Japan Tour

Departure Date

Day 1 of Month

Duration

9 days

Views

749

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ဆိုင်ဂုံ - အိုဆာကာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ ဗီယက်နမ် အဲယားလိုင်း လေကြောင်းခရီးစဉ် (VN 942 12:10- 15:00) ဖြင့် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆိုင်ဂုံလေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ရန်ကုန်မြို့သိမ်ကြီးစျေးကဲ့သို့ စည်ကားလှပြီး လက်လီလက်ကားရောင်းချရာ Ben Thanh စျေးရုံကြီးသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးပါက လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဗီယက်နမ် အဲယားလိုင်း လေကြောင်းခရီးစဉ် (VN 320 00:10-07:20) ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ဆက်လက်ပျံသန်းမည်ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2

အိုဆာကာ - နာရာ - အိုဆာကာ

နံနက်စောစောတွင် ဂျပန်နိုင်ငံ အိုဆာကာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ပထမဦးစွာ နံနက်စာ သုံးဆောင်ပါမည်။ နံနက်စာ သုံးဆောင်ပြီးနောက် အိုဆာကာမြို့မှ ထွက်ခွာလာပြီး နာရာမြို့ဟောင်းသို့ သွားရောက်လေ့လာပါမည်။ နာရာမြို့ဟောင်းတွင် (၈)ရာစု အစောပိုင်းတွင် တည်ဆောက်ထားသည့် UNESCO ၏ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်ဇုံတစ်ခု အနေဖြင့် သတ်မှတ်ခြင်းခံရသော Todai-Ji Temple ဘုရားကျောင်းနှင့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်ကြီးအား သွားရောက်ဖူးမြှော်ပြီးနောက် နာရာပန်းခြံ (သို့မဟုတ်) သမင်ဥယျာဉ်သို့လည်း သွားရောက်လည်ပတ်ပါမည်။ ထိုနောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အိုဆာကာမြို့တော်၏ သမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သော အိုဆာကာရဲတိုက်သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူကြပါမည်။ ဆက်လက်၍ အိုဆာကာမြို့တွင်းသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာ ( Shinsaibashi Shopping Mall ) တွင် ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ပြီးလျှင် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Day 3

အိုဆာကာ - ကျိုတို - နာဂိုယာ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကျည်ဆံရထားဖြင့် ကျိုတိုမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ကျိုတိုမြို့သို့ရောက်ရှိပါက သူတော်စင်များ နေထိုင်ရာ Fushiminari Shrine သို့သွားရောက်ပြီး အနီရောင်တိုင်လုံးများဖြင့် လှပစွာ ခင်းကျင်းထားသော လမ်းမတစ်လျှောက် တက်ရောက်ကြည့်ရှုပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ရွှေနန်းတော် အဖြစ်မှ ဇင်ဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ် ပြောင်းလဲထားပြီး အပေါ်ကျောင်းဆောင် နှစ်ထပ်အား ရွှေချထားသော Kinkakuji Temple သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဂျပန်ပိုးဖြင့် ရက်လုပ်သော ကီမိုနိုအထည်များ ရောင်းချရာ Nishijin Orikaikan သို့သွားရောက်လေ့လာပြီး ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Day 4

နာဂိုယာ - ကာဝါဂူချီကို

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Shizuoka မှတဆင့် နတ်ရေကန်ဟု တင်စားခေါ်ဝေါ်သော ဖူဂျီတောင်ခြေတွင် ရှိသော Oshino Hakkai သို့ သွားရောက် လေ့လာပြီး ဖူဂျီတောင်ကို နောက်ခံထားပြီး အလှဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဖူဂျီယာမတောင် ( Mt.Fuji ) သို့သွားရောက်လည်ပတ်ပါမည်။ ဖူဂျီယာမတောင်တက်ရာတွင် စခန်း (၁၀) ခုရှိပြီး ရာသီဥတုပေါ်မူတည်၍ ကားဖြင့် စခန်းအမှတ် (၅) အထိ သွားရောက်ပြီး ဖူဂျီတောင်၏ သဘာဝ ပတ်ဝန်းကျင်အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် ညစာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 5

ကာဝါဂူချီကို - တိုကျို

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Ashi Lake သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Ashi ကန်အတွင်းတွင် သဘောင်္လှည့်လည်စီးနင်းပြီး သဘာဝပတ်ဝန်းကျင်အလှကို ကြည့်ရှု့ခံစားပါမည်။ ဆက်လက်၍ ဖူဂျီတောင်မှ နှင်းများအရည်ပျော်ရာမှ ဖြစ်ပေါ်လာသော သဘာဝရေကန်ငယ်များ တည်၇ှိရာ Oshinohakkai သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ကမာကူရမြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာလာပြီး ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးဆုံး နာမည်ကျော်ကြား လူသိများသော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကမာကူရ ဘုရားဆင်းတုတော်ကြီးကို သွားရောက် ဖူးမြှော်ပါမည်။ ထို့နောက် တိုကျိုမြို့သို့ ဆက်လက် ထွက်ခွာပြီး ဂျပန်နိုင်ငံတွင် နာမည်ကြီး လူကြိုက်များပြီး လူစည်ကားရာ Shinjuku သို့ သွားရောက်လည်ပတ်ပြီး လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပြီးနောက် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် တိုကျိုမြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Day 6

တိုကျို

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် တိုကျိုမြို့တွင် သက်တမ်းအကြာဆုံး ဘုရားကျောင်း တစ်ကျောင်းဖြစ်သော Asakusa Sensouji Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ Asakusa ဘုရားကျောင်းတွင် ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု့ ဓလေ့ထုံးစံနှင့် ဗိသုကာ လက်ရာများကို လေ့လာပြီးနောက် ဘုရားကျောင်း ပတ်ဝန်းကျင်တွင် စားသောက်ဆိုင်များ၊ အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်များဖြင့် အထူးပင်စည်ကားလှသော Nakamise Street သို့ သွားရောက်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်ပါသည်။ ဂျပန်ရိုးရာ ဗေဒင်ဆိုင်များလည်းရှိသဖြင့် လေ့လာလိုပါက ဝင်ရောက်လေ့လာနိုင်ပါသည်။ ဆက်လက်၍ တိုကျိုတွင် အသစ်ဖွင့်လှစ်ထားရှိပြီး မိုးမျှော်သစ်ပင်ဟု့ တင်စားခေါ်ဝေါ်သည့် ဂျပန်မှာသာမက ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရုပ်သံလွှင့် တာဝါတိုင်ဖြစ်သော Tokyo Sky Tree သို့တက်ကာ မြို့အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် Odaiba မြို့သစ်သို့ သွားရောက် လည်ပတ်ပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဂျပန် ကီမိုနို်များ ရောင်းချသော Nippori Fabric Town သို့သွားရောက်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ ညစာကို ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Day 7

တိုကျို

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Imperial Palace ခေါ် ဂျပန်ဧကရာဇ် စံမြန်းရာအိမ်တော်သို့ သွားရောက်လည်ပတ်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ထိုမှတဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အကောင်းဆုံး ကစားကွင်းများရှိရာ တိုကျို Disney Land သို့ကားဖြင့် သွားရောက်လည်ပတ်ပြီး ကစားကွင်းအတွင်းတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားနည်းများနှင့် များပြားလှသော စိတ်ကြည်နှုးဖွယ်ကောင်းသော ကစားကွင်းအတွင်း တင်ဆက်မှုများကိုလည်း ကြည့်ရှု့ကြပါမည်။ ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး ဖျော်ဖြေရေး ပန်းခြံဖြစ်ပြီး တစ်နေရာတည်းတွင် တည်ရှိသော Disney Sea ရှိပြပွဲများတွင်လည်း ပါဝင်ဆင်နွဲနိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 8

တိုကျို - ဟိုချီမင်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက နာရီတာလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဗီယက်နမ်လေကြောင်းခရီးစဉ် (VN 301 09:30-13:30) ဖြင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဟိုချီမင်းလေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဆိုင်ဂုံမြို့ထဲသို့ ၀င်ရောက်လည်ပတ်ပါမည်။ ယခင်က ပြင်သစ်ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းခံခဲ့ရသော ဆိုင်ဂုံမြို့အတွင်းရှိ၊ ပြင်သစ်ရှေးဟောင်းလက်ရာ အဆောက်အဦးများအား သွားရောက်လည်ပတ်ပါမည်။ ယခင် သမ္မတအိမ်တော်ဟောင်း၊ Reunification Palace, နိုထရာဒမ် ဘုရားရှိခိုးကျောင်း (Notre Dame Cathedral) နှင့် ဗဟိုစာတိုက်ကြီး (Central Old Post Office) စသည်တို့ကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 9

ဟိုချီမင်း - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဟိုချီမင်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဗီယက်နမ်လေကြောင်းခရီးစဉ် (VN 943 09:35-11:10) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။

Talk to our exploore expoert

အရှေ့အစွန်ဖျားမှာရှိလို့ ဂျပန်ကို Far East လို့ခေါ်ဆိုကြပြီး ဂျပန်နိုင်ငံရဲ့ အလံမှာ အဖြူရောင်နောက်ခံနဲ့ နေဝန်းနီကြီးက The Land of rising sun ဆိုတာကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံရဲ့ ၂၅% နှုန်းသော ကုန်းမြေကိုသာ လူနေထိုင်လို့ရပီး ကျန်တဲ့ ရ၀% ဟာ သစ်တောနဲ့ ဖုံးလွှမ်းထားတာမို့ ဂျပန်ဟာ တောတောင်သဘာဝနဲ့ အရမ်းလှပလွန်းပါတယ်။ ဖူဂျီတောင်ကတော့ ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံးနဲ့ လာရောက်လည်ပတ်သူတိုင်းကို သူ့အလှနဲ့ ဆွဲဆောင်နိုင်လွန်း လှပါတယ်။ Golden Route လို့ သတ်မှတ်ခေါ်ဆိုတဲ့ အိုဆာကာမြို့တောက်ကနေ တိုကျိုတစ်လျှောက် ခရီးလှည့်လည် သွားလာရင်း ဖူဂျီတောင်၊ ကာမာကူရဘုရားကြီး၊ တိုကျို Disneyland စတဲ့နေရာပေါင်းများစွာကို ဂျပန်ခရီးစဉ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com