Bali & Singapore Tour

Departure Date

Day 1 of Month

Duration

8 days

Views

597

Maximum Seats

20

Tour Overview

Day 1

ရန်ကုန် - စင်္ကာပူ - ဘာလီ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် 8M 234 (08:00 / 12:25) ဖြင့် စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ ဆက်လက်၍ တော်ဝင်ဒတ်ချ်လေကြောင်းလိုင်း (Royal Dutch Airline) ခရီးစဉ်အမှတ် KL 835 (1645/1920 ) ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဘာလီကျွန်း၏ စည်ကားလှသော Kuta ကမ်းခြေတွင် တည်ရှိသည့် နိုင်ငံတကာအဆင့်မှီဟိုတယ်တွင် Check – In ၀င်ရောက်ပြီး တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 2

ဘာလီ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ငွေထည်လုပ်ငန်း နှင့် ပန်းပုလက်ရာများကို လေ့လာကြည့်ရှုမည်ဖြစ်ပါသည်။ ထို့နောက် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သော မီးတောင်တစ်ခုဖြစ်သည့် Batur မီးတောင် နှင့် Kintamani ပတ်ဝန်းကျင်သို့ သွားရောက်လည်ပတ်ပါမည်။ တောင်များဝန်းရံ ထားသည့် အလယ်တွင် သာယာလှပသော Batur ကန် နှင့် မီးတောင်ပတ်ဝန်းကျင်ရှိ ရွာငယ်များက လာရောက် လည်ပတ်သူတို့၏ စိတ်နှလုံးကို လန်းဆန်း ကြည်လင်စေပါသည်။ ထို့နောက် ဘူဖေးနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ရှေးခေတ် ဗိသုကာပညာများဖြင့် တည်ဆောက်ထားသော Pura Luhur Ulwatu Temple သို့ သွားရောကလည်ပတ်မည်ဖြစ်ပါသည်။ ၁၁ရာစုကတည်းက ဘာလီကျွန်း၏ ပထမဦးဆုံး တည်ဆောက်ခဲ့သော ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်စေတီအတွင်းရှိ ဗိသုကာလက်ရာများသည် ခရီးသွားဧည့်သည်များကို စိတ်ဝင်စားဖွယ် ဆွဲဆောင်ထားသော အံ့ဖွယ်တစ်ပါးပင်ဖြစ်ပါသည်။ ဆက်လက်၍ တီးမှုတ်ကခုံစရာ တူရိယာများမပါ၀င်ပဲ ပါးစပ် တစ်ခုထဲသာ အသုံးပြုထားသော တေးဂီတဖြင့် ကပြဖျော်ဖြေသည့် အင်ဒိုနီးရှားလူမျိုးများ၏ အထင်ရှားဆုံး ရိုးရာကပွဲတစ်ခုဖြစ်သည့် Kecak Dance Performence သွားရောက်ကြည့်ရှုမည် ဖြစ်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
Day 3

ဘာလီ (Cruise)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်းသို့ လာရောက် လည်ပတ်သော ခရီးစဉ်ကို ပိုမိုပြည့်စုံစေရန် Tanjung Benoa Beach တွင်ကမ်းခြေအရသာကိုခံစားရင် တနေကုန် သွားရောက်လည်ပတ်ပါမည်။ မနက်ပိုင်း ကမ်းခြေသို့ ရောက်ရှိချိန်တွင် မိမိကြိုက်နှစ်သက်ရာ Water Sport Activities များ ဖြစ်သော Banana boat၊ Snorkeling နှင့် ကနူးလှေစီးခြင်းများကို မိမိတို့အစီအစဉ်ဖြင့် လွတ်လပ်ပျော်ရွှင်စွာ ပါ၀င်ဆင်နွှဲနိုင်ပါသည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ ထို့နောက် ညနေစောင်းတွင် ကမ်းခြေမှ ပြန်လည်ထွက်ခွာလာပြီး Kuta ကျွန်းပေါ်ရှိ လက်လီလက်ကားရောင်းသော စျေးဝယ်စင်တာကြီးတွင် ပျော်ရွှင်လွတ်လပ်စွာစျေးဝယ်ထွက်ကြပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် တရုတ်အစားအစာတို့ဖြင့် တည်ခင်း ဧည့်ခံသည်များကို မြိန်ယှက်စွာ သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 4

ဘာလီ

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် မိုးကုတ်စက်ဝိုင်းနှင့် ပင်လယ်ပြင်တို့၏ အနားသတ်မဲ့ပေါင်းစပ်မှုကို အံ့မခန်းလှပစွာ မြင်တွေ့ခံစားကြည့်ရှုနိုင်မည့် Tanah Lot Sea Temple သို့ သွားရောက်လည်ပတ်ပါမည်။ ဒေသခံများမှ အန္တရာယ်ကင်းသည်ဟု ယုံကြည်ထားသော ကျောက်စိမ့်ရေနှင့် ဆုတောင်းဝတ်ပြုမှုပြုနိုင်သောစေတီ ဖြစ်ပါသည်။ ဆက်လက်ပြီး ၁၇၄၀ ပတ်ဝန်းကျင်လောက်က တည်ထားကိုးကွယ်ထားသော Taman Ayun ဘုရားကျောင်းသို့လည်း သွားရောက်လေ့လာမည် ဖြစ်ပါသည်။ ထို့နောက် Bratan ကန်အတွင်းတွင်ရှိပြီး လှပသော ရေပေါ်ကျောင်းဆောင်အဖြစ် ထင်ရှား ကျော်ကြားသော Ulundanu Temple သို့ သွားရောက်လေ့လာပြီးနောက် ဘူဖေးနေ့လည်စာ ကို သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဆက်လက်၍ GWK National Park သို့ သွားရောက်လေ့လာ၍ အလှဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ညစာကို ဘာလီကျွှန်း၏ ထင်ရှားကျော်ကြားသော Jimbaran ကမ်းခြေဘာဘီကျူးညစာကို အရသာရှိစွာ သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှတို့ကို ပြေပျောက်စေရန် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။
Day 5

ဘာလီ - စင်္ကာပူ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီနောက် မိမိတို့ အစီအစဉ်ဖြင့် လွတ်လပ်ပျော်ရွှင်စွာ သွားလာလည်ပတ်နိုင်ပါသည်။ နေ့လည် (၂) နာရီတွင် ဟိုတယ်မှ Check out ပြုလုပ်ပြီး Nusadua ကမ်းခြေသို့ပို့ဆောင်ပေးမည်ဖြစ်ပြီး ခေတ္တအနားယူ အပန်းဖြေပါမည်။ ညနေခင်းတွင် စားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဘာလီကျွန်းရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Royal Dutch Airline ခရီးစဉ်အမှတ် KL 835 ( 20:35 – 23:10 ) လေကြောင်းခရီးစဉ်ဖြင့် လေယာဉ်ပေါ်တွင် ညစာကိုသုံးဆောင်ပြီးနောက် စင်္ကာပူအပြည်ပြည်ဆိုင်ရာ ချန်ဂီလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ ချန်ဂီလေဆိပ်တွင်လာရောက် ကြိုဆိုပြီးနောက် တည်းခိုမည့် ဟိုတယ်တွင် Check in ဝင်ရောက်၍ တစ်နေ့တာပင်ပန်းသမျှကို တစ်ညတာ အပန်းဖြေ အိပ်စက်အနားယူနိုင်ရန် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
Day 6

စင်္ကာပူ

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် စင်္ကာပူနိုင်ငံ၏ Universal Studio တွင် ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းသော ကစားနည်းများကို လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲပြီး 4Dရုပ်ရှင်နှင့် ဖျော်ဖြေပွဲများကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ Universal Studio ကစားကွင်းအတွင်းရှိ ပျော်ရွှင် ရင်ခုန်ဖွယ်ကောင်းသော Rollar Coasterများ၊ စိတ်လှုပ်ရှားဖွယ် Transformer စီးခြင်း၊ ခေတ်မီဆန်းသစ်လှပသောအပြင် အဆင်များဖြင့်ပြုလုပ်ထားသော Far Far Away ကဇာတ်ရုံကြီး၊ အ့ံသြရင်ခုန်ဖွယ် မာမီကစားနည်းများ နှင့် များပြားလှသော ကစားနည်း မျိုးစုံကို လွတ်လပ် ပျော်ရွှင်စွာ ပါ၀င်ဆင် နွှဲနိုင်ပါသည်။ နေ့လည်စာကို Universal Studio အတွင်းတွင် သုံးဆောင်ရမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Universal Studio အတွင်းလွတ်လပ်ပျော်ရွှင်စွာ အလှဓာတ်ပုံရိုက်ကူးပြီး ညစာကိုစင်္ကာပူနိုင်ငံရှိ Local Restaurant တွင် သုံးဆောင်မည် ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် စွဲမက်ဖွယ် ရေပန်းအကအလှ ဖြစ်သည့် ပင်လယ်ဂီတသံခေါ် Wings of Times ကပြ ဖျော်ဖြေမှုကို ကြည့်ရှု ခံစားပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
Day 7

စင်္ကာပူ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အာရှပစိဖိတ်ဒေသတွင် အကြီးဆုံး ငှက်ဥယျာဉ် တစ်ခု ဖြစ်သော Jurong Bird Park သို့သွားရောက် လည်ပတ်ပါမည်။ ငှက်အမျိုးပေါင်း ၆၀၀၀ ကျော်ကို သဘာဝ အတိုင်းလေ့လာရင်း ငှက်ကလေးများ၏ ကပြဖျော်ဖြေမှု တို့ကို ပျော်ရွှင်အံ့သြဖွယ် ကြည့်ရှုရမည် ဖြစ်ပါသည်။ ထို့နောက်နေ့လည်စာကို Local Restaurant တွင်အရသာရှိစွာ သုံးဆောင်ပြီးနောက် စင်္ကာပူနိုင်ငံ၏ တိုးတက်မှုကို ဖော်ညွှန်းသော Garden By the Bay သို့ ပို့ဆောင်ပေးပြီး ဥယျာဉ်အတွင်းတွင် Flower Dome ဟုအမည်တွင်သော လှပသော ပန်းမျိုးစုံများရှိရာ ဥယျာဉ်သို့သွားရောက် လေ့လာအလှ ဓါတ်ပုံ ရိုက်ကူးမည် ဖြစ်ပါသည်။ ထို့အပြင် ခေတ်မီဆန်းသစ်သော နည်းပြများနှင့် ပြုလုပ်ထားသော Cloud Forest ထပ်မံသွားရောက် လေ့လာမည်ဖြစ်ပါသည်။ ရေရှားပါးသော နိုင်ငံဖြစ်သည့် အလျှောက် Water Cycle နည်းပညာသစ်များဖြင့် သစ်တောတစ်ခုလုံး အေးစိမ့်အောင်ပြုလုပ်ထားနိုင်ပြီး ဆွဲဆောင်ထားသော Cloud Forest အတွင်းလေ့လာ လည်ပတ်ကြမည်ဖြစ်ပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံ၏ စျေးဝယ်လမ်းမကြီးတစ်ခုဖြစ်သော Orchard လမ်းမကြီး သို့ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင် ရမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူ မည်ဖြစ်ပါသည်။
Day 8

စင်္ကာပူ - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စင်္ကာပူမြို့တွင်းလှည့်လည်ရေး အစီအစဉ် အနေဖြင့် Merlion Park, Fountain of Wealth, Suntec City, Parliament House, City Hall, , Esplanade နှင့် Singapore Flyer တို့တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် လိုက်ပါပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ် 8M 232 ( 13:25 – 14:50 ) ဖြင့်ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။

Talk to our exploore expoert

ဘာလီလို့ ကြားလိုက်တာနဲ့ ဟန်နီးမွန်းခရီး၊ ဇနီးမောင်နှံအများစု သွားလေ့ရှိတဲ့ နေရာလို့ အများစုက ထင်မှတ်ကြပါတယ်။ တကယ်တော့ ဘာလီကျွန်းဟာ မိသားစုနဲ့ သွားဖို့ အသင့်တော်ဆုံးနေရာပါ။ မိသားစု၊ သူငယ်ချင်းများ၊ ဆွေမျိုးသားခြင်းတွေနဲ့ သွားရင်ပိုပြီး ပျော်စရာကောင်းပါတယ်။ မိသားစုနဲ့ ဘာကြောင့်သွားသင့်ပါသလည်း ဆိုရင်တော့ လေထီးခုန်ခြင်း၊ ဒိုးနတ်လှေစီးခြင်း၊ ငှက်ပျောသီးလှေစီးခြင်း၊ ကမ်းခြေတစ်လျှောက် အပန်းဖြေ လမ်းလျှောက်ခြင်း စသည့် ပျော်ရွှင်စရား လှုပ်ရှားမှုတွေ ဘာလီကျွန်းသူ၊ ကျွန်းသားများရဲ့ လူနေမှု ပုံစံ၊ ဘုရားကျောင်းဆောင် တွေနဲ့ ဗဟုသုတ ရစရာများကို တူတူပြုလုပ်နိုင်လို့ပါ။ ပင်လယ်ကမ်းခြေမှာ တည်ထားတဲ့ ဘုရားကျောင်းတွေနဲ့ ညနေဆည်းဆာတို့ ပေါင်းစပ်လိုက်တဲ့အခါ ရာဇဝင်ကြီးမားလှတဲ့ ပုဂံမြို့ရဲ့ နေဝင်ဆည်းဆာကို မယှဉ်နိုင်ပေမယ့် သူ့အလှနဲ့သူတော့ ရင်ခုန်စရာကောင်းလှပါတယ်။

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com