နှင်းတွေဝေတဲ့ ရွာငယ်လေး ရှီရာကာဝါဂို ပါဝင်တဲ့ ဂျပန်ခရီးစဉ်[Unicode below]
09 Nov 2019 -15 Nov 2019 💰USD 1,990
29 Dec 2019 – 5 Jan 2020 💰USD 2,490
(Oct 20 မတိုင်ခင်စာရင်းပေးရင် Early bird Discount -USD 90 ရဦးမှာနော်)
ယူနက်စကိုစာရင်းဝင်ရွာငယ်လေး “Shirakawago”ဆိုတာ တောင်တန်းတွေ ပတ်လည်ဝိုင်းတဲ့ ကြားက မြေပြန့် ရွာကလေးပဲဖြစ်ပါတယ်။ ဂျပန်ရိုးရာ ယဉ်ကျေးမှုတွေ ပြည့်နှက်နေတဲ့ နေရာလေးဖြစ်လို့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြတဲ့နေရာလေးလို့ဆိုလဲ မမှားပါဘူး။
ဘာကြောင့် လူစိတ်ဝင်စားမှုကို သေးသေးကျစ်ကျစ်၊ လူနည်းနည်းလေးနဲ့ သိမ်းပိုက်ထားသလဲဆိုရင် ပြောလို့ မကုန်နိုင်ပါဘူး။ ဒီထဲမှာ ထူးခြားတာလေးတခုကတော့ နယ်ခံ ဂျပန်လူမျိုးတွေဟာ အိမ်လေးတွေကို သံထည်လုံးဝ မသုံးထားပဲ သစ်သားတစ်ခုတည်းကိုသာ သုံးထားပြီး ရှေးမူမပျက်ထိမ်းသိမ်းထားကါတယ်။အဲ့ဒီ အိမ်ဆောက်နည်းပညာကို Gassho – zukuri လို့ ခေါ်ပါတယ်။ အိမ်လေးတွေကို လက်အုပ်ချီထားသလို ပုံစံလေးတွေနဲ့ ဆောက်ပြီး ဘာသာတရား ကိုင်းရိုင်းကြောင်း ကိုယ်စားပြုထားတာပါ။ ဒါ့အပြင် ရွာငယ်လေးဆိုပြီးခေါ်တဲ့အတိုင်း Gifu Cityဆိုတဲ့ မြို့လေးရဲ့ အောက်မှာ ရှိပါတယ်။ အထက်တန်းကျောင်းမရှိပဲ ယခုထိ မူလတန်းကျောင်းလေးတစ်ခုပဲရှိပါတယ်။
ဒါ့အပြင် ရာသီအလိုက် အရောင်ပြောင်းနေတဲ့ အလှဆုံးနေရာလေးတစ်ခုလို့ ပြောလည်း ရပါတယ်။ နှင်းတွေကျနေတဲ့ ဆောင်းရာသီမှာ နေ့အချိန် View Point ကနေ တစ်မြို့လုံးရဲ့အလှကို အရသာခံလို့ရသလို၊ ညဘက် ဆောင်းနှင်းတွေကြား အိမ်ကလေးတွေ၊ အဆောက်အဉီးလေးတွေကို ထိုးထားတဲ့ မီးရောင်လေးတွေဟာ သိပ်ကို စိတ်ကူးယဉ်ဆန်ဆန် လှပလွန်းပါတယ်။
အဓိက စီးပွားရေးက Tourism ဖြစ်လို့ ခရီးသွားဧည့်သည်တွေအတွက် သူတို့ရဲ့အိမ်လေးတွေကို ဟိုတယ်ပုံစုံ ရိုးရာစတိုင်လေးတွေ ပြောင်းပေးထားတာ တွေ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးမှာ ဘူတာလုံးဝ မရှိပဲ ကားကိုပဲ အားကိုးရတဲ့ ရွာငယ်လေးပါ။
ဒီလို ချစ်စရာကောင်းတဲ့ ရွာငယ်လေးအပြင် တိုကျိုမြို့နဲ့ အိုဆာကာမြို့တွေကိုပါ လည်ပတ်ကြဦးမှာမို့ တခါတည်းသွားရုံနဲ့ စုံလင်တဲ့ခရီးစဉ်လေးဖြစ်တဲ့ အပြင် အစောလေး စာရင်းကြိုပေးတာနဲ့ USD 90 သက်သာဦးမှာမို့ အခုပဲစာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါတယ်နော်။
ခရီးစဉ်မှာ သွားရောက်လည်ပတ်မယ့် နေရာတွေကတော့..
❄️ UNESCO ၏ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်ဇုံတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရတဲ့ Todai-Ji Temple
❄️ အိုဆာကာမြို့တော်ရဲ့ သမိုင်းဝင် အထင်ကရနေရာတစ်ခုဖြစ်သော အိုဆာကာရဲတိုက်
❄️ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာ Shinsaibashi Shopping Mall
❄️ တိုကျိုမြို့ရှိ မေပယ်ရွက်တို့ဖြင့် လွှမ်းခြုံထားပြီး အရောင်အသွေးစုံလင်စွာ လှပတဲ့ Kiyomuzy ဘုရားကျောင်း
❄️ ရွှေနန်းတော်မှ ဇင်ဗုဒဘာသာအဖြစ်ပြောင်းထားပြီး အပေါ်ကျောင်းဆောင်နှစ်ထပ်အား ရွှေချထားတဲ့ Kinkakuji Temple
❄️ သူတော်စင်များ နေထိုင်ရာဖြစ်တဲ့ Fushiminari Shrine
❄️ UNESCO မှ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းထားရှိပြီး ချစ်စရာ ယာတောအိမ်လေးများရှိရာ ရှီရာကာဝါဂို ရွာငယ်လေး
❄️ ဂျပန်နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ဖူဂျီယာမတောင်
❄️ ဖူဂျီတောင်မှ နှင်းများအရည်ပျော်ရာမှ ဖြစ်ပေါ်လာသော သဘာဝရေကန်ငယ်များ (၈)ခုတွင် အလှဆုံးနတ်ရေကန်ဟု တင်စားခေါ်ဝေါ်တဲ့ Oshinohakkai
❄️ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးနှင့် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကိုးကွယ်ကြသော ကြေးသွန်းဗုဒရုပ်ပွားတော် ကမာကူရဘုရားဆင်းတုတော်ကြီး
❄️ တိုကျိုမြို့တွင် သက်တမ်းအကြာဆုံး ဘုရားကျောင်းတစ်ကျောင်းဖြစ်တဲ့ Asakusa Sensouji Temple
❄️ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အလွန်စည်ကားလှတဲ့ Nakamise Street
❄️ မိုးမျှော်သစ်ပင်ဟု တင်စားခေါ်ဝေါ်ပြီး ဂျပန်တွင် အမြင့်ဆုံးရုပ်သံလွှင့်တာဝါတိုင်ဖြစ်တဲ့ Tokyo Sky Tree
✔️✔️ခရီးသွားဧည့်သည်များ ခရီးသွားဖို့ သုံးလိုက်ရတဲ့ ငွေကြေး နဲ့ ထိုက်တန်တဲ့ ကောင်းမွန်သော ဝန်ဆောင်မှု၊ ပြည့်မှီသောအရည်အသွေး၊ခရီးသွားကျွမ်းကျင်သောအုပ်စုခေါင်းဆောင်များနဲ့အတူ အမြဲသက်သောင့်သက်သာ ရှိပြီး ပျော်စရာကောင်းတဲ့ ခံစားမှုမျိုးကို ခံစားရစေမယ့် တိုးဒီမြန်မာကို ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💁♀️💁♂️
ခရီးစဉ် အသေးစိတ်ကို Viber, Facebook Chat Box တို့မှလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
တိုးဒီ နဲ့ GO ပြီ။
ပြည်ပခရီးသွားလိုင်စင်အမှတ် – (ပခ-၀၀၁၂)
အမှတ်(၁၀၉)၊ ပထမထပ်၊ စဥ့်အိုးတန်းလမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။
☎ဖုန်း – 01 378503, 378127, 250734, 371105, 381213, 373270
📲Viber :09777250050, 09779999146, 09779999147
#tourdemyanmar #japan #vacation #trip #fun
#happy #newyear #November #Dece