အီဂျစ်ခရီးစဉ်

thumbnail

 

အီဂျစ်ကို ဘယ်လိုစခဲ့တယ်ဆိုတာပြောရရင်တော့ ခရစ်တော်မတိုင်ခင် နှစ်ပေါင်း 3100 BCE (Before Common Era) ဝန်းကျင်မှာ Narmer ဆိုတဲ့ ဖာရို (Pharaoh) ဘုရင်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကလီယိုပက်ထရာ နံပါတ် ၇ (Cleopatra Vll)နဲ့ 30 BCE မှာအဆုံးသတ်ခဲ့တာပါ။ အခုချိန်နဲ့ ကြည့်မယ်ဆို နှစ်ပေါင်း ၅၀၀၀ ကျော်လောက်ရှိနေပါပြီ။

အီဂျစ်လို့ ပြောလိုက်တာနဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြတဲ့ Phaorah အမည်ရ ရှေးဟောင်းအီဂျစ်ဘုရင်တွေရယ်၊ အံ့မခန်း ပိရမစ်ကြီးတွေရယ်၊ မံမီရုပ်အလောင်းတွေရယ်၊ ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ကြီးရယ်၊ hieroglyphic writing ခေါ် ပုံတွေနဲ့ ရေးခဲ့ကြတဲ့ အီဂျစ်အရုပ်စာတွေက ခေါင်းထဲမှာ အရင်ဆုံးပေါ်လာကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။

ကမ္ဘာမှာ ရှေးဟောင်းအကျဆုံးနဲ့ အံ့သြစရာအကောင်းဆုံး အဆောက်အဦးတွေနဲ့ လူနေထိုင်မှု နည်းစနစ်တွေကို စတင်ခဲ့တဲ့ အီဂျစ်လူမျိုးတွေအကြောင်းကို သမိုင်းပညာရှင်တွေ နဲ့ ဗိသုကာပညာရှင်တွေသာမက သိပ္ပံပညာရှင်များကပါ တအံ့တသြနဲ့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဟိုအရင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပဲ ထူးဆန်းအံ့သြဖွယ် ပိရမစ်ကြီးတွေ၊ မံမီတွေကို တွေ့ရပြီး အခုဆိုရင်တော့ ကိုယ်တိုင်သွားပြီး လေ့လာလို့ရနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်လောက်က စတင်ခဲ့တဲ့ ရှေးဟောင်းသမိုင်းအမွေအနှစ်တွေ၊ သေဆုံးသွားပြီးရင် နောက်ဘဝရှိတယ်ဆိုတာကို ရှေးဟောင်းအီဂျစ်လူမျိုးတွေက ယုံကြည်ပြီး စိတ်ဝိဉာဉ်တွေဟာ တစ်ချိန်ချိန်မှာ မိမိခန္ဓာကိုယ်ရှိရာကို ပြန်လာပြီး နောက်တစ်ကြိမ် ပြန်လည်ရှင်သန်ဖို့ ခန္ဓာကိုယ်တွေကို မပုပ်မသိုးရလေအောင် စီရင်ထားရှိခဲ့တဲ့ မံမီရုပ်အလောင်းတွေကို တိုးဒီမြန်မာ နှင့်အတူ သွားရောက်လေ့လာဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

ခရီးသွားဧည့်သည်များ ခရီးသွားဖို့ သုံးလိုက်ရတဲ့ ငွေကြေး နဲ့ ထိုက်တန်တဲ့ ကောင်းမွန်သော ဝန်ဆောင်မှု၊ ပြည့်မှီသောအရည်အသွေး၊ခရီးသွားကျွမ်းကျင်သောအုပ်စုခေါင်းဆောင်များနဲ့အတူ အမြဲသက်သောင့်သက်သာ ရှိပြီး ပျော်စရာကောင်းတဲ့ ခံစားမှုမျိုးကို ခံစားရစေမယ့် တိုးဒီမြန်မာကို ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ခရီးစဉ် အသေးစိတ်ကို Viber, Facebook Chat Box တို့မှလည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တိုးဒီ နဲ့ GO ပြီ။
ပြည်ပခရီးသွားလိုင်စင်အမှတ် – (ပခ-၀၀၁၂)
အမှတ်(၁၀၉)၊ ပထမထပ်၊ စဉ့်အိုးတန်းလမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – 01 378503, 378127, 250734, 371105, 381213, 373270
Viber :09777250050,09779999146,09779999147

#tourdemyanmar #egypt #oldbutgold
#vacation #thindinkyut #trip

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top
Copyright©2019 Tourde Myanmar. All rights reserved.