Korea Tour

Departure Date

Day 1 of Month

Duration

8 days

Views

670

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ဂျယ်ဂျူးကျွန်း (တိုက်ရိုက်ပျံသန်းမှု)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့အဲယားဝေး အင်တာနေရှင်နယ် လေကြောင်းခရီးစဉ်အမှတ် (8M 10:00/06:00) ဖြင့် ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းသို့ တိုက်ရိုက်ပျံသန်းမည် ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2

ဂျယ်ဂျူးကျွန်း

နံနက်စောစောတွင် ဂျယ်ဂျူးကျွန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းစဉ် မိမိစာအုပ်တွင်ပါရှိသော ကိုရီးယားဗီဇာပေါ်တွင် တုံးထုရန် မလိုအပ်သည့်အတွက် တုုံးထုလိုက်ပါက အုပ်စုခေါင်းဆောင်အား ချက်ချင်းအကြောင်းကြားပေးရမည်ဖြစ်ပါသည်။ ဂျယ်ဂျူးလေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး နံနက်စာသုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးပါက Mysterious Road ခေါ် ပဟေဋိလမ်းမသို့ သွားရောက်လေ့လာပါမည်။ ဆက်လက်၍ နဂါးဂေါင်းပုံ Yongduam ကျောက်ဆောင်သို့ သွားရောက်ပြီး ပင်လယ်နောက်ခံဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် ၀က်ဝံရုပ်ပေါင်းများစွာဖြင့် အလှဆင်ထားသော Teddy Bear Museum သို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာကို Grilled Fish Set Menu ဖြင့် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဆက်လက်၍ ဂျယ်ဂျူးကျွန်းတောင်ဘက်ရှိ မီးတောင်ဟောင်းပေါက်ကွဲမှုကြောင့် ချော်ရည်များအေးခဲရာမှ ဖြစ်ပေါ်လာသော ကျောက်ဆောင်ဥယျာဉ်ခေါ် ဂျူဆန်းဂျော်လီ ကျောက်ဆောင်နှင့် ဂျယ်ဂျူးကျွန်း၏အလှပဆုံး ရေတံခွန်တစ်ခုဖြစ်သော “Cheonjiyeon Water Fall” (ချွန်းဂျီယွန်းရေတံခွန်) သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ညစာကို Jeju Black Pork BBQ ဖြင့် သုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 3

ဂျယ်ဂျူးကျွန်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဂျယ်ဂျူးကျွန်း အရှေ့ဘက်တွင် တည်ရှိသော ဆောင်းငုလီ ကိုရီးယားတိုင်းရင်း ကျေးရွာသို့ သွားရောက်လည်ပတ်ပါမည်။ ၁၄ရာစုတွင် တည်ဆောက် ခဲ့သော ရှေးဟောင်းခံတပ်နှင့် ကိုရီးယား လူနေမှုဘဝပုံစံတို့ကို လေ့လာနိုင်ပြီး ကျေးရွာအတွင်း လှည့်ပတ်ကြည့်ရှုပါမည်။ ထို့နောက် အမြင်အာရုံကို လှည့်စားနိုင်စွမ်းရှိသော Trick Art Museum သို့ ၀င်ရောက်ကြည့်ရှုပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး Seafood Steam boat soup ဖြင့် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက UNESCO မှ သဘာဝအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရသော အာရုဏ်ဦးတောင်ထိပ်ခေါ် Sunrise Peak သို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင် အလှအပတို့ကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ထို့နောက် ရေငုပ်သင်္ဘောစီးပြီး ပင်လယ်ရေအောက်သဘာဝ အလှအပများကို (Submarine ride) ဖြင့် အံ့သြဖွယ်ရာရှုမြင်ကြရပါမည်။ Stir-Fried Pork ဖြင့် ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 4

ဂျယ်ဂျူး - ဘူဆန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဂျယ်ဂျူးလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Air Busan လေကြောင်းခရီးစဉ် (BX 8132 09:10/10:00) ဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိတယအကြီးဆုံးမြို့တော် ဘူဆန်မြို့သို့ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဘူဆန်သို့ရောက်ရှိပါက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကျင်းပရာ PIFF ရင်ပြင်နှင့် Nampodong Market သို့သွားရောက်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ နေ့လည်စာကို Jagalchi seafood buffet ဖြင့် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဘူဆန်ကမ်းခြေသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အာရှ-ပစိဖိတ် ထိပ်သည်းစည်းဝေးပွဲကျင်းပရာ အမှတ်တရ အဆောက်အဦးဖြစ်သော APEC HOUSE သို့ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ ဘူဆန်မြောက်ဖက်စွန်း ပင်လယ်ကမ်းစပ်တွင် တည်ရှိသော ဆုတောင်းပြည့် Haedong Yonggungsa Temple သို့ သွားရောက်လည်ပတ်ပြီးနောက် Korea Set Menu ဖြင့် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 5

ဘူဆန် - ဂျောင်းဂျူး - ဆူဝန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက တစ်ချိန်တစ်ခါက ရှီလာတိုင်းပြည်အဖြစ် သမိုင်းဝင်ထင်ရှားကျော်ကြားပြီး UNESCO မှ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များထိမ်းသိမ်းထားရှိရာ ဂျောင်ဂျူးမြို့သို့ ကားဖြင့်သွားရောက်လည်ပတ်ပါမည်။ တိုဟန်တောင်စောင်းဂူအတွင်းတွင် တည်ထားကိုးကွယ်သော ရှိလာတိုင်းပြည်၏ အကောင်းဆုံးလက်ရာ တစ်ခုဖြစ်သော ဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမျှော်ပါမည်။ ဆက်လက်၍ ရှီလာမင်းဆက်၏တော်ဝင် ဂူသဂျိုင်းများတည်ရှိရာ Tumuli ပန်းခြံနှင့် အာရှတွင် ရှေးအကျဆုံး နက္ခတ်ဗေဒ မျှော်စင်ဟု သတ်မှတ်ထားခြင်းခံရသော Cheomseongdae မျှော်စင်အား သွားရောက်လေ့လာပါမည်။ ညနေခင်းတွင် ဆူဝန်မြို့သို့ ကားဖြင့် ဆက်လက်ထွက်မည်ဖြစ်ပြီး လမ်းခရီးတွင် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဆူဝန်ရှိ ဟိုတယ်သို့ Check in ၀င်ရောက်ပြီး တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 6

ဆူဝန် - ဆိုးလ်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကိုရီးယားအစားအစာတစ်ခုဖြစ်သော ကင်ချီပြုလုပ်သောနေရာသို့ သွားရောက်ပြီး မိမိကိုယ်တိုင်ပါဝင်၍ ကင်ချီလက်တွေ့ပြုလုပ်ကြပါမည်။ ဆက်လက်၍ အရောင်အသွေးစုံလင်လှသော ဟန်းဘုတ် (Hanbok) ခေါ် ကိုရီးယား ရိုးရာဝတ်စုံများကို ဝတ်ဆင်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ ထို့နောက် ဆိုးလ်မြို့၏ ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး ကစားကွင်းတစ်ခုဖြစ်သော Everland သို့ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ Everland ကစားကွင်းရှိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အမျိုးမျိုးသော Roller Coaster များ၊ T Express Rolling – X Traing ၊ Herky & Timmy’s Racing၊ Dragon Coaster ၊ Hurricane များ နှင့် အခြားကစားနည်းများစွာကိုလည်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲကြပါမည်။ ဆက်လက်၍ Safari park အတွင်း ကားဖြင့်လှည့်လည်ကြည့် ရှု့ခြင်း၊ 4 Season Garden တွင် ရောင်စုံပန်းမျိုးစုံများနှင့် ယှဉ်တွဲဓါတ်ပုံရိုက်ပြီး ကစားကွင်းအတွင်း တနေကုန် လည်ပတ်ကြပါမည်။ နေ့လည်စာကို ကစားကွင်းအတွင်းရှိ Local Restaurant တွင် ကူပွန်လက်မှတ်ဖြင့် သုံးဆောင်ပါမည်။ ညနေခင်းတွင် Everland ကစားကွင်းမှ ပြန်လည်ထွက်ခွာလာပြီး ထို့နောက် ဆိုးလ်မြို့တစ်ခုလုံးကို အပေါ်စီးမှု ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမည့် ဆိုးလ်တာဝါသို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို Korean BBQ ဖြင့် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 7

ဆိုးလ်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကိုရီးယားလူမျိုးတို့ အမြတ်တနိုး တန်ဖိုးထား စိုက်ပျိုးသော ဂျင်းဆင်းစိုက်ပျိုးနည်းအဆင့်ဆင့်ကို ပြခန်းတွင် သွားရောက်လေ့လာပြီး ဂျင်းဆင်းဖြင့်ပြုလုပ်သော တိုင်းရင်းဆေးအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းများကို ၀ယ်ယူနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးပါက နာမည်ကျော် ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခဲ့သော Nami ကျွန်းရှိ ဟေမာန်ဆောင်း၏ ချစ်သံစဉ် ဇာတ်လမ်းရိုက်ကူးရာ ( Winter Sonata Shooting Place ) သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ညနေခင်းတွင် နောက်ဆုံးပေါ်ဖက်ရှင် ဒီဇိုင်းအဝတ်အစားများ နှင့်အလှကုန်ပစ္စည်းများကို တနေရာတည်းတွင်စုံလင်စွာ ရောင်းချသော Dongdaemun Shopping street သို့ လွတ်လပ်ပျော်ရွှင်စွာစျေးဝယ်ကြပါမည်။ ညစာကို ကျောက်အိုးပူ ထမင်းသုတ်ဖြင့် တည်းခင်းဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 8

ဆိုးလ် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကိုရီးယားနိုင်ငံ၏ တွင်းထွက်ကျောက်မျက်ရတနာ တစ်ခုဖြစ်သော ခရမ်းဆွဲကျောက်များဖြင့် ပြုလုပ်ထားသော ဖက်ရှင်ကျလှပသည့် လက်ဝတ်ရတနာဆိုင်သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟန်မြစ်အတွင်းတွင် အပျော်စီးသဘောင်္ဖြင့် လှည့်လည်ရင်း ဆိုးလ်မြို့တော်၏အလှကို မြစ်တွင်းမှကြည့်ရှုခံစားမည်ဖြစ်ပါသည်။ နေ့လည်စာကို Under the sea buffet ဖြင့်သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဆိုးလ်မြို့တော်၏ အထင်ကရ နေရာတစ်ခုဖြစ်သော သမ္မတအိမ်တော် Blue House သို့သွားရောက်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံများ ရိုက်ယူကြပါမည်။ ထို့နောက် ဂျိုဆွန်မင်းလက်ထက် ၁၃ ရာစုတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉ရာစုတွင် ပြန်လည်ပြုပြင်မွမ်းမံထားသော သမိုင်းဝင် ဂျောင်ဘုတ်ဂန်း နန်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဆိုးလ်မြို့၏ အလှပဆုံးနေရာတစ်ခုဖြစ်သော မြို့လည်စမ်းချောင်းလေးစီးဆင်းရာ Cheonggye Stream သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် အကောက်ခွန်လွတ် ပစ္စည်းများရောင်းချရာ Duty Free စင်တာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက အင်ချွန်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး မြန်မာ့အဲယားဝေး လေကြောင်းခရီးစဉ် (8M ) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

ကိုရီယားနိုင်ငံဟာ သမိုင်းအကြောင်းအရလည်း အထင်ကရရှိခဲ့တဲ့ နိုင်ငံတစ်ခုဆိုတာ ကိုရီးယား ရာဇဝင်ကားများ၊ နန်းတွင်းကားများကို ကြည့်ခြင်းအားဖြင့်သူ့နိုင်ငံ၊ သူ့သမိုင်းကို သိသင့် သလောက် သိကြပြီးပြီးလို့ထင်ပါတယ်။ ပဲခေါက်ဆွဲနဲ့တော့ပူကီ၊ ကင်မ်ချီနဲ့ကျောက်အိုးပူထမင်းသုပ်၊ ကြက်ကောင်လုံးဂျင်ဆင်းဆန်ပြုတ်၊ ဆလတ်ရွတ်နဲ့ ကိုရီးယားအသားကင် စတဲ့အစားအစာတွေကတော့ တိုးဒီတို့ရွှေမြန်မာတွေအတွက် ခံတွင်းတွေ့စေပါတယ်။ နောက်ထပ် ဆွဲဆောင်မှုတစ်ခုကတော့ ကိုရီးယားမင်းသားချော ဘေယောင်ဂျွန်း ပါ၀င်သရုပ်ဆောင်ထားတဲ့ ဟေမာန်ဆောင်းရဲ့ ချစ်သံဇဉ် ဇာတ်ကားရိုက်ကူးခဲ့တဲ့ နမိကျွန်းလေးရဲ့ ပထမဦးဆုံးအနမ်း (First Kiss) ပေးတဲ့နေရာလေးကလဲ မဖြစ်မနေ သွားရောက်လည်ပတ်ရတဲ့နေရာတွေထဲက တစ်ခုအပါ၀င်ဖြစ်ပါတယ်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com