လူတိုင်းမှာ စိတ်ကူးအိပ်မက်တွေရှိကြပါတယ်။ ကျွန်တော့်စိတ်ကူးအိပ်မက်ကရော ဘာဖြစ်မယ်ထင်လဲ?
ပြောရရင်တော့ စိတ်ကူးယဉ်တယ်ပေါ့ဗျာ။
တကယ်တော့ ဟိုးအရင်ကတည်းက ကျွန်တော်အမြဲစိတ်ကူးယဉ်နေတဲ့ အိပ်မက်ကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ အီဖယ်တာဝါ ကို ကိုယ်ချစ်တဲ့သူနဲ့ သွားချင်တာဗျ။
ကိုယ်ချစ်တဲ့သူနဲ့ အီဖယ်မျှော်စင်ကိုကြည့်ပြီး ဝိုင်ခွက်ကို အတူသောက်ရတဲ့ အရသာကဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်မလဲ….စဉ်းစားရင်းတောင် ပျော်လာပြီဗျာ….
တစ်နေ့ ကျွန်တော်သွားရင် အီဖယ်တာဝါနဲ့ ဓာတ်ပုံလှလှလေးတွေ ဘယ်လိုရိုက်မလဲဆိုတာတောင် စဉ်းစားထားပြီးသား….
သူများတွေ ဘယ်လိုပုံလေးတွေ ရိုက်ကြလဲဆိုတာတောင် ရှာပြီး ဓာတ်ပုံလေးတွေစုထားသေးတယ်။
တိုးဒီမြန်မာကလည်း ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ့် ခရီးစဉ်လေးကို ကျွန်တော့် စိတ်တိုင်းကျလုပ်ပေးမယ်ဆိုတော့ ခရီးသွားရတော့မယ်လို့ စဉ်းစားလိုက်တိုင်းကို ကျွန်တော်အမြဲ စိတ်လှုပ်ရှားရတယ်။ ကျွန်တော့်ရဲ့ ဖူးစာဖက်လေးနဲ့ကလည်း စိတ်ကူးချင်းထပ်တူဆိုတော့ ပျော်စရာပေ့ါဗျာ။
ကျွန်တော့်စိတ်ကူးအိပ်မက်တွေ လက်တွေ့မှာ တကယ်ဖြစ်လာဖို့ကူပြီး အကောင်ထည်ဖော်ပေးတဲ့ တိုးဒီမြန်မာကိုလည်း ကျေးဇူးအထူးတင်ရင်း……
ကျွန်တော်စုထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း အားလုံးသိအောင်မျှဝေပေးလိုက်ပါတယ်။
ကဲ ခင်ဗျားတို့ရဲ့ စိတ်ကူးအိပ်မက်ကရော ဘာတွေဖြစ်မလဲ..?