Lorem ipsum dolor sit amet, consectetur elit. Nulla rhoncus ultrices purus, volutpat.
အရှေ့တောင်အာရှရဲ့ ကျားတစ်ကောင်လို့ သတ်မှတ်ထားရှိခြင်းခံရတဲ့ စင်္ကာပူဟာ သန့်ရှင်းခြင်း၊ စည်းကမ်းရှိခြင်း၊ စိမ်းလန်းစိုပြေခြင်းတို့အမြင့် စီးပွားရေးဖွံ့ဖြိုးမှု ပြယုဒ်အဖြစ် ခံ့ညားလှသော ဗိသုကာလက်ရာ အဆောက်အဦးများဖြင့် လာရောက်လည်ပတ်သူ အားလုံးကို စွဲဆောင်မှုအပြည့်ဖြင့် ကြိုဆိုလျှက်ရှိပါတယ်။ အဓိကသွားလည်သင့်တဲ့နေရာတွေကတော့ Merlion Park ၊ Sentosa ကျွန်းပေါ်တွင် တည်ဆောက်ထားသော Universal Studio ၊ စင်္ကာပူကို ဥယျာဉ်ထဲကမြို့တော်အဖြစ်သို့ ပြောင်းလဲစေသော Garden By The Bay နှင့် သဘောင်္ပုံ ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ်ကြီးတို့ပဲ ဖြစ်ပါသည်။
ကိုရီယားနိုင်ငံဟာ သမိုင်းအကြောင်းအရလည်း အထင်ကရရှိခဲ့တဲ့ နိုင်ငံတစ်ခုဆိုတာ ကိုရီးယား ရာဇဝင်ကားများ၊ နန်းတွင်းကားများကို ကြည့်ခြင်းအားဖြင့်သူ့နိုင်ငံ၊ သူ့သမိုင်းကို သိသင့် သလောက် သိကြပြီးပြီးလို့ထင်ပါတယ်။ ပဲခေါက်ဆွဲနဲ့တော့ပူကီ၊ ကင်မ်ချီနဲ့ကျောက်အိုးပူထမင်းသုပ်၊ ကြက်ကောင်လုံးဂျင်ဆင်းဆန်ပြုတ်၊ ဆလတ်ရွတ်နဲ့ ကိုရီးယားအသားကင် စတဲ့အစားအစာတွေကတော့ တိုးဒီတို့ရွှေမြန်မာတွေအတွက် ခံတွင်းတွေ့စေပါတယ်။ နောက်ထပ် ဆွဲဆောင်မှုတစ်ခုကတော့ ကိုရီးယားမင်းသားချော ဘေယောင်ဂျွန်း ပါ၀င်သရုပ်ဆောင်ထားတဲ့ ဟေမာန်ဆောင်းရဲ့ ချစ်သံဇဉ် ဇာတ်ကားရိုက်ကူးခဲ့တဲ့ နမိကျွန်းလေးရဲ့ ပထမဦးဆုံးအနမ်း (First Kiss) ပေးတဲ့နေရာလေးကလဲ မဖြစ်မနေ သွားရောက်လည်ပတ်ရတဲ့နေရာတွေထဲက တစ်ခုအပါ၀င်ဖြစ်ပါတယ်။
အရှေ့အစွန်ဖျားမှာရှိလို့ ဂျပန်ကို Far East လို့ခေါ်ဆိုကြပြီး ဂျပန်နိုင်ငံရဲ့ အလံမှာ အဖြူရောင်နောက်ခံနဲ့ နေဝန်းနီကြီးက The Land of rising sun ဆိုတာကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံရဲ့ ၂၅% နှုန်းသော ကုန်းမြေကိုသာ လူနေထိုင်လို့ရပီး ကျန်တဲ့ ရ၀% ဟာ သစ်တောနဲ့ ဖုံးလွှမ်းထားတာမို့ ဂျပန်ဟာ တောတောင်သဘာဝနဲ့ အရမ်းလှပလွန်းပါတယ်။ ဖူဂျီတောင်ကတော့ ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံးနဲ့ လာရောက်လည်ပတ်သူတိုင်းကို သူ့အလှနဲ့ ဆွဲဆောင်နိုင်လွန်း လှပါတယ်။ Golden Route လို့ သတ်မှတ်ခေါ်ဆိုတဲ့ အိုဆာကာမြို့တောက်ကနေ တိုကျိုတစ်လျှောက် ခရီးလှည့်လည် သွားလာရင်း ဖူဂျီတောင်၊ ကာမာကူရဘုရားကြီး၊ တိုကျို Disneyland စတဲ့နေရာပေါင်းများစွာကို ဂျပန်ခရီးစဉ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။
ပုလဲမြစ်ဟာ ကွမ်ကျိုးမြို့ကို ဖြတ်သန်းစီးဆင်းပြီး တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်ပါတယ်။ ပုလဲမြစ်ဝှမ်းဒေသမှာ တည်ရှိတဲ့ ဟောင်ကောင်၊ ကွမ်ကျိုး၊ ရှန်းကျန့်စတဲ့ မြို့တော်များကို ပုလဲမြစ်၏ မြို့တော်များလို့ တင်စားခေါ်ဝေါ်သလို Wonders of China လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီမြို့တော်တွေထဲမှာတော့ ဟောင်ကောင်ဟာ အာရှကျားရယ်လို့ အသိအမှတ် ပြုခံထားရတဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့အတွက် စီးပွားရေးနဲ့ ပတ်သက်ပြီး လာရောက်လည်ပတ်သူများပြားလှသလို အလည်အပတ်အနေနဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအတွက်လည်း ဆွဲဆောင်မှုများစွာရှိနေပါတယ်။ မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့နေရာတွေထဲမှာတော့ Disney Land နဲ့၊ Ocean Park တို့အပါအဝင်ပဲဖြစ်ပါတယ်။
လပေါ်ကနေ ကမ္ဘာဆီကို လှမ်းကြည့်ရင်မြင်ရတဲ့ တစ်ခုတည်းသော အဆောက်အဦဟာ စိနတိုင်း ခေါ် စိန့်တိုင်းပြည်လို့ ရှေးယခင်မြန်မာများခေါ်ဆိုတဲ့ တရုတ်ပြည်မကြီးမှာရှိတဲ့ ကမ္ဘာကျော် Great Wall ခေါ် မဟာတံတိုင်းကြီးပါလို့ အရင် တစ်ခေတ်တစ်ချိန်က ဆိုခဲ့ကြပါတယ်။ ကမ္ဘာ့ အံ့ဖွယ် ရ ပါးမှာ တစ်ပါးအပါအဝင် ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မဟာတံတိုင်းကြီးဟာ ရှေးယခင်တရုတ်အင်ပါယာကြီးရဲ့ အရေးပါတဲ့ အတိတ်တစိတ်တပိုင်းဖြစ်ခဲ့ပါတယ်။ မဟာတံတိုင်းရဲ့ ကြီးကျယ်မှုဟာ တရုတ်ရာဇဝင်သမိုင်းတွေထဲက ထင်ရှားတဲ့ မင်းဆက်တွေကို ကြီးမြင့်ခမ်းနားပေါ်လွင်စေခဲ့ပါတယ်။ မဟာတံတိုင်းကြီးကို ရောက်ပြီးနောက် Forbidden City လို့ခေါ်ဆိုကြတဲ့ ရှေးနန်းတော်ဟောင်းကလည်း တရုတ်ပြည်မကြီး ခရီးစဉ်တွင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာဖြစ်တဲ့အတွက် ထည့်သွင်းစီစဉ်ထားရှိပါသည်။
ပုလဲမြစ်ဟာ ကွမ်ကျိုးမြို့ကို ဖြတ်သန်းစီးဆင်းပြီး တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်ပါတယ်။ ပုလဲမြစ်ဝှမ်းဒေသမှာ တည်ရှိတဲ့ ဟောင်ကောင်၊ ကွမ်ကျိုး၊ ရှန်းကျန့်စတဲ့ မြို့တော်များကို ပုလဲမြစ်၏ မြို့တော်များလို့ တင်စားခေါ်ဝေါ်သလို Wonders of China လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီမြို့တော်တွေထဲမှာတော့ ဟောင်ကောင်ဟာ အာရှကျားရယ်လို့ အသိအမှတ် ပြုခံထားရတဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့အတွက် စီးပွားရေးနဲ့ ပတ်သက်ပြီး လာရောက်လည်ပတ်သူများပြားလှသလို အလည်အပတ်အနေနဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအတွက်လည်း ဆွဲဆောင်မှုများစွာရှိနေပါတယ်။ မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့နေရာတွေထဲမှာတော့ Disney Land နဲ့၊ Ocean Park တို့အပါအဝင်ပဲဖြစ်ပါတယ်။
$1,000

14 days

ဥရောပဆိုရင် စျေးကြီးလွန်းလို့ စိတ်ကူးမယဉ်နိုင်ခဲ့ပေမဲ့ အခုတော့အဲလို မဟုတ်တော့ပါဘူး။ စျေးသက်တောင့်သက်သာနဲ့ သွားရောက်လည်ပတ်နိုင်ပါပြီ။ လူတိုင်းသွားလည်နိုင်တဲ့ စျေးနှုန်းနဲ့ခရီးစဉ်ကို စီစဉ်ပေးနိုင်တာကတော့ တိုးဒီရဲ့အားသာချက်ပါ။ စျေးနှုန်းချိုသာသလို ပေးရတဲ့ငွေကြေးနဲ့ ထိုက်ထိုက်တန်တန် ၀န်ဆောင်မှုလည်း ရဦးမှာပါ။ ဘာသာစကား အခက်အခဲမရှိစေရအောင်၊ မြန်မာစကားအပြင်၊ အီတလီလို တတ်ကျွမ်းတဲ့ အုပ်စုခေါင်းဆောင်က ခရီးစဉ်တစ်လျှောက် လိုက်ပါပြီး ၀န်ဆောင်မှုပေးမှာဖြစ်ပါတယ်။ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
$1,000

6 days

ရေနံကလွဲရင် ဘာမှမထွက်တဲ့ ဒူဘိုင်းဟာ သဲကန္တာရကြီးတစ်ခုလုံးကို မီးရောင်စုံတွေနဲ့ ထိန်ထိန်းလင်းအောင် ထွန်းညှိထားပြီး မိုးမျှော်တိုက်တွေနဲ့ ခေတ်မှီမြို့ကြီးတစ်မြို့အဖြစ် ဖန်ဆင်းထားနိုင်စွမ်းရှိပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒူဘိုင်းမြို့တော်ကြီးမှာ World Records ၀င်တဲ့ ကမ္ဘာ့အမြင့်ဆုံးတာဝါ၊ ကြယ် (၇) ပွင့်အဆင့်ရှိတဲ့ဟိုတယ်၊ အကြီးဆုံးစျေးဝယ်စင်တာကြီးတွေနဲ့ စည်ကားလွန်းလှပါတယ်။ မွတ်စလင်နိုင်ငံမို့ မသွားချင်ဘူးဆိုပြီး မျက်စေ့စုံမှိတ် မငြင်းလိုက်ပါနဲ့နော်။ ဒေသခံ အာရပ်လူမျိုးက လူဦးရေရဲ့ ၂၀% ပဲရှိတာမို့ အလုပ်အကိုင်အတွက် မြန်မာနိုင်ငံသားတွေ အပါအဝင် လာရောက် အခြေခြနေထိုင်ကြတဲ့ တစ်ခြားနိုင်ငံသားတွေက ပိုများပါတယ်။ လူ့အရင်းအမြစ်လို့ခေါ်တဲ့ လုပ်သားအရင်းအမြစ်ကအစ၊ သောက်တဲ့ရေအဆုံး သူများနိုင်ငံတွေကနေ ၀ယ်ယူသုံးစွဲနေရပေမဲ့ ဒူဘိုင်းကတော့ အပြုံးမပျက်ပါ။ ၂၀၂၀ ခုနှစ်မှာ Dubai Expo ကို လက်ခံကျင်းပမှာဖြစ်ပြီး လာရောက်လည်ပတ်သူ သန်း(၅၀) မျှော်လင့်ထားတာမို့ သွားရောက် လည်ပတ်ဖို့ တိုက်တွန်းပါရစေ။
Lorem ipsum dolor sit amet, consectetur elit. Nulla rhoncus ultrices purus, volutpat.
Shopping Paradise ရယ်လို့ ခေါ်ဆိုရလောက်အောင် ဘယ်လိုပစ္စည်း၊ ဘယ်အမျိုးအစားကိုပဲလိုချင်ချင် မှိုလိုပေါက်နေတဲ့ Shopping Center ကြီးတွေမှာ ပဒေသာပင်သီးနေသလားထင်ရအောင် များပြားလှတဲ့ လူသုံးကုန်၊ အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းမျိုးစုံကို အလွယ်တကူဝယ်ယူ ရရှိနိုင်တာကြောင့် Shopping အတွက်ဆို ဘန်ကောက်ကိုပဲ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် မြဘုရားလို တန်ခိုးကြီးဘုရားတွေကိုပါ ဖူးခွင့်ရမယ့်အပြင် Dream World လို ကစားကွင်းမှာ တစ်နေကုန် စိတ်ကြိုက် ဆော့ကစားနိုင်ပီး ဓါတ်ပံလှလှလေးတွေ တဝရိုက်နိုင်တာမို့ ဘန်ကောက်ခရီးစဉ်ကတော့ အားလုံးရဲ့ အသည်းစွဲပဲဖြစ်ပါတယ်။
ဘာလီလို့ ကြားလိုက်တာနဲ့ ဟန်နီးမွန်းခရီး၊ ဇနီးမောင်နှံအများစု သွားလေ့ရှိတဲ့ နေရာလို့ အများစုက ထင်မှတ်ကြပါတယ်။ တကယ်တော့ ဘာလီကျွန်းဟာ မိသားစုနဲ့ သွားဖို့ အသင့်တော်ဆုံးနေရာပါ။ မိသားစု၊ သူငယ်ချင်းများ၊ ဆွေမျိုးသားခြင်းတွေနဲ့ သွားရင်ပိုပြီး ပျော်စရာကောင်းပါတယ်။ မိသားစုနဲ့ ဘာကြောင့်သွားသင့်ပါသလည်း ဆိုရင်တော့ လေထီးခုန်ခြင်း၊ ဒိုးနတ်လှေစီးခြင်း၊ ငှက်ပျောသီးလှေစီးခြင်း၊ ကမ်းခြေတစ်လျှောက် အပန်းဖြေ လမ်းလျှောက်ခြင်း စသည့် ပျော်ရွှင်စရား လှုပ်ရှားမှုတွေ ဘာလီကျွန်းသူ၊ ကျွန်းသားများရဲ့ လူနေမှု ပုံစံ၊ ဘုရားကျောင်းဆောင် တွေနဲ့ ဗဟုသုတ ရစရာများကို တူတူပြုလုပ်နိုင်လို့ပါ။ ပင်လယ်ကမ်းခြေမှာ တည်ထားတဲ့ ဘုရားကျောင်းတွေနဲ့ ညနေဆည်းဆာတို့ ပေါင်းစပ်လိုက်တဲ့အခါ ရာဇဝင်ကြီးမားလှတဲ့ ပုဂံမြို့ရဲ့ နေဝင်ဆည်းဆာကို မယှဉ်နိုင်ပေမယ့် သူ့အလှနဲ့သူတော့ ရင်ခုန်စရာကောင်းလှပါတယ်။
$1,000

10 days

Lorem ipsum dolor sit amet, consectetur elit. Nulla rhoncus ultrices purus, volutpat.
Showing 1-13 of 13 results