Hong Kong - Macau Tour

Departure Date

Day 1 of Month

Duration

5 days

Views

623

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ဟောင်ကောင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အမျိုးသားလေကြောင်းဖြင့် အပြည်ပြည်ဆိုင်ရာ ဟောင်ကောင်လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ဟောင်ကောင်လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် နေ့လည်စာကို ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ရေပေါ်စားသောက်ဆိုင်တစ်ခုဖြစ်သည့် Jambo Kingdom Floating Restaurant တွင် ပင်လယ်ပြင်၏ အလှကိုကြည့်ရှု့ခံစားရင်း အရသာရှိစွာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟောင်ကောင်မြို့တွင်း လှည့်လည်ခြင်းအနေဖြင့် ဟောင်ကောင်၏အမြင့်ဆုံးအငူဖြစ်သော Peace Mountain ခေါ် Victoria Peak အငူသို့ သွားရောက်၍ ဟောင်ကောင်မြို့အလှအား ကြည့်ရှု့ခံစားပြီးနောက် နာမည်ကြီး အနုပညာရှင်များ၏ လက်ရာများနှင့် ကြယ်များထားရှိရာ Garden Of Star သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကမ္ဘာကျော်မင်းသား၊ မင်းသမီးများ၏ ဖယောင်းရုပ်ထုများ ထားရှိရာ Madame Tussaud သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်နိုင်ပါသည်။ ထို့နောက်ဆုတောင်းရာတွင် ဆုတောင်းပြည့်သည်ဟု နာမည်ကျော်ကြားသော Wong Tai Sin ဘုရားကျောင်းသို့ ပို့ဆောင်ပေးပါမည်။ ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပို့ဆောင်ပေးပြီး တနေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 2

ဟောင်ကောင်

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟောင်ကောင်ရှိအကြီးဆုံးကျွန်း တခုဖြစ်သော Lantau Island သို့ Ngong Ping 360 Cable Car ကောင်းကင်ကြိုးသိုင်းရထားဖြင့် Po Lin ဘုရားကြီးအား သွားရောက်ဖူးမျှော်ပါမည်။ Po Lin တောင်ပေါ်တွင် တရုတ်သက်သက်လွတ် စားသောက်ဖွယ်ရာများကို တည်ခင်းဧည့်ခံကျွေးမွေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက သေးငယ်သော်လည်း ထင်ရှားကျော်ကြားလှသော Hong Kong Disneyland သို့သွားရောက်လည်ပတ်ကြပါမည်။ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင် အမျိုးမျိုးတို့၏ တင်ဆက်ကပြမှု တို့ကို ကြည့်ရှုခံစားရင်း ပျော်ရွှင်ဖွယ် ကစားနည်းမျိုးစုံကို ပါ၀င်ဆင်နွှဲပြီး Disneyland အတွင်းတွင် အနားယူအပန်းဖြေပါမည်။ ညစာကို Disneyland အတွင်းတွင် ကူပွန်ဖြင့် သုံးဆောင်ပြီး၊ ဆက်လက်၍ Disneyland အတွင်းတွင် ကပြတင်ဆက်သော ဖျော်ဖြေပွဲများအား ကြည့်ရှုခံစားရင်း အပန်းဖြေပါမည်။ ညစာ သုံးဆောင်ပြီးပါက Disneyland ရဲတိုက်ကြီးမှ မီးရှုး၊ မီးပန်းများဖြင့် နှုတ်ဆက်သော ညအလှကို ကြည့်ရှုခံစားပြီးနောက် ဟိုတယ်သို့ပြန်လည်ဝင်ရောက်ပြီး တစ်ညတာအေးချမ်းစွာ အိပ်ဆက်အနားယူပါမည်။
Day 3

ဟောင်ကောင်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သာယာလှပသော ကမ်းခြေတခုဖြစ်သည့် Repulse Bay တွင် အနားယူအပန်းဖြေရင်း အမှတ်တရ ဓါတ်ပုံရိုက်ကူး နိုင်ပါသည်။ ထို့နောက် Ocean Park သို့သွားရောက် လည်ပတ်ပါမည်။ Ocen Park ထဲရှိ ရှားပါးသော ရေသတ္တဝါလေးများ၏ ကပြဖျော်ဖြေမှုများကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမည် ဖြစ်ပါသည်။ နေ့လည်စာကို Ocean Park အတွင်းတွင် ကူပွန်စနစ်ဖြင့် သုံးဆောင်မည် ဖြစ်ပါသည်။ ထို့နောက် Ocean Park အတွင်းရှိ ကောင်းကင်ကြိုးရထားစီးခြင်း နှင့် များပြားလှသော ကစားနည်းမျိုးစုံ ကို ပျော်ရွှင်လွတ်လပ်စွာ ပါ၀င်ဆင်နွှဲနိုင်ပါသည်။ ညစာကို BBQ Buffet Dinner ဖြင့် ဧည့်ခံကျွေးမွေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
Day 4

ဟောင်ကောင် - မကာအို

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check Out ပြုလုပ်ပါမည်။ ထို့နောက် မကာအို သို့ Turbo Jet ဖြင့်ပို့ဆောင်ပေးပါမည်။ မကာအို သို့ရောက်ရှိချိန်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် မကာအို မြို့တွင်းလည်ပတ်ခြင်းအနေဖြင့် Kum Lam Temple ၊ A Ma Temple နှင့် Macau Tower သို့ ပို့ဆောင်ပေး ပါမည်။ သာယာလှပသော Penha Hill ၏အလှအပကိုလည်း ကားပေါ်မှ ကြည့်ရှုခံစားနိုင်ပါသည်။ ထို့နောက် မီးလောင်ကျွမ်းပြီး မျက်နှာစာသာကြွင်းကျန်ခဲ့သော ပေါ်တူဂီရှေးဟောင်း ဘုရားရှိခိုးကျောင်းဖြစ်သော St. Paul ဘုရားရှိခိုးကျောင်းသို့ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်။ ဘုရားကျောင်း ရှေ့မျက်နှာစာရှိ် ဆိုင်ခန်းတလျှောက်တွင်လည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ပါသည်။ ထို့နောက် မကာအို၏ အထင်ကရနေရာတစ်ခုဖြစ်သော နန်းတော်ကြီးတခုသဖွယ် ခမ်းနားလှသည့် Venetain Hotel သို့သွားရောက်လည်ပတ်ပါမည်။ Venetain Hotel အတွင်းတွင် တည်ရှိသော Casino ကစားဝိုင်း အတွင်းတွင် မိမိကံကိုဝင်ရောက် စမ်းသပ်နိုင်ပါသည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check In ၀င်ပြီး တစ်ညတာအိပ်စက် အနားယူပါမည်။
Day 5

မကာအို - ဟောင်ကောင် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မကာအိုမှ သဘောင်္ဆိပ်သို့ ပြန်လည်ထွက်ခွါလာပြီး ဟောင်ကောင်လေဆိပ်သို့ သဘောင်္ဖြင့် တိုက်ရိုက်ထွက်ခွါမည် ဖြစ်ပါသည်။ ဟောင်ကောင်လေဆိပ်သို့ရောက်ရှိပါက ပေါ့ပါးလွတ်လပ်သော နေ့လည်စာကို လေဆိပ်တွင် သုံးဆောင်ပါမည်။ ထို့နောက် မြန်မာအမျိုးသားလေကြောင်း ကောင်တာတွင် Check-In ၀င်ရောက်ပြီး ဟောင်ကောင်လေဆိပ်မှတဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

Talk to our exploore expoert

ပုလဲမြစ်ဟာ ကွမ်ကျိုးမြို့ကို ဖြတ်သန်းစီးဆင်းပြီး တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်ပါတယ်။ ပုလဲမြစ်ဝှမ်းဒေသမှာ တည်ရှိတဲ့ ဟောင်ကောင်၊ ကွမ်ကျိုး၊ ရှန်းကျန့်စတဲ့ မြို့တော်များကို ပုလဲမြစ်၏ မြို့တော်များလို့ တင်စားခေါ်ဝေါ်သလို Wonders of China လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီမြို့တော်တွေထဲမှာတော့ ဟောင်ကောင်ဟာ အာရှကျားရယ်လို့ အသိအမှတ် ပြုခံထားရတဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့အတွက် စီးပွားရေးနဲ့ ပတ်သက်ပြီး လာရောက်လည်ပတ်သူများပြားလှသလို အလည်အပတ်အနေနဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအတွက်လည်း ဆွဲဆောင်မှုများစွာရှိနေပါတယ်။ မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့နေရာတွေထဲမှာတော့ Disney Land နဲ့၊ Ocean Park တို့အပါအဝင်ပဲဖြစ်ပါတယ်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com