ကျွနု်ပ်တို့အကြောင်း

တိုးဒီမြန်မာ


တိုးဒီမြန်မာခရီးသွားလုပ်ငန်း ကုမ္ပဏီလီမီတက်သည် ၂၀၀၈ ခုနှစ်တွင် စတည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံသားများအဆင့်မြင့်မြင့်နှင့် အဆင်ပြေပြေ ချောမွေ့စွာခရီးသွားလာနိုင်ရန် All inclusive Package ခေါ် တည်းခိုစရိတ်၊ စားသောက်စရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ အပြီးအစီး ပါဝင်သော ခရီးစဉ်များကို မြန်မာနိုင်ငံတွင်းသာမက၊ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ပို့ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။


တိုးဒီမြန်မာခရီးသွားလုပ်ငန်း ကုမ္ပဏီလီမီတက်တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဒေါ်လှဒါလီခင်မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ပြည်ပခရီးသွား လိုင်စင်အမှတ် (ပခ-၀၁၂) ဖြင့် တရားဝင်လုပ်ကိုင်ခွင့်ရှိသော ကုမ္ပဏီလည်းဖြစ်ပါသည်။ ဒေါ်လှဒါလီခင်သည် ခရီးသွားလုပ်ငန်းတွင် အမှုဆောင်ဒါရိုက်တာအဖြစ် (၁၀) နှစ်ကျော်ကြာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီး တိုးဒီမြန်မာကို တည်ထောင်ခဲ့သူဖြစ်ပါသည်။ တိုးဒီမြန်မာတွင် ဒေါ်လှဒါလီခင်နှင့်အတူ တာဝန်ယူ လုပ်ကိုင်နေသောအမြဲတမ်း ဝန်ထမ်း စုစုပေါင်း (၁၅) ဦး၊ ပြင်ပအချိန်ပိုင်းအလွတ်ဧည့်လမ်းညွှန်များနှင့် အုပ်စုခေါင်းဆောင်များစွာ အတူလက်တွဲလုပ်ကိုင်လျှက်ရှိပါသည်။


တိုးဒီမြန်မာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ဧည့်သည်တော်များ၏ လိုအပ်ချက်ကိုနားလည်စွာ ဖြည့်ဆည်းပေးနိုင်မှု၊ အများနှင့်မတူသောခရီးစဉ်တင်ဆက်မှုတို့ကြောင့် အချိန်တိုအတွင်းဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်သောခရီးသွားကုမ္ပဏီတစ်ခုဖြစ်ပါသည်။


တိုးဒီမြန်မာ၏ ဝန်ဆောင်မှုများကို ယုံကြည်စွာအားပေးခဲ့ကြသောဧည့်သည်တော်များထဲတွင် ချယ်ရီဦးနာရီ (ကိုရီးယားခရီးစဉ်၊ ဟောင်ကောင်ခရီးစဉ်၊ ဒူဘိုင်း၊ တောင်ကြီး၊ အင်းလေးခရီးစဉ်)၊ Victory Education Center ( ဘန်ကောက်ခရီးစဉ်၊ စင်္ကာပူခရီးစဉ်၊ ဘာလီခရီးစဉ်၊ ဟောင်ကောင်ခရီးစဉ်၊ မော်လ်ဒိုက်၊ ကိုရီးယားခရီးစဉ်)၊ Giordano Dealer Promotions (ပုဂံခရီးစဉ်)၊ Total Learning Academy Field Trip (ပုဂံခရီးစဉ်၊ မန္တလေးခရီးစဉ်)၊ PISM Field Trip (ပုဂံခရီးစဉ်) ၊ Yangon Directory Staff Fun Trip (ဘန်ကောက်ခရီးစဉ်)၊ Rainbow Bridge Company Limited Dealer Fun Trip (ဂျပန်ခရီးစဉ်၊ ဘန်ကောက်ခရီးစဉ်)၊ PMG (ဘန်ကောက်ခရီးစဉ်၊ ပုဂံခရီးစဉ်)၊ Icon Myanmar (မန္တလေး၊ပြင်ဦးလွင်ခရီးစဉ်)၊ Lucky Time Trading Co., Ltd (ဂျပန်ခရီးစဉ်)၊ တို့ပါဝင်ပြီးကုမ္ပဏီမှ စီစဉ်သော ခရီးစဉ်ပေါင်းများစွားကိုလည်း တစ်ဦးချင်းလိုက်ပါသည့် ဧည့်သည်တော်များစွာကို အောင်မြင်စွာ ပို့ဆောင်ခဲ့ပြီး ဖြစ်ပါသည်။


တိုးဒီမြန်မာ၏ ဝန်ဆောင်မှုများကို အစဉ်သဖြင့် ကောင်းသည်ထက် ပိုကောင်းအောင် ကြိုးစားလျှက်ရှိပြီး ခရီးစဉ်များအတွက် ကုမ္ပဏီမှ တာဝန်ရှိသူများ ကိုယ်တိုင်သွားရောက်လေ့လာပြီးမှ တစ်ဖက်နိုင်ငံမှ မိမိနှင့်အတူ လက်တွဲလုပ်ကိုင်မည့် လုပ်ဖော်ကိုင်ဖက်ကို ရွေးချယ်ပါသည်။ ပြည်တွင်းခရီးစဉ်များအတွက်၊ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မန္တလေးတွင် ရုံးခွဲထားရှိပြီး၊ ပုဂံ နှင့် တောင်ကြီးမြို့များတွင် တာဝန်ခံ မန်နေဂျာများ ထားရှိသည့် အတွက် လမ်းခရီးတွင် ရန်ကုန်မှ ထွက်ရှိသည့် ခရီးစဉ်များအတွက် လိုအပ်သော အစားထိုးဖြည့်ဆည်းမှုများ ပြုလုပ်ပေးနိုင်ခြင်းမှာလည်းတိုးဒီမြန်မာ၏ အားသာချက်တစ်ခုပင်ဖြစ်ပါသည်။


ထို့အပြင် Standard Complaint Procedure ခေါ် စိတ်တိုင်းမကျသောတိုင်ကြားမှုများအတွက် မှုဝါဒပိုင်းဆိုင်ရာ တိကျစွာရပ်တည်မှု၊ ဧည့်သည်တော်များ၏ ခရီးစဉ်စိတ်ကျေနပ်မှု ရှိ/မရှိ ပြန်လည်ဆန်းစစ်ခြင်း၊ ကျေနပ်မှုမရှိခဲ့သောခရီးသွားဧည့်သည်တော်များ၏ အခက်အခဲများကိုစိတ်ကျေနပ်မှု ရသည်ထိ ဖြေရှင်းပေးခြင်းတို့သည် တိုးဒီမြန်မာမှ ပေးအပ်သော ဝန်ဆောင်မှုများအတွက် တာဝန်ယူမှုပင်ဖြစ်ပါသည်။


အချုပ်အားဖြင့် ဆိုရသော်၊ တိုးဒီမြန်မာတွင် လုပ်ငန်းကျွမ်းကျင်မှု၊ အတွေ့အကြုံရင့်ကျက်မှု၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သောဗဟုသုတနှံ့စပ်မှု၊ စေတနာနှင့် စိတ်ဓါတ်ခွန်အား ထည့်သွင်းရင်းနှီးနိုင်မှု၊ စိတ်ရှည်သည်းညည်း ခံနိုင်မှုတို့သည် တိုးဒီမြန်မာ၏အဓိက အားသာချက်များဖြစ်ပြီး အချိန်တိုအတွင်း ဧည့်သည်တော်များ၏ အသိအမှတ်ပြုခံရသော ခရီးသွားကုမ္ပဏီ တစ်ခုပင်ဖြစ်ပါသည်။


ဆက်သွယ်ရန်လိပ်စာ

တိုးဒီ နဲ့ GO ပြီ။
အမှတ်(၁၀၉)၊ ပထမထပ်၊ စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 378503, 378127, 250734
Viber : 09779999146, 09779999147
မန္တလေးရုံးခွဲ - စံပယ်ဆောင် အခန်း(၁)၊ ၂၃ x ၂၄ ကြား, ၈၈ x ၈၉ ကြား,
မန္တလေး ဖုန်း - 02-31137