စည်းကမ်းသတ်မှတ်ချက်များ

ခရီးစဉ် လိုက်ပါခြင်းအတွက် ခရီးသွားဧည့်သည်နှင့် ကုမ္ပဏီ နှစ်ဦးနှစ်ဖက် လိုက်နာရမည့် စည်းကမ်းများ


တိုးဒီမြန်မာ၏ ခရီးစဉ်များတွင် လိုက်ပါအားပေးမှုအတွက် တိုးဒီမြန်မာမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများနှင့် ခရီးစဉ်များကို ပိုမိုချောမွေ့စေရန် တိုးဒီမြန်မာမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ၊ စေတနာ အပြည့်အဝဖြင့် အစဉ်ကောင်းမွန်အောင် ကြိုးစားလျှက်ရှိပါသည်။

ဤစည်းမျဉ်းစည်းကမ်းများသည် တိုးဒီမြန်မာမှ စီစဉ်သော ခရီးစဉ်များအပေါ်တွင် ပါ၀င်သော ၀န်ဆောင်မှုများအတွက် အာမခံချက် အပြည့်အဝပေးလိုကြောင်းနှင့် လိုက်ပါအားပေးသည့် ခရီးသွားဧည့်သည်အတွက် တိုးဒီမြန်မာမှ စီစဉ်သောဝန်ဆောင်မှုများအား သိရှိနားလည်စေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ ဤစည်းမျဉ်းစည်းကမ်းများတွင် ပါ၀င်သော အချက်အလက်များကို ခရီးသွားဧည့်သည်များ အနေနှင့် အချိန်ပေးဖတ်ရှုပြီး နားလည်သဘောပေါက်ကြောင်းကို အတည်ပြုခြင်းဖြစ်ပါသည်။


ခရီးစဉ် စျေးနှုန်း အတည်ပြုခြင်း

တိုးဒီမြန်မာမှ စီစဉ်ရောင်းချသော ခရီးစဉ်များ၏ ပါ၀င်သော ၀န်ဆောင်မှုများအတွက် ခရီးစဉ် ကုန်ကျစရိတ်ကို အတိအကျ ဖေါ်ပြထားရှိသည့်အကြောင်း ခရီးသွားဧည့်သည်မှ နားလည်သဘောက်ပါသည်။ တိုးဒီမြန်မာမှ မည်သည့်အကြောင်းကြောင်းနှင့်မျှ ငွေကြေးအပိုကောင်ခံခြင်း မရှိစေရန် အပြည့်အဝ တာဝန်ယူပါသည်။ ခရီးစဉ်တွင် မပါ၀င်သောနေရာများအတွက် ၀င်ကြေးများအား ခရီးသွားဧည့်သည်မှ ပေးဆောင်ရန် ဖြစ်ပါသည်။


ခရီးစဉ်တွင် မပါ၀င်သောဝန်ဆောင်မှုများ

ဗီဇာလျှောက်ရန် လိုအပ်သော စာရွက်စာတမ်းများအား ဘာသာပြန်ခ (Notary charges)
နိုင်ငံကူးလက်မှတ်
ခရီးဆောင်အိတ်တန်ပိုခ
တယ်လီဖုန်းခေါ်ဆောင်ခ၊ ပင်မင်းခ၊
ဟိုတယ်အခန်းတွင်းရှိ mini bar အသုံးပြုခ
ဘီယာ၊ ၀ိုင်နှင့် အခြားအအေးခများ
ခရီးစဉ်အတွင်းမပါ၀င်သော မိမိ၏ အပိုအသုံးစရိတ်များ


စာရင်းပေးသွင်းခြင်း

၁။ ခရီးစဉ်အတွက် သတ်မှတ်စရံငွေ ပေးသွင်းပြီးမှသာ ခရီးစဉ်တွင် လိုက်ပါရန် စာရင်းပေးခြင်း အတည်ဖြစ်မည်ဖြစ်ပါသည်။
၂။ ခရီးထွက်ခွာရန် အနည်းဆုံး (၃၀) ရက် အလိုတွင် ကြိုတင်စာရင်းပေးသွင်းခြင်း ပြုလုပ်ပေးပါရန်
၃။ စာရင်းပေးသွင်းရာတွင် သက်ဆိုင်ရာ လေယာဉ်နှင့် ဟိုတယ် booking များပြုလုပ်ရန် မိမိ၏ နိုင်ငံကူးလက်မှတ် (မိတ္တူ) များကို ပေးရန်၊
၄။ လေယာဉ်ခရီးစဉ်အတွက် booking ပြုလုပ်ပြီးလျှင် လက်မှတ်ထုတ်ရန် နောက်ဆုံးရက်ကို အကြောင်းကြားပေးမည်။ ၄င်းလေကြောင်းလိုင်းများ၏ စည်းကမ်း သတ်မှတ် ချက်များအရ လက်မှတ်ထုတ်ပြီးလျှင် လက်မှတ်များသည် ပြန်အမ်းငွေမရသည့်အပြင်၊ ရက်စွဲ ပြောင်းလဲ၍လည်း မရပါ။ လက်မှတ်ထုတ်ရန် နောက်ကျ၍ အသစ်ပြန်တင်ရသော booking အတွက် ထပ်တိုးကုန်ကျစရိတ်ရှိပါက ခရီးသည်မှ ထပ်ဆောင်းပေးရမည်ဖြစ်ပါသည်။


ကြိုတင်ငွေပေးချေခြင်း

စာရင်းပေးသွင်း၍ ခရီးစဉ် confirm (အတည်ပြု) ပြီးလျှင်ပြီးချင်း၊ အောက်ပါ စည်းကမ်းချက်များအတိုင်း ကြိုတင် ငွေပေးချေပေးရန် လိုအပ်ပါသည်။


ခရီးစဉ်တွင်လိုက်ပါရန် စာရင်းပေးသွင်းသည့်အချိန်တွင်

(ခရီးစဉ်မစမီအနည်းဆုံးရက်ပေါင်း ၃၀ နှင့် အထက်) : ပထမအရစ် ၅၀ %
ဗီဇာတင်ရန် ပြင်ဆင်၍ ဗီဇာတင်ပြီးသည့်အချိန်တွင် : လက်ကျန် ၅၀%

စာရင်းပေးသွင်း၍ ခရီးစဉ် confirm (အတည်ပြု) ပြီးမှ အကြောင်းတစုံတရာကြောင့် သတ်မှတ်ခရီးစဉ်တွင်လိုက်ပါရန် ပျက်ကွက်/ ဖျက်သိမ်းခြင်းအတွက် ပေးဆောင်ရမည့် ဒဏ်ကြေးများ၊


ပြည်ဝင်ခွင့်အလည်အပတ်ဗီဇာ ရရှိပြီးသူများ

ဗီဇာမတင်ခင်နှင့် လေယာဉ်လက်မှတ်များ မထုတ်မီ : ဒေါ်လာ ၁၅၀


ပြည်ဝင်ခွင့် အလည်အပတ်ဗီဇာလျှောက်ထား ရရှိပြီးသူများအတွက်

ခရီးစဉ် မစမီ ရက်ပေါင်း ၆၀ နှင့် အထက် : သတ်မှတ်စရံငွေ ဖြတ်တောက်ပါမည်။
ခရီးစဉ် မစမီ ၄၅ ရက် နှင့် အထက် : ခရီးစဉ်စျေးနှုန်း၏ ၅၀%


ပြည်ဝင်ခွင့် အလည်အပတ်ဗီဇာငြင်းဆိုခံရသူများအတွက်

မည်သည့် အကြောင်းပြချက်ဖြင့် မဆို ပြည်ဝင်ခွင့် အလည်အပတ်ဗီဇာ ငြင်းဆိုခံရသူများအတွက် ဗီဇာကြေး ပြန်လည်ရရှိမည် မဟုတ်ပါ။ ဗီဇာငြင်းဆိုခံရမှုသည်၊ တိုးဒီမြန်မာမှ ၀န်ထမ်းများ၏ ပေါ့ဆမှု၊ တိုးဒီမြန်မာမှ ခရီးစဉ်အတွက် လိုအပ်သော စာရွက်စာတမ်း ပံ့ပိုးမှု ပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာခဲ့ပါက ဗီဇာကြေး (USD 80) နှင့် ဘာသာပြန် ၀န်ဆောင်ခများ နှုတ်ယူပြီး ခရီးစဉ်ကုန်ကျစရိတ် သွင်းထားသောငွေအား ပြန်လည် ထုတ်ပေးမည် ဖြစ်ပါသည်။ ဗီဇာငြင်းဆိုခံရမှုသည်၊ ခရီးသွားဧည့်သည်၏ ကိုယ်ရေးအချက်အလက် ထိန်ချန်မှု၊ မမှန်မကန် ဖြည့်သွင်းမှုနှင့် ခရီးသွားဧည့်သည်၏ ကိုယ်ရေးရာဇဝင်ကြောင့် ငြင်းပယ်ခံရခြင်းအတွက် တိုးဒီမြန်မာတွင် ခရီးစရိတ်ပြန်လည် အေ​ပေးအပ်ရန် မည်သည့်တာဝန်မှ မရှိကြောင်း ခရီးသွားဧည့်သည်မှ နားလည်သဘောပေါက်ပါသည်။

ခရီးစဉ်လိုက်ပါရန် အတည်ပြု စရံငွေပေးသွင်းပြီးပါက အထက်ပါ စည်းမျဉ်းစည်းကမ်းများအား အလိုအလျောက် လိုက်နာပြီးဖြစ်ကြောင်း ခရီးသွားဧည့်သည်မှ နားလည်သဘောပေါက်ပါသည်။