Hong Kong - Guangzhou - Shenzhen Tour

Departure Date

Day 1 of Month

Duration

8 days

Views

567

Maximum Seats

20

Tour Overview

Day 1

ကွမ်ကျိူး

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M 711 08:45/13:15)ဖြင့် ကွမ်ကျိုး အပြည်ပြည်ဆိုင်ရာ (Baiyun)လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ကွမ်ကျိုးလေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညောင်ခြောက်ပင် ဘုရားကျောင်းသို့ သွားရောက် လေ့လာကြပါမည်။ ထို့နောက် Shang Xia jiu မြို့ထဲစျေးသို့ စျေးဝယ်ထွက်ကြမည် ဖြစ်ပါသည်။ ထို့နောက် Local Restaurant တွင် ညစာသုံးဆောင်မည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ Check in ၀င်ရောက်ပြီး တစ်ညတာ ကွမ်ကျိုးမြို့တွင် အိပ်စက် အနားယူပါမည်။
Day 2

ကျူဟိုင်း-မကာအို(ကားဖြင့်)

နံနက်စာကို သုံးဆောင်ပြီးနောက် check out ပြုလုပ်ပါမည်။ ထို့နောက် ကျူဟိုင်းမြို့သို့ ခရီးဆက်ပါမည်။ ကျူဟိုင်းမြို့၏ သင်္ကေတဟု တင်စားခေါ်ဆိုကြသည့် ကျူဟိုင်းမြို့အရှေ့ဘက် ကမ်းရိုးတန်းတွင် Fisher Girl ရုပ်တုနှင့် အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် Lovers' Road တွင် အပန်းဖြေ လမ်းလျှောက်ကြပါမည်။ ထို့နောက် တရုတ်နိုင်ငံ၏ ထွက်ကုန်တစ်မျိူးဖြစ်သော ပိုးထည်ဆိုင်သို့ ၀င်ရောက် လည်ပတ်ပြီးလျှင် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက မကာအိုသို့ ရောက်ရှိချိန်တွင် ရှေးဦးစွာ ရွှေကြာပန်းရင်ပြင်နှင့် သမိုင်းဝင်နေရာများဖြစ်သော St.Paul ခေါ် ပေါ်တူဂီရှေးဟောင်း ဘုရားရှိခိုးကျောင်း နှင့် ဘုံကျောင်းတို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မကာအိုတွင် The Bubble Show ရင်သပ်ရှုမောဖွယ် နဂါးကပွဲကို လည်းဝင်ရောက်ခံစားကြမည် ဖြစ်ပါသည်။ မကာအို၏ ဆွဲဆောင်မှုတစ်ခုဖြစ်သော Casino ကစားရုံများသို့ သွားရောက် လေ့လာလည်ပတ်ရင်း မိမိအစီအစဉ်ဖြင့် ပါ၀င်ကံစမ်းနို်င်ပါသည် (သို့) နာမည်ကျော် တံဆိပ်များဖြင့် စည်းကားလှသော စျေးဝယ်စင်တာများတွင် စျေးဝယ်ထွက်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးပါက မကာအိုမြို့ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 3

မကာအို-ဟောင်ကောင် (ကားဖြင့်)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မကာအိုမှ ဟောင်ကောင် သို့ (Jet Foil - ferry) အမြန်သင်္ဘောဖြင့် ထွက်ခွာပါမည်။ ဟောင်ကောင်သို့ ရောက်ရှိပါက လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်သန်းပြီးပါက ဟိုတယ်သို့ ၀င်ရောက်၍ မိမိအိတ်များ အပ်နှံခဲ့ပြီး သေးငယ်သော်လည်း ထင်ရှားကျော်ကြားလှသော Hong Kong Disneyland သို့ သွားရောက် လည်ပတ်ကြပါမည်။ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင် အမျိူးမျိူးတို့၏ တင်ဆက်ကပြမှုတို့ကို ကြည့်ရှုခံစားရင်း ပျော်ရွှင်ဖွယ် ကစားနည်းမျိူးစုံကို ပါ၀င်ဆင်နွှဲပြီး Disneyland အတွင်းတွင် အနားယူအပန်းဖြေပါမည်။ နေ့လည်စာကို Disneyland အတွင်းတွင် ကူပွန်ဖြင့် သုံးဆောင်ပြီး၊ Disneyland အတွင်းတွင် ပျော်ရွှင်ဖွယ် ကစားနည်းများဖြင့် ဆက်လက် အနားယူအပန်းဖြေပါမည်။ ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီးနောက် Disneyland ရဲတိုက်ကြီးမှ မီးရှုး၊မီးပန်းများဖြင့် နှုတ်ဆက်သော ညအလှကိုခံစားပြီးနောက် ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 4

ဟောင်ကောင်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟောင်ကောင်ရှိ အကြီးဆုံးကျွန်းတစ်ခုဖြစ်သော Lantau Island သို့ Ngong Ping 360 Cable Car ကောင်းကင်ကြိူးသိုင်း ရထားဖြင့် Po Lin ဘုရားကြီးအား သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် နေ့လည်စာကို Po Lin တောင်ပေါ်တွင် တရုတ်သက်သက်လွတ် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းကျွေးမွေး ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟောင်ကောင်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး ဟောင်ကောင်၏ အမြင့်ဆုံးတောင်ငူ ဖြစ်သော Peace Mountain ခေါ် Victoria အငူသို့ သွားရောက်၍ ဟောင်ကောင်မြို့ အလှအား ကြည့်ရှုခံစားပြီးနောက်၊ သာယာလှပသော ကမ်းခြေတစ်ခုဖြစ်သည့် Repulse Bay တွင် အနားယူ အပန်းဖြေမည်ဖြစ်ပါသည်။ ထို့နောက် ကမ္ဘာကျော် မင်းသား မင်းသမီးများ၏ ပုံတူရုပ်ထုများ ထားရှိရာ Madam Tassaud သို့သွားရောက် လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် ဟောင်ကောင်းမြို့၏ ထင်ရှားသော Habour City Shopping Center တွင် ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ထွက်ကြပါမည်။ ညစာကို Local Restaurant တွင်သုုံးဆောင်ပြီး ဟောင်ကောင်ရှိ ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Day 5

ဟောင်ကောင်- ရှန်းကျန့်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရှန်းကျန့်မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ရှန်းကျန့်သည် တရုတ်နိုင်ငံ၏ တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးရာမြို့ဖြစ်ပြီး နိုင်ငံအတွင်းတွင်လည်း တစ်ဦးချင်းဝင်ငွေအများဆုံးနှင့် ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်ပါသည်။ ရှန်းကျန့်ပြတိုုက်သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ ပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ရှန်းကျန့်မြို့တွင်းရှိ ရွှေတိဂုံဘုရား၊ အန်းကားဝပ် ကျောင်းတော်ကြီး၊ အီဖယ်မျှော်စင်၊ ဆစ်ဒနီကပွဲရုံစသည့် ကမ္ဘာအထင်ကရ အဆောက်အဦးပုံစံငယ်များ တည်ရှိရာ Window of the world သို့သွားရောက်လည်ပတ်မည်။ ထို့နောက် အဝတ်အထည်များ၊ ဖိနပ်များ၊ နာရီများ၊ ဒေသထွက်အမှတ်တရပစ္စည်းများ အစရှိသော ကုန်ပစ္စည်းများ အများဆုံးရောင်းချရာ Dongmen Shopping Street သို့သွားရောက်၍ လွတ်လပ်စွာစျေးဝယ်မည်ဖြစ်ပါသည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရှန်းကျန့်ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 6

ရှန်းကျန့်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရှန်းကျန့်မြို့ရှိ အထူးစီးပွားရေးဇုံ အနှစ်(၃၀)ပြည့်အထိမ်းအမှတ် ပန်းခြံသို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက တရုတ်တိုင်းရင်းသား ကျေးရွာထဲသို့ သွားရောက်ပြီးပါက တရုတ်တိုင်းရင်းသား ကျေးရွာထဲသို့ သွားရောက်ပြီး ရိုးရာအကများ၊ ရိုးရာယဉ်ကျေးမှုအဝတ်များ၊ ရိုးရာပွဲတော်များ၊ ဗိသုကာလက်ရာများကို သွားရောက်လေ့လာပြီးနောက် မဟာတံတိုင်း၊ မင်မင်းဆက်၏ တော်ဝင်နန်းတော်၊ ကူမင်းမှာရှိသော Stone Forest ၊ အစရှိသော တရုတ်ပြည်တွင်းရှိ အထင်ကရ အဆောက်အဦး ပုံစံငယ်များ တည်ရှိသော The Splendid of China သို့သွားရောက်လှည့်လည် ကြည့်ရှုပါမည်။ ထို့နောက် ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရှန်းကျန့်ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 7

ရှန်းကျန့်-ကွမ်ကျိူး(ကားဖြင့်)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွမ်ကျိူးညမြိ်ု့ရှိ အကြီးဆုံးနှင့် အလှပဆုံး ပန်းခြံဖြစ်သော Yuexiu Park သို့သွားရောက်လည်ပတ်ကြပါမည်။ Yuexiu ပန်းခြံအတွင်းတွင် ရာသီအလိုက် ဖူးပွင့်သော ပန်းမျိူးစုံတို့ လှပမှုနှင့်အတူ ဒဏရီပုံပြင်များနှင့် စိတ်ဝင်စားဖွယ်ကောင်းသော အဆန်းသစ်ဆုံး ဗိသုကာလက်ရာဖြစ်သည့် Five-Ram Sculpture ရုပ်တုကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့နောက် ကွမ်ကျိူးတီဗွီတာဝါသို့ သွားရောက်ပြီး ပြင်ပမှ အမှတ်တရဓာတ်ပုံရိုက်ပါမည်။ ထို့အပြင် ကွမ်ကျိူးတီဗွီတာဝါသို့ သွားရောက်ပြီး ပြင်ပမှ အမှတ်တရဓာတ်ပုံရိုက်ပါမည်။ ထို့အပြင် ကွမ်ကျိူးပြဇာတ်ရုံ(Guangzhou Opera House) သို့လည်းသွားရောက်၍ အမှတ်တရဓာတ်ပုံရိုက်ပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ကွမ်ကျိူးဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 8

ကွမ်ကျိူး - ရန်ကုန် (လေယာဉ်ဖြင့်)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Yeti Road တွင်ဖွင့်လှစ်ထားသော ဈေးရုံးကြီးတွင် လွတ်လပ်စွာ ဈေးဝယ်ရန် အချိန်ပေးပါမည်။ ထို့နောက် ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M 712 14:15/15:45) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

ပုလဲမြစ်ဟာ ကွမ်ကျိုးမြို့ကို ဖြတ်သန်းစီးဆင်းပြီး တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်ပါတယ်။ ပုလဲမြစ်ဝှမ်းဒေသမှာ တည်ရှိတဲ့ ဟောင်ကောင်၊ ကွမ်ကျိုး၊ ရှန်းကျန့်စတဲ့ မြို့တော်များကို ပုလဲမြစ်၏ မြို့တော်များလို့ တင်စားခေါ်ဝေါ်သလို Wonders of China လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီမြို့တော်တွေထဲမှာတော့ ဟောင်ကောင်ဟာ အာရှကျားရယ်လို့ အသိအမှတ် ပြုခံထားရတဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့အတွက် စီးပွားရေးနဲ့ ပတ်သက်ပြီး လာရောက်လည်ပတ်သူများပြားလှသလို အလည်အပတ်အနေနဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအတွက်လည်း ဆွဲဆောင်မှုများစွာရှိနေပါတယ်။ မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့နေရာတွေထဲမှာတော့ Disney Land နဲ့၊ Ocean Park တို့အပါအဝင်ပဲဖြစ်ပါတယ်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com