တိုးဒီနဲ့ GO ပြီ

ကျွန်တော်ကတော့ ဝင်းမင်းကောင်းပါ။ တိုးဒီမြန်မာကုမ္ပဏီတွင် ၂၀၁၃၊ ၁လပိုင်းမှ ယခုအချိန်ထိလုပ်ကိုင်နေပြီး စင်္ကာပူနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းခရီးစဉ်များကို ခရီးစဉ် ရေးဆွဲကာ တိုးဒီ၏ခရီးသွား ဧည့်သည်များအတွက် ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ ကျွန်တော်လုပ်ကိုင်ခဲ့သော ၃နှစ်ကျော်အတွေ့အကြုံဖြင့် ခရီးသည်များကို စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုပေးစွမ်းနိုင်သော ခရီးစဉ်လမ်းကြောင်းများကိုသာ အစဉ်တစိုက် ရေးဆွဲပေးလျက်ရှိပါတယ်။ ခရီးစဉ်အတွင်းတွင်လည်း နွေးထွေးသော ဝန်ဆောင်မှုနှင့်အတူ ပြင်ပဗဟုသုတများကိုလည်း ဝေမျှပေးနေပါပြီ။
Adventure Packages ၊ Honeymoon Packages ၊ Family Packages ၊ Experience Packages များနှင့် အတူ မိမိသွားရောက်လိုသောခရီးစဉ်များကိုလည်း စိတ်တိုင်းကြိုက်ရေးဆွဲပေးနေပါပြီ။
ချစ်သူနှစ်ဦးတို့အတွက် ပျားရည်စမ်းခရီးလေးသွားချင်ရင်တော့ ဘာလီကျွန်းကိုဘဲရွေးချယ်လိုက်ရအောင်ပါ။ Pre Wedding အတွက်ဓာတ်ပုံလှလှလေးတွေရိုက်လို့ရသလို၊ ကို့ချစ်သူဇနီးမယားလေးနှင့်အတူ Romantic ဆန်ချင်သူများအတွက်လဲ အရမ်းကိုသွားသင့်တဲ့နေရာလေးတစ်ခုပါ။
သူငယ်ချင်းတွေနဲ့ဘဲပျော်ချင်တာလား ဒါမှမဟုတ် မိသားစုတွေနဲ့ဘဲ ခရီးသွားချင်သူများအတွက်ဆိုင်ရင်တော့ စင်္ကာပူနိုင်ငံမှ ကြိုဆိုနေပါပြီနော်။ ဘဝတစ်ခုရဲ့ တန်းဖိုးရှိတဲ့အချိန်တွေကို အလှပဆုံးအမှတ်တရများဖြင့် တန်ဆာဆင်ဖို့ရာ…. တိုးဒီမြန်မာမှ – စင်္ကာပူနှင့် ဘာလီခရီးစဉ်များအတွက် ယခုဘဲဆက်သွယ်လိုက်ပါ။