Bangkok Tour

Departure Date

Day 1 of Month

Duration

6 days

Views

604

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - ဘန်ကောက် - ပတ္တရား

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M 3001 07:30-09:15 ) ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ဘန်ကောက် လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ပတ္တရားသို့ ဆက်လက် ထွက်ခွာပါမည်။ ပတ္တရားသို့ ရောက်ရှိပါက ဟိုတယ်တွင် ဦးစွာ Check-In ၀င်ရောက်ပြီး ခေတ္တ အနားယူအပန်းဖြေမည် ဖြစ်ပါသည်။ ထို့နောက် အံ့မခန်းထူးခြားလှသော 3Dအစွမ်းဖြင့် မိမိကိုယ်တိုင်ပါ၀င်ခံစားနေရဖွယ် ဓာတ်ပုံအလှရိုက်ကူးနိုင်ရန် ပတ္တရားမြို့၏ နာမည်ကျော် Art Museum ပြခန်းသို့ ၀င်ရောက်လေ့လာပြီး ညစာသုံးဆောင်ရန်အတွက် Local Restaurant သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် Alcazar Show ခေါ် Lady-boys လေးများ၏ ကပြ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုရင်း အမှတ်တရ ဓါတ်ပုံများရိုက်ကူး နိုင်မည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီး တစ်နေ့တာပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 2

ပတ္တရား - သဲဖြူကျွန်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Coral Island ဟုခေါ်သော သဲဖြူကျွန်းသို့ speed boat ဖြင့် သွားရောက် လည်ပတ်ပါမည်။ ကျွန်း၏လှပသော ကမ်းခြေတွင် ရေကူးအပန်းဖြေပြီး၊ လေထီးစီးခြင်း၊ လျှပ်ပြေးရေယာဉ်စီးနင်းခြင်း၊ စသည့် မိမိနှစ်သက်ရာ ရေပေါ်ကစား နည်းများကို ပျော်ရွှင်လွတ်လပ်စွာ ပါ၀င်ဆင်နွှဲနိုင်ပါသည်။ ထို့နောက် ပတ္တရားမြို့သို့ ပြန်လည် ထွက်ခွာလာပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာ ပြခန်းသို့ ၀င်ရောက်လေ့လာပြီး Noognooch ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ ထိုင်းလှပျို ဖြူလေးများ ကပြတင်ဆက်သော ရိုးရာယဉ်ကျေးမှုအကများနှင့် ဆင်လိမ္မာအကများကို သွားရောက် ကြည့်ရှုပါမည်။ ညစာကို ထိုင်းရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 3

ပတ္တရား - ဘန်ကောက် - Safari World – Marine Park

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ပတ္တရားမြို့မှ ပြန်လည်ထွက်ခွာလာပြီး တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ တောလည်ခရီးဟု အမည်ပေးထားသော Safari World နှင့် Marien Park ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ Safari World အတွင်းတွင် Stunt Show နှင့် လင်းပိုင်လေးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု ခံစားမည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို Marien Park ဥယျာဉ်အတွင်းတွင် အဝစားဘူဖေးဖြင့် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဘေးမဲ့လွှတ်ထားသော တိရစ္ဆာန် လေးများကို ကားဖြင့်လှည့်လည် ကြည့်ရှုပြီး ဘန်ကောက်မြို့သို့ ဆက်လက် ထွက်ခွာပါမည်။ ဘန်ကောက်မြို့ သို့ရောက်ရှိပါက အချိန်ပေါ်မူတည်၍ Terminal 21 စျေးဝယ်စင်တာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-In ၀င်ရောက်ပြီးလျှင် တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 4

ဘန်ကောက် - Grand Palace - မြဘုရား

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော Emerald Buddha ခေါ် မြဘုရားအား သွားရောက် ဖူးမျှော်ပါမည်။ ဆက်လက်၍ အနောက်တိုင်း ဗိသုကာလက်ရာများ ပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ထို့နောက် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများလက်လီလက်ကားရောင်းချရာ MBK Shopping Center သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လွတ်လပ်စွာစျေးဝယ်နိုင်ပါသည်။ နေ့လည်စာကို Shopping Center အတွင်း Food Court တွင် ကူပွန်စနစ်ဖြင့် သုံးဆောင်ရမည် ဖြစ်ပါသည်။ ထို့နောက် ပျော်ရွှင်စွာ စျေးဝယ်ပြီးနောက် ညစာကို ဘန်ကောက်မြို့၏ အထပ်အမြင့်ဆုံး Baiyoke Sky ဟိုတယ်တွင် ဘန်ကောက်မြို့၏ အလှကိုကြည့်ရှုခံစားရင်း ဘူဖေးသုံးဆောင်နိုင်မည်ဖြစ်ပါသည်။ ညစာကို အရသာရှိစွာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 5

ဘန်ကောက် - အယုဒ္ဒယ - Dream World

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့အရှေ့ဘက် (၈၀) ကီလိုမီတာ အကွာတွင် တည်ရှိသော အယုဒ္ဓယမြို့ဟောင်းသို့ သွားရောက်လေ့လာပါမည်။ မြန်မာမင်းများ သိမ်းပိုက်ခဲ့ချိန်မှ ကျန်ရှိနေသော အပျက်အစီးအများ အတိုင်း ဘုရားဆင်းတုတော် များစွာကို ပြုပြင်ခြင်းမရှိ ထိမ်းသိန်းထားခဲ့ရာ ယခု တိုင် မြင်တွေ့နိုင်ပါသည်။ ၁၉၉၁ ခုတွင် UNESCO မှ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ် ထိမ်းသိမ်းထားသော မြို့တော်ဟောင်း တစ်ခုလည်း ဖြစ်ပါသည်။ အယုဒ္ဓရှိ ဘုရားဆင်းတုတော်များကို ဖူးမျှော်ပြီးပါက ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး Dream World သို့သွားရောက် လည်ပတ်ပါမည်။ Dream World အတွင်းတွင်ရှိ ပျော်ရွှင် ရင်ခုန်ဖွယ် ကောင်းသော Rollar Coasterများ၊ Hanging Coaster, Space Mountain, တိုက်ကားမောင်းခြင်း၊ ကောင်းကင် ကြိုးရထားစီးခြင်းနှင့် များပြားလှသော ကစားနည်း မျိုးစုံကို လွတ်လပ် ပျော်ရွှင်စွာ ပါ၀င်ဆင် နွှဲနိုင်ပါသည်။ နေ့လည်စာကို ပန်းခြံအတွင်းတွင် ရှိသော စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင် ပြီးနောက် Snow Town ဟုခေါ်သော နှင်းမြို့တော်သို့ ၀င်ရောက်ပြီး အေးချမ်းလှသော အရသာကို ခံစားပြီး နှင်းလျောစီး ကြပါမည်။ ညနေခင်းတွင် ဘန်ကောက်သို့ပြန်လည်ပြန်လည်ထွက်ခွာလာမည်ဖြစ်ပြီး ကျောက်ဘုရားမြစ်အတွင်းတွင် အပျော်စီးသင်္ဘောဖြင့် ဘန်ကောက်မြို့ညနေခင်းအလှကို ကြည့်ရှုခံစားရင်း သင်္ဘောပေါ်တွင် အဝစားဘူဖေးဖြင့် ညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 6

ဘန်ကောက် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက အဝတ်အထည်နှင့် လူသုံး ကုန်ပစ္စည်းများ လက်လီ၊လက်ကားရောင်းချရာ စျေးဝယ်စင်တာသို့ ပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက် လေဆိပ်သို့ထွက်ခွာလာပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် (8M 3002 19:45-20:20 ) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

Shopping Paradise ရယ်လို့ ခေါ်ဆိုရလောက်အောင် ဘယ်လိုပစ္စည်း၊ ဘယ်အမျိုးအစားကိုပဲလိုချင်ချင် မှိုလိုပေါက်နေတဲ့ Shopping Center ကြီးတွေမှာ ပဒေသာပင်သီးနေသလားထင်ရအောင် များပြားလှတဲ့ လူသုံးကုန်၊ အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းမျိုးစုံကို အလွယ်တကူဝယ်ယူ ရရှိနိုင်တာကြောင့် Shopping အတွက်ဆို ဘန်ကောက်ကိုပဲ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် မြဘုရားလို တန်ခိုးကြီးဘုရားတွေကိုပါ ဖူးခွင့်ရမယ့်အပြင် Dream World လို ကစားကွင်းမှာ တစ်နေကုန် စိတ်ကြိုက် ဆော့ကစားနိုင်ပီး ဓါတ်ပံလှလှလေးတွေ တဝရိုက်နိုင်တာမို့ ဘန်ကောက်ခရီးစဉ်ကတော့ အားလုံးရဲ့ အသည်းစွဲပဲဖြစ်ပါတယ်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com