Chiang Mai Tour

Departure Date

Day 1 of Month

Duration

3 Night 4 days

Views

592

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ချင်းမိုင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်မှ လေကြောင်းခရီးစဉ် (PG 1:00 /3:05 ) ဖြင့် ချင်းမိုင်လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ချင်းမိုင် လေဆိပ်သို့ရောက်ရှိသောအခါဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် ၁၄ ရာစုနှစ်က တည်ထားခဲ့သော ရွှေနှင့်ကြေးနီပေါင်းစပ်ပါ၀င်သည့် WatPrasinghဘုရားကျောင်းသို့ ပို့ဆောင်ပေးပြီးဘုရားကျောင်း၏နံရံများတွင် ရှေးကျသော သမိုင်းဝင်ယဉ်ကျေးမှု လက်ရာများကိုလေ့လာနိုင်ပါသည်။ ညစာကိုဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ရင်းရိုးရာယဉ်ကျေးမှု အကအလှများကိုကြည့်ရှု့ခံစားပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
Day 2

ချင်းမိုင်

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Maesa Elephant Camp သို့ သွားရောက်လေ့လာပါမည်။Maesa Elephant Camp သို့ ရောက်ရှိသောအခါ ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေမှု ၊ စိတ်ဝင်စားဖွယ်ကောင်းသော ပန်းချီကားချပ်များကိုသူတို့၏နှာမောင်းဖြင့်ရေးဆွဲပုံများကိုသွားရောက်ကြည့်ရှုပါမည်။တောထဲသို့ဆင်းများစီး၍လည်းခဏသွားရောက်လည်ပတ်မည်ဖြစ်သောကြောင့် နိမ့်ချည်မြင့်ချည် ခံစားမှုများကိုခံစားရင်း သဘာဝပတ်ဝန်းများ ကိုလည်း ကြည်ရှုနိုင်မည် ဖြစ်ပါသည်။ ထိုနောက် စိတ်ကိုလန်းဆန်းစေမဲ့ အရောင်စုံလင်လှသောသစ်ခွပန်းများ ၊ လိပ်ပြာလေးများနှင့် အလှဓာတ်ပုံများရိုက်ကူးနိုင်ရန် (Orchid and Butterfly Farm) သို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဒေသဆိုင်ရာ ပန်းမျိုးပေါင်းများစွာရှိသော Royal Flora Ratchaphruek ဥယျာဉ်ကြီးထဲသို့သွားရောက်လည်ပတ်ပါမည်။ ၈၀ စတုရန်းမီတာ ကျယ်ဝန်းသော ပန်းဥယျာဉ်ထဲတွင် လှပသောပန်းများနှင့် အလှဓာတ်ပုံများရိုက်ကူးနိုင်ပါသည်။ချင်းမိုင်မြို့ သို့ရောက်ရှိသောအခါ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများလက်လီ၊ လက်ကားရောင်းချသောCentral Festival Mall စျေးဝယ်စင်တာသို့ ပို့ဆောင် ပေးမည် ဖြစ်ပါသည်။ ညစာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ချင်းမိုင်မြို့၏နာမည်ကြီး Sunday Market သို့သွားရောက်လည်ပတ်ပြီး အဝတ်အထည်များ၊ အသုံးဆောင်ပစ္စည်းများကို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။ ထိုနောက် တစ်နေ့တာပင်ပန်းသမျှကိုဟိုတယ်တွင် အိပ်စက်အနားယူပါမည် ။
Day 3

ချင်းမိုင် - ရန်ကုန်

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် သတ်မှတ်ချိန်တွင် ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင် ပေးမည်ဖြစ်ပြီးလေကြောင်းခရီးစဉ် (PG 11:40 / 12:35) ဖြင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။