လူတိုင်းသိသင့်တဲ့ ခရီးသွားခြင်းရဲ့ အကျိုးကျေးဇူးများ

thumbnail

ခရီးသွားမလား၊ အိမ်မှာနားမလား လို့ပြောရင်တော့ လူ ၁၀၀ မှာ ၉၈ ယောက်လောက်က ခရီးသွားမယ်ပဲ ပြောကြမယ်ထင်ပါတယ်။
ဘာလို့လဲ?

ကျွန်တော်တို့ နေ့တိုင်းလှုပ်ရှားရုန်းကန်နေရတဲ့ ပတ်ဝန်းကျင်ကနေ ခေတ္တခဏ အနားယူဖို့၊ စိတ်အပန်းဖြေဖို့ အတွက် ကိုယ်မသိတဲ့နေရာဒေသတွေကို သွားရင်း အားသစ်တွေပြန်ဖြည့်ဖို့ လိုတဲ့အတွက်ပါ။ အဲ့လိုပဲ ကျွန်တော်တို့ကို ခွန်အားအသစ်တွေနဲ့ လန်းဆန်းတက်ကြွစေတဲ့ ခရီးသွားခြင်းကလည်း ကျွန်တော်တို့ကို များစွာသော ကောင်းကျိုးတွေကို ပေးနိုင်တယ်ဆိုတော့ win – win လို့ပြောရမှာပါပဲ။

ခရီးသွားခြင်းက ကျွန်တော်တို့ကို ဘယ်လိုပျော်ရွင်မှုတွေ၊ အကျိုးကျေးဇူးတွေ ပေးနိုင်တယ်ဆိုတာကို အားလုံးသိအောင် တိုးဒီမြန်မာက မျှဝေပေးလိုက်ပါတယ်။

1. ခရီးသွားခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့စေပြီး လန်းဆန်းတက်ကြွစေတဲ့အတွက် ကျန်းမာရေးကို ပိုကောင်းစေပါတယ်။
2. ကျွန်တော်တို့နေ့စဉ် စက်ရုပ်သဖွယ် လှုပ်ရှားလည်ပတ်နေတဲ့ ဘဝထဲကနေ ခဏတာမေ့ပျောက်သွားပြီး အသစ်တဖန်စိတ်အားတက်ကြွစေပါတယ်။
3. ကိုယ်မသိတဲ့ နေရာဒေသတွေရဲ့ အတွေးအခေါ်၊ အပြုအမူသစ်တွေကို တွေ့ကြုံရတဲ့အတွက် ဗဟုသုတတွေပိုတိုးစေပါတယ်။
4. သင်ခရီးတွေသွားတဲ့အတွက် နေရာဒေသတွေမှာ လူသိများစေပြီး လူတွေသင့်ကို ပိုပြီးစိတ်ဝင်စားစေပါတယ်။
5. ကိုယ်မရောက်ဖူးတဲ့ ဒေသတွေကို သွားရောက်လည်ပတ်ရင်း သူတို့ဓလေ့ရိုးရာ အစားအသောက်များကို မြည်းစားနိုင်ပါတယ်။
6. ပုံမှန်ခရီးမဟုတ်ပဲ စွန့်စားသွားလာရတဲ့ခရီးတွေကိုလည်း သွားသင့်ပါတယ်။အဲ့လို သွားခြင်းဖြင့် သင့်ကိုယုံကြည်မှုတွေပိုပြီးတိုးလာစေမှာပါ။
7. ကိုယ်မသိတဲ့ ဒေသသွားခြင်းဖြင့် ရိုးရာဓလေ့ ပျော်ပွဲရွှင်ပွဲများကိုလည်း ပါဝင်ဆင်နွှဲနိုင်ပြီး၊ အသိမိတ်ဆွေများလည်းတိုးပွားစေပါတယ်။
8. သင်ခရီးတွေ သွားလိုက်ခြင်းဖြင့် ဘဝမှာ အမှတ်တရတွေကို များစေပါတယ်။
9. ကျွန်တော်တို့ ခရီးသွားခြင်းဖြင့် မိသားစုဝင်တွေနဲ့ ပိုပြီးရင်းနှီးမှုရစေပါတယ်။

ခရီးသွားခြင်းကနေ ရရှိစေမယ့် အကျိုးကျေးဇူးတွေကို သိပြီဆိုတော့ တိုးဒီမြန်မာ နဲ့ ခရီးတွေကို အတူသွားဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top
Copyright©2019 Tourde Myanmar. All rights reserved.