ကြည့်ရတာလည်း အရသာတစ်မျိုးပါပဲ။
အဲဒါကြောင့် အစ်စတန်ဘူဟာ နံမည်ကြီးသလို ဘန်ကောက်ကနေ ၁၁ နာရီကြာ ဖင်ပူအောင် လေယဉ်စီးခဲ့ရကျိုးနပ်တာမို့ တိုးဒီအနေနဲ့ အကျေနပ်ကြီး ကျေနပ်ခဲ့ရပါတယ်။ အခါအခွင့်သင့်ခဲ့ရင် ခရီးစဉ် စီစဉ်ပေးမှာမို့ စိတ်ဝင်စားရင် တိုးဒီကိုသာ ဆက်သွယ်လိုက်ပါလို့။
#Taksimsquare #spicemarket #BosphorusStraits #ageansea #Cappadocia#turkey #tourdemyanmar #traveldiary #blog #comingsoon