Europe Tour

Departure Date

Day 1 of Month

Duration

14 days

Views

754

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ဒိုဟာ - ပဲရစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 919 08:00-11:10) ဖြင့် ဒိုဟာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 037 14:30-20:40) ဖြင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ CDG လေဆိပ်သို့ ဆက်လက်ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။ ပဲရစ်မြို့သို့ရောက်ရှိပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညစာသုံဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2

ပဲရစ်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက စစ်ဘုရင်နပိုလီယံမှ စစ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော မုဒ်ဦး Arc De Triumphe သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူပါမည်။ ဆက်လက်၍ ပဲရစ်မြို့၏ စျေးဝယ်လမ်းမကြီးဖြစ်သော Champs E'lysees သို့သွားရောက်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ပြီနောက် ပဲရစ်မြို့တစ်လျှောက် အထင်ကရ တည်ရှိသော အော်ပရာကဇာတ်ရုံ၊ တမူထူးခြားသောဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော Madeleine ဘုရားရှိခိုးကျောင်းတော်၊ Louvre ပြတိုက်နှင့် အနောက်တိုင်းရှေးဟောင်းယဉ်ကျေးမှု၏ အမွေအနှစ်အဆောက်အဦ ဖြစ်သော Notre Dame Cathedral အား သွားရောက်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Gustave Eiffel တည်ဆောက်ခဲ့သော ကမ္ဘာကျော် Eiffel Tower သို့သွားရောက် လည်ပတ်ပါမည်။ အီဖယ်မျှော်စင် ဒုတိယထပ်သို့ တက်ရောက်ပြီး ပဲရစ်မြို့၏အလှကို ကြည့်ရှုခံစားပါမည်။ ဆက်လက်၍ Place du Trocadéro ရင်ပြင်သို့ သွားရောက်ပြီး အီဖယ်မျှော်စင်နောက်ခံနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 3

ပဲရစ် - ဘရပ်ဆဲလ် (ဘယ်လ်ဂျီယံ) - အမ်စတာဒမ် (နယ်သာလန်)

နံနက်စာသုံးဆောင်ပြီးပါက ပဲရစ်မြို့မှ (၃၀၅) ကီလိုမီတာအကွာတွင် တည်ရှိသော ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ ကားမောင်းချိန် (၃) နာရီခန့်ကြာမြင့်မည်ဖြစ်ပါသည်။ ဘရပ်ဆဲမြို့သို့ရောက်ရှိပါက ပထမဦးစွာ နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဘရပ်ဆဲလ်မြို့ ကျက်သရေဆောင် Hotel De Ville မြို့တော်ခန်းမ၊ ထင်ရှားကျော်ကြားသော ကလေးငယ် သင်္ကေတရုပ်တုနှင့် The Royal Palace of Belgium တော်ဝင်နန်းတော် သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် ဘရပ်ဆဲလ်မြို့မှ (၂၁၅) ကီလိုမီတာအကွာတွင် တည်ရှိသော ကီလိုမီတာအကွာတွင် တည်ရှိသော Netherlands (ဟော်လန်) နိုင်ငံမြို့တော် Amsterdam မြို့သို့ကားဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။ ကားမောင်းချိန် (၂) နာရီခန့်ကြာမြင့်မည်ဖြစ်ပါသည်။ အမ်စတာဒန်မြို့သို့ ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 4

အမ်စတာဒမ် (နယ်သာလန်)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက နယ်သာလန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော ကမ္ဘာ့အလှဆုံး Tulip ပန်းများ စိုက်ပျိုးထားရှိရာ Tulip ပန်းခြံသို့သွားရောက်လည်ပတ်ပါမည်။ ကြီးမားကျယ်ပြန့်လှသော ပန်းခြံအတွင်းရှိ အရောင်စုံဖူးပွင့်လျှက်ရှိသော Tulip ပန်းများဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ပြီးနောက် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက အမ်စတာဒမ်မြို့တော်သို့ ပြန်လည်ထွက်ခွာလာပြီး Heniken ဘီယာထုတ်လုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြမှုကို သွားရောက်လေ့လာပါမည်။ ထို့နောက် Zaanse Schans ခေါ် လေရဟတ်ကြိတ်စက်များ တည်ရှိရာမြို့လေးသို့ သွားရောက်လည်ပတ်ပြီး နယ်သာလန်နိုင်ငံ၏ လက်မှုပညာတစ်ခုဖြစ်သော (Wooden shoe shop) သစ်သားဖိနပ်ဆိုင်နှင့် Cheese factory များသို့ ၀င်ရောက်လေ့လာပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့နောက် အမ်တာဒမ်မြို့လယ်ရှိ Dam Square သို့သွားရောက်လည်ပတ်ပြီး ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ သို့မဟုတ် အမ်စတာဒမ်၏ နံမည်ကျော်ကြားလှသော Red Light District (သို့) အပန်းဖြေလမ်းမသို့ သွားရောက်လည်ပတ်လိုပါက ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြန်တွင် ကားဌား၍သော်လည်ကောင်း (သို့) မြေအောက်ရထားဖြင့်သော်လည်ကောင်း ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 5

အမ်စတာဒမ် - ကိုလုံး (Cologne, Germany)

နံနက်စာသုံးဆောင်ပြီးပါက ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက နယ်သာလန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော ကားလမ်းမရှိ လှေလေးများဖြင့်သာ သွားရောက်လည်ပတ်ရသော Giethoorn ရွာလေးသို့ သွားရောက်လည်ပတ်ပါမည်။ အမ်စတာဒမ်မြို့နှင့် (၁၂၄) ကီလိုမီတာအကွာတွင် တည်ရှိပြီး၊ ရွာလေးသို့ရောက်ရှိပါက မှန်ကူကွက်ပုံ တူးမြောင်းလေးများအတွင်း လှေစီးနင်းရင်း မြို့အလှကို ကြည့်ရှုခံစားမည်ဖြစ်ပြီးနောက် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက အမ်စတာဒမ်မြို့မှ (၂၇၅) ကီလိုမီတာအကွာတွင်ရှိသော ဂျာမနီနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့တော် တစ်ခုဖြစ်သော KOLN (Cologne) မြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ မောင်းနှင်ချိန် (၂း၃၀) နာရီခန့် ကြာမြင့်မည်ဖြစ်ပါသည်။ Cologne မြို့သို့ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်သို့ Check in ၀င်ရောက်ကာ တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 6

ကိုလုံး - Frankfurt

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သော Cologne Cathedral သို့ ပြင်ပမှ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ ရိုင်းမြစ်ဝှမ်းနောက်ခံဖြင့် မြို့ဟောင်းအလှကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ထို့နောက် (၂၄၅) ကီလိုမီတာအကွာတွင် တည်ရှိသော Frankfurt မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ Frankfurt သို့ ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 7

Frankfurt – Lucerne (ဆွစ်ဇာလန်)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက (၄၂၅) ကီလိုမီတာအကွာတွင် တည်ရှိသော ဆွစ်ဇာလန်နိုင်ငံ Lucerne မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။ လမ်းခရီးတွင် နေ့လည်စာသုံးဆောင်ပါမည်။ Lucerne မြို့သို့ရောက်ရှိပါက ပြင်သစ်တော်လှန်ရေးအတွင်း အသက်ဆုံးရှုံခဲ့ရသည့် အစောင့်တပ်သားများအား ကိုယ်စားပြုထုလုပ်ထားသည့် ခြင်္သေရုပ်တုနှင့် ၁၂ရာစုတွင် သစ်သားဖြင့်တည်ဆောက်ထားရှိသော Chapel Bridge တွင် လမ်းလျှောက်ရင်း အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ဆက်လက်၍ ဆွစ်ဇာလန်နိုင်ငံ၏ ကမ္ဘာကျော် နာရီများစွာကို ရောင်းချရာ စျေးဝယ်စင်တာများသို့ သွားရောက်လည်ပတ်ရင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 8

Lucerne (ဆွစ်ဇာလန်) - မီလန် (အီတလီ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဆွစ်ဇာလန်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ရေခဲတောင်တန်းများ တည်ရှိရာ ၃၁၀၀မီတာ (ပေ ၁၀,၀၀၀ ကျော်) အမြင့်တွင်တည်ရှိသော လှပသော Titlits ရေခဲတောင်တန်းများဆီသို့ ၃၆၅° လည်ပတ်နေသော cable car ဖြင့်သွားရောက် လည်ပတ်ပါမည်။ တောင်ပေါ်သို့ ရောက်ရှိပါက ရေခဲလှိုင်ဂူနှင့် တံတားများသို့ တက်ရောက်ပြီး ရေခဲတောင်နောက်ခံအလှဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ နေ့လည်စာသုံဆောင်ပြီးပါက တောင်ခြေသို့ Cable car ဖြင့် ပြန်လည်ဆင်းသက်လာပြီး (၂၄၂) ကီလိုမီတာအကွာတွင် တည်ရှိသော အီတလီနိုင်ငံ ဖက်ရှင်မြို့တော်ဟု တင်စားခေါ်ဝေါ်သော မီလန်မြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာ မည်ဖြစ်ပါသည်။ မီလန်မြို့သို့ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 9

မီလန် - Mastre

နံနက်စာသုံးဆောင်ပြီးပါက မီလန်မြို့၏ကျက်သရေဆောင် Milan Cathedral သို့သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ ဖက်ရှင်မြို့တော်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မီလန်မြို့၏ စျေးဝယ်လမ်းမကြီးတွင် ကမ္ဘာကျော်အမှတ်တံဆိပ်များ ရောင်းချရာ Galleria Vittorio Emanuele သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက (၂၇၃) ကီလိုမီတာအကွာတွင် တည်ရှိသော ဗင်းနစ်မြို့နှင့် အနီးဆုံးဖြစ်သော လမ်းခရီးရှိ Mastre မြို့လေးသို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ Mastre သို့ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 10

Mastre - ဗင်းနစ် - Prato

နံနက်စာသုံးဆောင်ပြီးနောက် ဗင်းနစ်ရေပေါ်မြို့သို့ သွားရောက်လည်ပတ်ရန် ဆိပ်ကမ်းမြို့သို့ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ဆိပ်ကမ်းမြို့သို့ ရောက်ရှိပါက သဘောင်္ဖြင့် ကမ္ဘာကျော် Venice ရေပေါ်မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ဗင်းနစ်သို့ရောက်ရှိပါက ပထမဦးစွာ နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဗင်းနစ်မြို့၏ ကျက်သရေဆောင် လှပသော အနုပညာ လက်ရာများရှိသည့် San Marco Basilica ဘုရားကျောင်းနှင့် Doge's Palace သို့ သွားရောက်လည်ပတ်ပြီး Bridge of Sighs တံတားသို့ သွားရောက်ကြည့်ရှုလေ့လာပါမည်။ စိတ်ပါ၀င်စားပါက မိမိအစီအစဉ်ဖြင့် Gondola ခေါ် လှေငယ်လေးဖြင့် တူးမြောင်းတစ်လျှောက် လှည့်လည်စီးနင်းရင်း ဗင်းနစ်မြို့၏အလှကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ညနေခင်းတွင် ဗင်းနစ်မြို့မှ ပြန်လည်ထွက်ခွာလာပြီး ညအိပ်တည်းခိုမည့် Prato မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ Prato မြို့သို့ ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 11

Prato - ပီစာမျှော်စင် - ရောမမြို့

နံနက်စာသုံးဆောင်ပြီးပါက (၇၄) ကီလိုမီတာအကွာတွင် တည်ရှိသော ပီစာမြို့သို့ သွားရောက်လည်ပတ်ပါမည်။ ပီစာမြို့သို့ ရောက်ရှိပါက ကမ္ဘာကျော် စောင်းနေသောပီစာမျှော်စင် (ပြင်ပမှ)၊ ခရာဇ်ယန်လူမျိုးများ နှစ်ခြင်းခံရာ Battistero ဘုရားကျောင်းနှင့်၊ မယ်တောမာရီ ဘုရားကျောင်းတို့ကို ပြင်ပမှ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ဓါတ်ပုံရိုက်၍ လည်ပတ်ပြီးပါက စျေးဝယ်ရန် အချိန်ပေးမည်ဖြစ်ပါသည်။ ပီစာမြို့သည် အီတလီနိုင်ငံ၏ သားရေပစ္စည်းများထုတ်လုပ်ရာ Forence နှင့် နီးကပ်စွာတည်ရှိသောကြောင့် အီတလီနိုင်ငံထုတ်၊ သက်နု၊ သက်ရင့် သားရေပစ္စည်းများ ၀ယ်ယူရန်ကောင်းမွန်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးပါက ပီစာမြို့မှ (၃၇၀) ကီလိုမီတာအကွာတွင် တည်ရှိသော အီတလီနိုင်ငံ၏ မြို့တော်ရောမမြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ ဥရောပ၏ကားမောင်းချိန်သတ်မှတ်ချက်အရ လမ်းခရီးတွင် ခတ္တအနားယူပါမည်။ စုစုပေါင်း ကားမောင်းချိန် (၃) နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ ရောမမြို့သို့ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 12

ရောမမြို့

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သော Vatican City ရှိ ခရစ်ယန်ဘာသာဝင်တို့၏ အကြီးဆုံးဘုရားကျောင်းဖြစ်သော St. Peter ဘုရားကျောင်းသို့ ၀င်ရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ရောမမြို့ဟောင်းတည်ရှိရာ Roman Forum သို့သွားရောက်လည်ပတ်မည်ဖြစ်ပြီး ရှေးရောမမြို့၏ ကြီးကျယ်ခမ်းနားမှုကို လေ့လာကြည့်ရှုပါမည်။ ဆက်လက်၍ ကမ္ဘာ့အထူးဆန်းဆုံးနေရာ (၇)ခုတွင် ပါဝင်ခဲ့သော Colosseum သားသတ်ကွင်းသို့ သွားရောက်ကြည့်ရှုလည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ပြီး နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ကမ္ဘာ့အကြီးဆုံး အမိုးခုံးရှိသည့် Pantheon နတ်ဘုရားကျောင်း သို့သွားရောက်လေ့လာပါမည်။ ဆက်လက်၍ ဆုတောင်းရာတွင် ဆုတောင်းပြည့်သည်ဟု ထင်ရှားသော Trevi Fountain နှင့် Castel San't Angelo သို့ ဓာတ်ပုံရိုက််ရန်အတွက် ပို့ဆောင်ပေးပါမည်။ ညနေခင်းတွင် မိမိစိတ်ကြိုက်စျေးဝယ်ထွက်နိုင်ရန်အတွက် Spanish Steps သို့ပို့ဆောင်ပေးပါမည်။ ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ရမည်ဖြစ်ပါသည်။ စျေးဝယ်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 13

ရောမ - ဒိုဟာ

နံနက်စာသုံးဆောင်ပြီးပါက ရောမမြို့ရှိ FIUMICINO လေဆိပ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 116 11:15-17:45) ဖြင့် ဒိုဟာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဒိုဟာလေဆိပ်သို့ ရောက်ရှိပါက ဆက်လက်၍ ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 830 20:50-07:20) ဖြင့် သုဝဏ္ဏဘူမိလေဆိပ်သို့ ပျံသန်းမည်ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်မည်ဖြစ်ပါသည်။ (နံနက်စာသာပါ၀င်ပါသည်။ လမ်းခရီးတွင် လိုအပ်ပါက မိမိအစီအစဉ်ဖြင့်သာ သုံးဆောင်ရမည်ဖြစ်ပါသည်)
Day 14

ဒိုဟာ - ရန်ကုန်

နံနက်စောစောတွင် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိပြီး ဆက်လက်၍ ဘန်ကောက်အဲယားဝေး လေကြောင်းခရီးစဉ် (PG 705 08:50-09:40) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

ဥရောပဆိုရင် စျေးကြီးလွန်းလို့ စိတ်ကူးမယဉ်နိုင်ခဲ့ပေမဲ့ အခုတော့အဲလို မဟုတ်တော့ပါဘူး။ စျေးသက်တောင့်သက်သာနဲ့ သွားရောက်လည်ပတ်နိုင်ပါပြီ။ လူတိုင်းသွားလည်နိုင်တဲ့ စျေးနှုန်းနဲ့ခရီးစဉ်ကို စီစဉ်ပေးနိုင်တာကတော့ တိုးဒီရဲ့အားသာချက်ပါ။ စျေးနှုန်းချိုသာသလို ပေးရတဲ့ငွေကြေးနဲ့ ထိုက်ထိုက်တန်တန် ၀န်ဆောင်မှုလည်း ရဦးမှာပါ။ ဘာသာစကား အခက်အခဲမရှိစေရအောင်၊ မြန်မာစကားအပြင်၊ အီတလီလို တတ်ကျွမ်းတဲ့ အုပ်စုခေါင်းဆောင်က ခရီးစဉ်တစ်လျှောက် လိုက်ပါပြီး ၀န်ဆောင်မှုပေးမှာဖြစ်ပါတယ်။ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com

You Will Also Like