ချင်းမိုင်ရဲ့ တူယှဉ်နွှဲပြိုင် တန်ဆောင်တိုင်

thumbnail

ဆီမီးငယ်ထိန်လင်းလို့ သီတင်းကျွတ်ပြီးရင်တော့ ၊ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင်ပွဲကို တိုးဒီတို့ ခရီးသွား ချစ်ဧည့်သည်တွေနဲ့ အတူ တူယှဉ်နွှဲပြိုင်ဖို့ ချင်းမိုင် လွှိူင်ကရသုန်ပွဲ (ခေါ်) ဆီမီးရေမျှောပွဲလေးကို ကိုယ်တိုင်ပါဝင် လို့ရတဲ့ အခွင့်အရေးလေး ထပ်မံရောက်ရှိလာပြီဖြစ်လို့ အသိပေးလိုက်ပါတယ်နော်။

အရှေ့တောင်အာရှသားတွေရဲ့ အကြွယ်ဝဆုံးဖြစ်တဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေထဲက နှစ်စဉ် နိုဝင်ဘာလရဲ့ လပြည့်ညလေးမှာ တူညီစွာကျင်းပလေ့ရှိတဲ့ ပွဲတော်လေးကတော့ မြန်မာတန်ဆောင်တိုင်၊ ကမ္ဘော ဒီးယားရဲ့ ဘုန်အွမ်တုတ် (Bon Om Tuk) ပွဲတော်နဲ့ ချင်းမိုင်ရဲ့ လွှိုင်ကရသုန်(Loy Krathong) ပွဲတော်တို့ ဖြစ်ပါတယ်။

ဒါကြောင့်တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပလေ့ရှိတဲ့ ဆီမီးရေမျှောပွဲလေးမှာ ရည်မွန်တဲ့ ဆုမွန်ကောင်းလေးတွေ ဆုတောင်းကြရင်း ဆီမီးလေးတွေ အတူတူရေမျှောကြဖို့ တိုးဒီရဲ့ နိုဝင်ဘာ ချင်းမိုင်ခရီးစဉ်လေးကို လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်…..

ဆီမီးရေမျှောပွဲတော်လေး အပါအဝင် သွားရောက်လည်ပတ်မည့် နေရာတွေကတော့-

– ချင်းမိုင်ညဈေးများထဲမှ အကြီးဆုံးတစ်ခုဖြစ်တဲ့ လမ်းလျှောက်ညဈေး Sunday Night Market
– အနုပညာလက်ရာများစွာကို လေ့လာနိုင်မယ့် နာမည်ကျော် White Temple (ခေါ်) Rong Khun
– ချင်းမိုင်မြို့တွင်သာ မြင်တွေ့နိုင်မယ့် Blue Temple (ခေါ်) Rong Suea Ten Temple
– ထိုင်းရိုးရာ ယဉ်ကျေးမှုလက်မှုပညာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ BannDam (ခေါ်) Black House Museum
– အညောင်းအညာပြေပြီး လန်းဆန်းစေရန်အတွက် Hot Spring ရေပူစမ်း
– ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရုက္ခဗေဒဥယျာဉ်ဖြစ်တဲ့ Royal Flora Ratchaphruek
– 3D ရုပ်ကြွပန်းချီများရှိရာ Art In Paradise
– ကမ္ဘာကျော် ကုန်ပစ္စည်းတံဆိပ်မျိုးစုံကို တစ်နေရာတည်းတွင် ရရှိနိုင်မယ့် Central Festival Mall
– ဆုတောင်းမီးပုံးလေးတွေ ရေထဲမှာမျှောပြီး ဆုတောင်းနိုင်ဖို့ ပင်းမြစ်ကို သွားလည်မယ်
– ထိုင်းလူမျိုးတို့ရဲ့ အလေးအမြတ်ထားရာ ဗုဒဘာသာ ဘုရားကျောင်း Phrathat Doi Suthep (ခေါ်) Mountain Top
– ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ မြန်မာဘုရားကျောင်း Wat Sai Moon
– မြဘုရား ကိန်းဝပ်စံပယ်ရာ ဘုရားကျောင်းကြီး Wat Chedi Luang
– အနုပညာလက်မှုပစ္စည်းနှင့် နိုင်ငံကျော် အမှတ်တံဆိပ်များ ရောင်းချရာ Central Airport Plaza နှင့် Robison အစရှိတဲ့ နေရာများကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

ခရီးသွားဧည့်သည်များ ခရီးသွားဖို့ သုံးလိုက်ရတဲ့ ငွေကြေး နဲ့ ထိုက်တန်တဲ့ ကောင်းမွန်သော ဝန်ဆောင်မှု၊ ပြည့်မှီသောအရည်အသွေး၊ခရီးသွားကျွမ်းကျင်သောအုပ်စုခေါင်းဆောင်များနဲ့အတူ အမြဲသက်သောင့်သက်သာ ရှိပြီး ပျော်စရာကောင်းတဲ့ ခံစားမှုမျိုးကို ခံစားရစေမယ့် တိုးဒီမြန်မာကို ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

ခရီးစဉ် အသေးစိတ်ကို Viber, Facebook Chat Box တို့မှလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
တိုးဒီ နဲ့ GO ပြီ။
ပြည်ပခရီးသွားလိုင်စင်အမှတ် – (ပခ-၀၀၁၂)
အမှတ်(၁၀၉)၊ ပထမထပ်၊ စဉ့်အိုးတန်းလမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – 01 378503, 378127, 250734, 371105, 381213, 373270
Viber :09777281818, 09777250050, 09779999146, 09779999147

#tourdemyanmar #chiangmai
#november #vacation
#holiday
#တန်ဆောင်တိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top
Copyright©2019 Tourde Myanmar. All rights reserved.