Beijing - Shanghai - Hong Kong Tour

Departure Date

Day 1 of Month

Duration

8 days

Views

577

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ဟောင်ကောင် - ပေကျင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ လေကြောင်းခရီးစဉ် ( / ) ဖြင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် နေ့လည်စာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် တရုတ်ပြည်၏ အရေးပါဆုံး ရင်ပြင်တစ်ခုဖြစ်သော တီယန်မန်ရင်ပြင် (Tian'an Men Square) ခေါ် ပြည်သူ့ရင်ပြင်နှင့် မော်စီတုန်းဂူဗိမ္မာန်သို့ သွားရောက်လေ့လာကြပါမည်။ ထိုမှတစ်ဆင့် မင်မင်းဆက်၏ တော်ဝင်နန်းတော်ဖြစ်သော The Forbidden City ၌ ရှေးတရုတ်မင်းများ၏ အဆောင်ဆောင် အခန်းခန်းတို့ဖြင့် ကြီးကျယ်ခမ်းနားလှပစွာ နေထိုင်ခဲ့ရာ နန်းတော်သို့သွားရောက်လည်ပတ်ရင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်ညတာအိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 2

ပေကျင်း ( Great Wall , Olympic Park )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက တရုတ်နိုင်ငံ၏ ကမ္ဘာကျော် ကီလိုမီတာ ရ၆၀၀ ကျော် ရှည်လျားသော Great Wall သမိုင်းဝင် မဟာတံတိုင်းကို သွားရောက်လည်ပတ်ကြပါမည်။ အထင်ရှားဆုံးဖြစ်သော Juyongguan Section အပိုင်းတွင် လမ်းလျှောက်ရင်း မဟာတံတိုင်း၏ ကြီးကျယ်ခမ်းနားမှူကို တွေ့မြင်ခံစားရမည် ဖြစ်ပါသည်။ ဆက်လက်၍ စားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော် ကျင်းပခဲ့သော Olympic Park, အိုလံပစ် ဥယျာဉ်ရှိ အမျိုးသားအားကစားရုံ၊ ငှက်သိုက် (Bird's Nest) နှင့် အမျိုးသား ရေကူးကန်တို့ကို သွားရောက်လည်ပတ်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ (၀င်ကြေးမပါ၀င်ပါ)။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 3

ပေကျင်း - ရှန်ဟိုင်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပေကျင်းမှ ရှန်ဟိုင်းမြို့သို့ Bullet train ဖြင့် ထွက်ခါွပါမည်။ ရှန်ဟိုင်းသို့ရောက်ရှိပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် နေ့လည်စာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ရှန်ဟိုင်းမြို့ဟောင်းရှိ Town god's Temple ၊ အနောက်တိုင်းလက်ယာများနှင့် လှပသော French Concession သို့ သွား ရောက်လည်ပတ်ပါမည်။ ထိုမှတစ်ဆင် ့ စိတ်ဝင်စားဖွယ် ရိုးရာ ယဉ်ကျေးမှုလက်ယာများ ၊ အဆောက်အဦးများ နှင့် စည်ကားလှပသော Qibao ancient tower သို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်ညတာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 4

ရှန်ဟိုင်း (Disneyland)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မကြာသေးမီက ဖွင့်လှစ်ထားသော ရှန်ဟိုင်းမြို့ရှိ အသစ်စက်စက် Shanghai Disneyland သို့ သွားရောက်လည်ပတ်ပါမည်။ ဒစ်စနေ ၏ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်များ ကပြဖျော်ဖြေသော ကပွဲများ ၊ ကလေးတို့အတွက် စိတ်ဝင်စားစရာ ကစားနည်းများ နှင့် လှပသော မီးရှုးမီးပန်း ပြပွဲများ ကို တဝကြီး ခံစားနိုင်ရန် Disneyland တွင် တစ်နေ့တာလည်ပတ်ပါမည်။ နေ့လည်စာ နှင့် ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည် ပို့ဆောင်ပေးပြီး တစ်ညတာအိပ်စက် အနားယူမည်ဖြစ်ပါသည်။
Day 5

ရှန်ဟိုင်း - ဟောင်ကောင်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် The Bund ကမ်းနားလမ်းသို့ ပို့ဆောင်ပေးပြီး လှပသော ဟောင်ပူမြစ် နှင့် အဆောက်အအုံများကိုကြည့်ရှု ခံစားရင်း အမှတ်တရ ဓါတ်ပုံများရိုက်ကူးကြပါမည်။ ထို့မှတစ်ဆင့် အစားအစာ အဝတ်အထည် နှင့် အမှတ်တရ လက်ဆောင်များ ၀ယ်ယူရရှိနိုင်သော နန်ကျင်းလမ်းမကြီးသို့ ပို့ဆောင်ပေးပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်ကြပါမည်။ ထိုမှတဆင့် Oriental Pearl TV Tower သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး ကြပါမည်။ နေ့လည်စာကို မိမိ အစီစဉ်ဖြင့် သုံးဆောင်ပြီးနောက် ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပို့ဆောင်ပေးပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ် ( / ) ဖြင့် ဟောင်ကောင်လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ဟောင်ကောင်လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် ညစာကို သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်ညတာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 6

ဟောင်ကောင်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Ocean Park သို့သွားရောက် လည်ပတ်ပါမည်။ Ocen Park ထဲရှိ ရှားပါးသော ရေသတ္တဝါလေးများ၏ ကပြဖျော်ဖြေမှုများကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမည် ဖြစ်ပါသည်။ နေ့လည်စာကို Ocean Park အတွင်းတွင် ကူပွန်စနစ်ဖြင့် သုံးဆောင်မည် ဖြစ်ပါသည်။ ထို့နောက် Ocean Park အတွင်းရှိ ကောင်းကင်ကြိုးရထားစီးခြင်း နှင့် များပြားလှသော ကစားနည်းမျိုးစုံ ကို ပျော်ရွှင်လွတ်လပ်စွာ ပါ၀င်ဆင်နွှဲနိုင်ပါသည်။ ညစာကို ဟောင်ကောင်မြို့၏ အကြီးဆုံးရေပေါ်စားသောက်ဆိုင်ဖြစ်သော Jumbo Floating Restaurant တွင် ဧည့်ခံကျွေးမွေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
Day 7

ဟောင်ကောင် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟောင်ကောင်မြို့၏အမြင့်ဆုံးအငူဖြစ်သော Peace Mountain ခေါ် Victoria အငူသို့ သွားရောက်လည်ပတ်ပြီး ဟောင်ကောင်မြို့ ၏ အလှအပ ကို အပေါ်စီးမှကြည့်ရှုခံစား ရင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် ကမ္ဘာကျော် အတက်ပညာရှင် အသိပညာရှင် အနုပညာ ရှင် များ၏ ပုံတူဖယောင်းရုပ်ထုများ ထားရှိရာ Madame Tussauds နှင့် Repules Bay သို့သွားရောက် ည်ပတ်ပါမည်။ အထိုမှတဆင့် ဟောင်ကောင်မြို့၏ မရောက်မဖြစ် သွားရောက်လည်ပတ်သင့်သော Golden Bauhinia Square ဟု ခေါ်သော ရွှေကြာပန်း ရင်ပြင်သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Wong Tai Sin ဘုရားကျောင်း ၊ Clock Tower နှင့် ကမ္ဘာကျော် အနုပညာရှင်များ၏ ကြယ်ပွင့်များနှင့် လက်ဝါးရာများ ထားရှိရာ Garden of Stars သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးကြပါမည်။ ညစာကိုဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ထိုမှတစ်ဆင့် လေကြောင်းခရီးစဉ် ( / ) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

လပေါ်ကနေ ကမ္ဘာဆီကို လှမ်းကြည့်ရင်မြင်ရတဲ့ တစ်ခုတည်းသော အဆောက်အဦဟာ စိနတိုင်း ခေါ် စိန့်တိုင်းပြည်လို့ ရှေးယခင်မြန်မာများခေါ်ဆိုတဲ့ တရုတ်ပြည်မကြီးမှာရှိတဲ့ ကမ္ဘာကျော် Great Wall ခေါ် မဟာတံတိုင်းကြီးပါလို့ အရင် တစ်ခေတ်တစ်ချိန်က ဆိုခဲ့ကြပါတယ်။ ကမ္ဘာ့ အံ့ဖွယ် ရ ပါးမှာ တစ်ပါးအပါအဝင် ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မဟာတံတိုင်းကြီးဟာ ရှေးယခင်တရုတ်အင်ပါယာကြီးရဲ့ အရေးပါတဲ့ အတိတ်တစိတ်တပိုင်းဖြစ်ခဲ့ပါတယ်။ မဟာတံတိုင်းရဲ့ ကြီးကျယ်မှုဟာ တရုတ်ရာဇဝင်သမိုင်းတွေထဲက ထင်ရှားတဲ့ မင်းဆက်တွေကို ကြီးမြင့်ခမ်းနားပေါ်လွင်စေခဲ့ပါတယ်။ မဟာတံတိုင်းကြီးကို ရောက်ပြီးနောက် Forbidden City လို့ခေါ်ဆိုကြတဲ့ ရှေးနန်းတော်ဟောင်းကလည်း တရုတ်ပြည်မကြီး ခရီးစဉ်တွင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာဖြစ်တဲ့အတွက် ထည့်သွင်းစီစဉ်ထားရှိပါသည်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com