Penang - Langkawi Tour

Departure Date

Day 1 of Month

Duration

5 days

Views

865

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ပီနန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် AK 1509 ( 1140/ 1535 )ဖြင့် ပီနန်အပြည်ပြည်ဆိုင်ရာ Bayan Lepas (ဘယန်လီပက်စ်) လေဆိပ်သို့ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ပထမဦးစွာ Georgetown သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့နောက် ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင်သုံးဆောင်ပြီး ဟိုတယ်တွင် Check – In ၀င်ရောက်ပြီး တစ်နေ့တာပင်ပန်းသမျှကိုအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2

ပီနန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မြွေဘုရား (Snake Temple)နှင့် တန်ခိုးကြီးလျောင်းတော်မူဘုရား တစ်ဆူဖြစ်သော (Wat Chaiya Mangkalarm) ဘုရားသို့ လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ထို့နောက်နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်အရှေ့တောင်အာရှတွင် အကြီးဆုံး တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း အဖြစ်ကျော်ကြားသော (Kek Lok Si) သို့သွားရောက် လေ့လာကြပါမည်။ ထို့နောက် တောင်ပေါ်တက်သော ရထားလေးကို ကိုစီးရင်း ပတ်ဝန်းကျင်တောတောင် ရေမြေသဘာဝအလှနှင့် ညနေဆည်းဆာအလှကို ကြည့်ရှုခံစားရန် Penang တောင်ပေါ်သို့ တက်ရောက်ပြီး လှပသောရှုခင်းများနှင့် အလှဓါတ်ပုံများရိုက်ကြပါမည် ။ ထို့နောက် ညစာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ထိုတစ်ညတာ အတွက်ဟိုတယ်တွင်အေးချမ်းစွာအိပ်စက် အနားယူမည်ဖြစ်ပါသည် ။
Day 3

ပီနန် - လန်ကာဝီ (Jetty)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် လန်ကာဝီမြို့သို့ ထွက်ခွာမည်ဖြစ်ပါသည်။ ထို့နောက် လန်ကာဝီမြို့တွင်း လှည့်လည်ခြင်း အစီအစဉ်အနေဖြင့် လန်ကာဝီကျွန်း၏ သင်္ကေတတစ်ခုဖြစ်သော သိမ်းငှက်ရုပ်တုဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ထို့နောက် နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင်ပါမည် ။ ဆက်လက်၍ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က မာစူရီ (Mahsuri) မင်းသမီးလေး၏ အရိုးဂူသို့ သွားရောက်လေ့လာမည်ဖြစ်ပါသည်။ မာစူရီမင်းသမီးလေးကို လက်နက်အမျိုးမျိုးနဲ့ သေကြောင်းကြံခဲ့ပေမယ့် သတ်လို့မရခဲ့ပါ။ နောက်ဆုံးတော့ မာစူရီကိုယ်တိုင်က သူ့အိမ်မှာရှိတဲ့ လက်နက်တစ်မျိုးနဲ့သာ သူ့ကို အဆုံးစီရင်နိုင်ကြောင်း ဖွင့်ပြောခဲ့တယ်။ ဖြူစင်ခြင်းရဲ့ သက်သေအဖြစ် ဒဏ်ရာတွေကနေ အနီရောင်သွေးတွေအစား အဖြူရောင်သွေးတွေ မြေခခဲ့ပါတယ်။ စိတ်ဝင်စားဖွယ် မာစူရီ မင်းသမီးလေး၏ အရိုးဂူသို့ သွားရောက်ပတ်ပြီး Gallery Perdana ပြတိုက်သို့ သွားရောက်လေ့လာ လည်ပတ်ပါမည် ။ ထို့နောက် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ Check In ၀င်ရောက်ကာ အေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည် ။
Day 4

လန်ကာဝီ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သဘာဝ အလှတရားများ တည်ရှိရာ လန်ကာဝီကျွန်းများ၏ ပျော်ရွင်ဖွယ်ခရီးကိုစတင်ပြီး ပထဆုံး အနောက်တောင်ဘက်ရှိ Pulau Singa Besar ကျွန်းသို့ Speed boat ဖြင့်သွား ရောက်လည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီး Pulau Dayang Bunting ကျွန်းနှင့် Beras Basah ကျွန်းများသို့ သွားရောက်လည်ပတ်ပါမည် ။ ကျွန်းများသို့ရောက်ရှိပါက၊ ရေကူးခြင်း၊ ငါးများနှင့် သိမ်းငှက်လေးများအား အစာကျွေးခြင်း၊ ဒီရေတောများအတွင်း သွားရောက်လည်ပတ်ခြင်းဖြင့် အပန်းဖြေနိုင်ပြီး အလှဓာတ်ပုံများ လည်းရိုက်ကူးပါမည် ။ ထို့နောက် ရင်ခုန်ပျော်ရွှင်ဖွယ်ရာများနှင့် ပြည့်နှက်နေသော Oriental Village သို့သွားရောက်လည်ပတ်အပန်းဖြေပါမည် ။ ပြီးနောက် ညစာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါမည် ။
Day 5

လန်ကာဝီ - ရန်ကုန်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် လန်ကာဝီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် AK 6305 (1325/1430) ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် AK 502 ( 1750/1900) ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည် ။