Dubai Tour

Departure Date

Day 1 of Month

Duration

6 days

Views

605

Maximum Seats

20

Tour Overview

Day 1

ရန်ကုန်-ဒူဘိုင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ ဘန်ကောက်အဲယားဝေး လေကြောင်းခရီးစဉ် ( PG 704 18:20-20:15) ဖြင့် သုဝဏ္ဏဘူမိလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ အီတီဟက် လေကြောင်းခရီးစဉ် (EY407 02:35-06:10) ဖြင့် အဘူဒါဘီလေဆိပ်သို့ ပျံသန်းမည်ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်မည်ဖြစ်ပါသည်။
Day 2

ဒူဘိုင်း

နံနက်စောစောတွင် အဘူဒါဘီ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ပေ့ါပါးလွတ်လပ်သော နံနက်စာသုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးပါက ဒူဘိုင်းသို့ကားဖြင့် ထွက်ခွာလာပြီး ကမ္ဘာပေါ်တွင် အထင်ရှာဆုံးဖြစ်သော ဒူဘိုင်းမြို့၏လူလုပ်ကျွန်းသုံးခုအနက် တစ်ခုဖြစ်သော Palm Jumeriah Island ပေါ်တွင် တည်ဆောက်ထားသော ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် နံပါတ်(၁) အဆင့်ရှိ ရေကစားကွင်း (Aqua Venture Waterpark) သို့သွားရောက်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နှင့် အတွေ့အကြုံသစ်များကို ဆော့ကစားရင်း ရယူနိုင်ပါသည်။ ဆက်လက်၍ (Aqua Venture Waterpark) ရေလွှာလျှောစီးရင်း ငါးမန်းများကို အနီးကပ်တွေ့မြင်နိုင်ပါသည်။ ရှည်လျားသော စမ်းချောင်းထဲတွင် လှိုင်းစီးရင်း ကမ်းစပ်များတွင် အပန်းဖြေနိုင်သည်။ လှပသောပင်လယ်နေငါးမျိုးစုံကိုလည်း ငါးပြတိုက်ထဲတွင် သွားရောက်ကြည့်ရှု့ရင်း အမှတ်တရဓာတ်ပုံများရိုက်ကူးမည်ဖြစ်ပါသည်။ နေ့လည်စာကို ကမ္ဘာ့တစ်ခုတည်းသော လူလုပ်ကျွန်းရှိ နန်းတော်တမျှ ခမ်းနား ထင်ရှားလှသော အတ္တလန္တိတ်ဟိုတယ်ကြီးတွင် ရေအောက်ကမ္ဘာကိုကြည့်ရှုရင်း International Buffet ဖြင့် ဧည့်ခံပါမည်။ Aqua Venture Waterpark တွင် ပျော်ရွှင်စွာ ဆော့ကစားပြီးနောက် ညနေခင်းတွင် ဟိုတယ်သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီး ခေတ္တအနားယူ အပန်ဖြေပါမည်။ ညစာကို ဟိုတယ်တွင် International Buffet ဖြင့် သုံးဆောင်မည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 3

ဒူဘိုင်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒူဘိုင်း၏ အထင်ကရတစ်ခုဖြစ်သော Burj Al Arab Hotel ပတ်ဝန်းကျင်တွင် သွားရောက်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးမည်ဖြစ်သည်။ ဆက်လက်၍ “Dubai Museum” နှင့် (၁၈) ရာစုတွင် အထင်ကရနေရာတစ်ခုဖြစ်ခဲ့သော “ Al Fahidi Fort” ခံတပ်သို့ သွားရောက်လေ့လာမည်ဖြစ်ပါသည်။ ဆက်လက်၍ ရိုးရာထွက်ကုန်ပစ္စည်းများကိုတစ်နေရာတည်းတွင် ရရှိနိုင်သော “ Gold and Spice Souk” သို့ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ပါသည်။ ထို့နောက်နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ညနေ(၄)နာရီအချိန်တွင် 4Wheel drive ကားများဖြင့် လေ့ကျင့်ထားသော၊ ကျွမ်းကျင့်မှုအဆင့်ရှိသော ကားဆရာများက မောင်းနှင်းကာ သဲကန္ဒာရခရီးစဉ်ကို စတင်ပါမည်။ လမ်းခရီးစဉ် တလျှောက်တွင် သဲကန္ဒရတောင်ကုန်းမို့များပေါ်သို့ နိမ့်ချည်မြင့်ချည် မောင်းနှင်းကြရသော ကားဆရာများ၏ စွမ်းပကား များကို သဲတိတ်ရင်ဖို၊ စိတ်လှုပ်ရှားဖွယ်ကောင်းသော ခံစားမှုများကို ခံစားရပါမည်။ View Point သို့ ရောက်ရှိချိန်တွင် ကုလားအုပ်စီးခြင်း၊ သဲစကိတ်စီးခြင်းနှင့် လှပသော သဲကန္ဒာကို နှုတ်ဆက်ထွက်ခွာသွားသော ညနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပြီးနောက်၊ ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ရင်း အာရပ်ရိုးရာ ကော်ဇောအကများ၊ ဒူဘိုင်းအမျိုးသမီးများ၏ ရိုးရာဗိုက်လှုပ် အကများကို ကြည့်ရှုခံစားရပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 4

ဒူဘိုင်း

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ထို့နောက် ဘောလုံးကွင်းပေါင်း(၅၀)ခန့်အကျယ်အဝန်းရှိ၍ ကားပါကင်နေရာ (၁၄၀၀၀) ခန့်နှင့် စားသောက်ဆိုင်ပေါင်း (၁၂၀)ခန့်ပါ၀င်သော ကမ္ဘာ့အကြီးဆုံးစျေးဝယ်စင်တာများထဲတွင် တစ်ခုပါ၀င်ပြီး ဆိုင်ခန်းပေါင်း (၁၂၀၀)ကျော်ရှိသော ”Dubai Mall” သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဒူဘိုင်းတွင် အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်သော Burj Khalifa အဆောက်အဦးသို့ သွားရောက်၍ ၁၂၄ ထပ်အမြင့်ကို တက်ရောက်ကာ ဒူဘိုင်းမြို့အလှကို အပေါ်စီးမှ ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ထို့နောက် ဒေသခေါ် Water Taxi ဖြင့် ဒူဘိုင်းတူးမြောင်းကိုဖြတ်၍ ဒူဘိုင်းမြို့တော်ဟောင်းဟု နာမည်ကြီးလှသော BurDubai သို့ လည်ပတ်ပါမည်။ ဒူဘိုင်းတူးမြောင်း၏ အနောက်ဘက်ပိုင်းတွင်ရှိပြီး ရိုးရာကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လေ့လာဝယ်ယူနိုင်သော စျေးဝယ်လမ်းမ တစ်ခုဖြစ်သည့် “Bur Dubai” တွင် ပျော်ရွှင် လွတ်လပ်စွာ လည်ပတ်ရင်း အမှတ်တရလက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ပါသည်။ ညစာကို Dubai Dhow Cruise အပျော်စီးသင်္ဘောပေါ်တွင် International Buffet(ဘူဖေး)ဖြင့် သုံးဆောင်ရမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 5

ဒူဘိုင်း - အဘူဒါဘီ

နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ပြီး မြို့တော် အဘူဒါဘီသို့ ကားဖြင့်ထွက်ခွာပါမည်။ အဘူဒါဘီသည် အစိုးရရုံးစိုက်ရာ မြို့ဖြစ်ပြီး နိုင်ငံတကာသံရုံးများတည်ရှိရာမြို့လည်းဖြစ်ပါသည်။ အာရပ်နိုင်ငံ၏ အကြီးဆုံးဗလီ Sheikh Zayed Grand Mosque၊ ယဉ်ကျေးမှုရွာ၊ ရှိတ်နန်းတော်၊ အာရပ်နန်းတော်၊ မရီနာ Mall သို့ လှည့်လည်ကြည့်ရှုလေ့လာရင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အမြန်ဆုံး “ Roller Coaster” နှင့် ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ကစားကွင်းဖြစ်သော “Ferrari World Playground” ထဲမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားနည်းမျိုးစုံကို ပါ၀င်ဆင်နွဲရင်း Ferrari World Playground အမှတ်တံဆိပ်ပါလက်ဆောင်ပစ္စည်းများကိုလည်း ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။ ညနေခင်းတွင်လည်း Yas MALL သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ စျေးဝယ်ပြီးပါက ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 6

အဘူဒါဘီ - ဘန်ကောက် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အဘူဒါဘီ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အီးတီဟက် လေကြောင်းခရီးစဉ် (EY408 08:40-18:25) ဖြင့် သုဝဏ္ဏဘူမိလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ ဘန်ကောက်အဲယားဝေး လေကြောင်းခရီးစဉ် ( PG 705 20:30-21:45) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။
Day 7

စင်္ကာပူ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အာရှပစိဖိတ်ဒေသတွင် အကြီးဆုံး ငှက်ဥယျာဉ် တစ်ခု ဖြစ်သော Jurong Bird Park သို့သွားရောက် လည်ပတ်ပါမည်။ ငှက်အမျိုးပေါင်း ၆၀၀၀ ကျော်ကို သဘာဝ အတိုင်းလေ့လာရင်း ငှက်ကလေးများ၏ ကပြဖျော်ဖြေမှု တို့ကို ပျော်ရွှင်အံ့သြဖွယ် ကြည့်ရှုရမည် ဖြစ်ပါသည်။ ထို့နောက်နေ့လည်စာကို Local Restaurant တွင်အရသာရှိစွာ သုံးဆောင်ပြီးနောက် စင်္ကာပူနိုင်ငံ၏ တိုးတက်မှုကို ဖော်ညွှန်းသော Garden By the Bay သို့ ပို့ဆောင်ပေးပြီး ဥယျာဉ်အတွင်းတွင် Flower Dome ဟုအမည်တွင်သော လှပသော ပန်းမျိုးစုံများရှိရာ ဥယျာဉ်သို့သွားရောက် လေ့လာအလှ ဓါတ်ပုံ ရိုက်ကူးမည် ဖြစ်ပါသည်။ ထို့အပြင် ခေတ်မီဆန်းသစ်သော နည်းပြများနှင့် ပြုလုပ်ထားသော Cloud Forest ထပ်မံသွားရောက် လေ့လာမည်ဖြစ်ပါသည်။ ရေရှားပါးသော နိုင်ငံဖြစ်သည့် အလျှောက် Water Cycle နည်းပညာသစ်များဖြင့် သစ်တောတစ်ခုလုံး အေးစိမ့်အောင်ပြုလုပ်ထားနိုင်ပြီး ဆွဲဆောင်ထားသော Cloud Forest အတွင်းလေ့လာ လည်ပတ်ကြမည်ဖြစ်ပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံ၏ စျေးဝယ်လမ်းမကြီးတစ်ခုဖြစ်သော Orchard လမ်းမကြီး သို့ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင် ရမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူ မည်ဖြစ်ပါသည်။
Day 8

စင်္ကာပူ - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စင်္ကာပူမြို့တွင်းလှည့်လည်ရေး အစီအစဉ် အနေဖြင့် Merlion Park, Fountain of Wealth, Suntec City, Parliament House, City Hall, , Esplanade နှင့် Singapore Flyer တို့တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် လိုက်ပါပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် 8M 232 ( 13:25 – 14:50 ) ဖြင့်ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

ရေနံကလွဲရင် ဘာမှမထွက်တဲ့ ဒူဘိုင်းဟာ သဲကန္တာရကြီးတစ်ခုလုံးကို မီးရောင်စုံတွေနဲ့ ထိန်ထိန်းလင်းအောင် ထွန်းညှိထားပြီး မိုးမျှော်တိုက်တွေနဲ့ ခေတ်မှီမြို့ကြီးတစ်မြို့အဖြစ် ဖန်ဆင်းထားနိုင်စွမ်းရှိပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒူဘိုင်းမြို့တော်ကြီးမှာ World Records ၀င်တဲ့ ကမ္ဘာ့အမြင့်ဆုံးတာဝါ၊ ကြယ် (၇) ပွင့်အဆင့်ရှိတဲ့ဟိုတယ်၊ အကြီးဆုံးစျေးဝယ်စင်တာကြီးတွေနဲ့ စည်ကားလွန်းလှပါတယ်။ မွတ်စလင်နိုင်ငံမို့ မသွားချင်ဘူးဆိုပြီး မျက်စေ့စုံမှိတ် မငြင်းလိုက်ပါနဲ့နော်။ ဒေသခံ အာရပ်လူမျိုးက လူဦးရေရဲ့ ၂၀% ပဲရှိတာမို့ အလုပ်အကိုင်အတွက် မြန်မာနိုင်ငံသားတွေ အပါအဝင် လာရောက် အခြေခြနေထိုင်ကြတဲ့ တစ်ခြားနိုင်ငံသားတွေက ပိုများပါတယ်။ လူ့အရင်းအမြစ်လို့ခေါ်တဲ့ လုပ်သားအရင်းအမြစ်ကအစ၊ သောက်တဲ့ရေအဆုံး သူများနိုင်ငံတွေကနေ ၀ယ်ယူသုံးစွဲနေရပေမဲ့ ဒူဘိုင်းကတော့ အပြုံးမပျက်ပါ။ ၂၀၂၀ ခုနှစ်မှာ Dubai Expo ကို လက်ခံကျင်းပမှာဖြစ်ပြီး လာရောက်လည်ပတ်သူ သန်း(၅၀) မျှော်လင့်ထားတာမို့ သွားရောက် လည်ပတ်ဖို့ တိုက်တွန်းပါရစေ။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com

You Will Also Like