Singapore Tour

Departure Date

Day 1 of Month

Duration

4 days

Views

695

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - စင်္ကာပူ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ( / ) ဖြင့် ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိပါမည်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ ချန်ဂီလေဆိပ်တွင်လာရောက် ကြိုဆိုပြီး စင်္ကာပူမြို့တွင်းလှည့်လည်ရေး အစီအစဉ် အနေဖြင့် Merlion Park Suntec City, Parliament House, City Hall, Esplanade တို့တွင် အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်ရန် လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် ရောက်ရှိသော အချိန်ပေါ်မူတည်၍ အဝတ်အထည်၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းများ ၀ယ်ယူနိုင်ရန် စျေးဝယ်စင်တာများသို့ လိုက်ပါပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ထို့နောက် ညစာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check–In ၀င်ရောက်ပြီးတစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 2

စင်္ကာပူ

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Sentosa ကျွန်းသို့သွားပြီး Singapore Sea Aquarium (စင်္ကာပူငါးပြတိုက်) တွင်ဝင်ရောက်ကြည့်ရူ့လေ့လာပါမည်။ ထို့နောက် Unversal Studio တွင် ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းသော ကစားနည်းများကို လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲပြီး 4Dရုပ်ရှင်နှင့် ဖျော်ဖြေပွဲများကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ Universal Studio ကစားကွင်းအတွင်းရှိ ပျော်ရွှင် ရင်ခုန်ဖွယ်ကောင်းသော Rollar Coasterများ၊ စိတ်လှုပ်ရှားဖွယ် Transformer စီးခြင်း၊ ခေတ်မီဆန်းသစ်လှပသောအပြင် အဆင်များဖြင့်ပြုလုပ်ထားသော Far Far Away ကဇာတ်ရုံကြီး၊ အ့ံသြရင်ခုန်ဖွယ် မာမီကစားနည်းများ နှင့် များပြားလှသော ကစားနည်း မျိုးစုံကို လွတ်လပ် ပျော်ရွှင်စွာ ပါ၀င်ဆင် နွှဲနိုင်ပါသည်။ နေ့လည်စာကို Universal Studio အတွင်းတွင် သုံးဆောင်ရမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Universal Studio အတွင်းလွတ်လပ်ပျော်ရွှင်စွာ အလှဓာတ်ပုံရိုက်ကူးပြီး ညစာကိုစင်္ကာပူနိုင်ငံရှိ Local Restaurant တွင် သုံးဆောင်မည် ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် စွဲမက်ဖွယ် ရေပန်းအကအလှ ဖြစ်သည့် ပင်လယ်ဂီတသံခေါ် Wings of Times ကပြ ဖျော်ဖြေမှုကို ကြည့်ရှု ခံစားပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
Day 3

စင်္ကာပူ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အာရှပစိဖိတ်ဒေသတွင် အကြီးဆုံး ငှက်ဥယျာဉ် တစ်ခု ဖြစ်သော Jurong Bird Park သို့သွားရောက် လည်ပတ်ပါမည်။ ငှက်မျိုးစိတ်ပေါင်း ၄၀၀ကျော် နှင့် ငှက်ကောင်ရေ ၅၀၀၀ကျော်ကို ဥယျာဉ်အတွင်းရ ထားလုံးဖြင့် သဘာဝအတိုင်းလေ့လာရင်း ငှက်ကလေးများ၏ ကပြဖျော်ဖြေမှု တို့ကို ပျော်ရွှင်အံ့သြဖွယ် ကြည့်ရူ့ရပါမည်။ စင်္ကာပူနိုင်ငံ၏ တိုးတက်မှုကို ဖော်ညွှန်းသော Garden By the Bay သို့ ပို့ဆောင်ပေးပြီး ဥယျာဉ်အတွင်းတွင် Flower Dome ဟုအမည်တွင်သော လှပသော ပန်းမျိုးစုံများရှိရာ ဥယျာဉ်သို့သွားရောက် လေ့လာအလှ ဓါတ်ပုံ ရိုက်ကူးမည် ဖြစ်ပါသည်။ ထို့အပြင် ခေတ်မီဆန်းသစ်သော နည်းပြများနှင့် ပြုလုပ်ထားသော Cloud Forest ထပ်မံသွားရောက် လေ့လာမည်ဖြစ်ပါသည်။ ရေရှားပါးသော နိုင်ငံဖြစ်သည့် အလျှောက် Water Cycle နည်းပညာသစ်များဖြင့် သစ်တောတစ်ခုလုံး အေးစိမ့်အောင်ပြုလုပ်ထားနိုင်ပြီး ဆွဲဆောင်ထားသော Cloud Forest အတွင်းလေ့လာ လည်ပတ်ကြမည်ဖြစ်ပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံ၏ စျေးဝယ်လမ်းမကြီးတစ်ခုဖြစ်သော Orchard လမ်းမကြီး သို့ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ နေ့လည်စာနှင့် ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင် ရမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူ မည်ဖြစ်ပါသည်။
Day 4

စင်္ကာပူ - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗုဒ္ဓစွယ်တော်သို့ သွားရောက်ဖူးမြော်ပါမည််။ ထို့နောက် စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင် ပေးမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် (/) ဖြင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။

Talk to our exploore expoert

အရှေ့တောင်အာရှရဲ့ ကျားတစ်ကောင်လို့ သတ်မှတ်ထားရှိခြင်းခံရတဲ့ စင်္ကာပူဟာ သန့်ရှင်းခြင်း၊ စည်းကမ်းရှိခြင်း၊ စိမ်းလန်းစိုပြေခြင်းတို့အမြင့် စီးပွားရေးဖွံ့ဖြိုးမှု ပြယုဒ်အဖြစ် ခံ့ညားလှသော ဗိသုကာလက်ရာ အဆောက်အဦးများဖြင့် လာရောက်လည်ပတ်သူ အားလုံးကို စွဲဆောင်မှုအပြည့်ဖြင့် ကြိုဆိုလျှက်ရှိပါတယ်။ အဓိကသွားလည်သင့်တဲ့နေရာတွေကတော့ Merlion Park ၊ Sentosa ကျွန်းပေါ်တွင် တည်ဆောက်ထားသော Universal Studio ၊ စင်္ကာပူကို ဥယျာဉ်ထဲကမြို့တော်အဖြစ်သို့ ပြောင်းလဲစေသော Garden By The Bay နှင့် သဘောင်္ပုံ ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ်ကြီးတို့ပဲ ဖြစ်ပါသည်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com